မူဆယ် မှ မန္တလေး ၅ ညအိပ်ခရီး အကြမ်းဖက်သောင်းကျန်းသူ ဂိတ်များကို ဆက်ကြေးပေးပြီး ဖြတ်သန်းခဲ့ရ


မူဆယ်ကနေ မန္တလေးကို ပြန်လာတဲ့ ခရီးသွားပြည်သူတစ်ဦးက လမ်းခရီးမှာ ကြုံတွေ့ခဲ့ရတဲ့ အခြေအနေကို ပြောပြပါတယ်။
သူကြုံတွေ့ခဲ့ရတဲ့ အခြေအနေက "ကျွန်တော်မူဆယ်ကနေ မန္တလေး ရောက်ဖို့ ငါးညအိပ်ခြောက်ရက် ကြာခဲ့ပါတယ်။ လမ်းမှာ အန်စာတုံးတစ်စီးကို ၂သိန်းကျပ် TNLA ကို ဆက်ကြေးပေးရပါတယ်။ နမ္မတူ မရောက်ခင် ကြားမှာ TNLA ဂိတ် KIA, PDF စတဲ့ ယူနီဖောင်းတွေနဲ့ စစ်ဆေးရေးဂိတ် ၃၇ဂိတ် ဖြတ်ခဲ့ရပြီး စစ်ဆေးရေး ဂိတ်တိုင်းမှာ တစ်ဂိတ်ကို အနည်းဆုံး ၂သောင်းပေးရပါတယ်။" လို့ ပြောပါတယ်။
တပ်မတော်စစ်ဆေးရေးဂိတ်များမှာ စနစ်တကျ စစ်ဆေးဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိပြီး ငွေကြေးတောင်းခံခြင်း မရှိကြောင်း ဖြည့်စွက် ပြောဆိုသွားပါတယ်။
မြင်တွေ့ရတဲ့ ကားတန်းကြီးကတော့ TNLA အကြမ်းဖက်သောင်းကျန်းသူများက လမ်းပိတ်ထားလို့ တန်းစီးစောင့်စိုင်းနေရတဲ့ ကားတန်းကြီး ဖြစ်ပါတယ်။ လမ်းခရီးတလျောက်မှာ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ပေါင်းများစွာကို ရင်ဆိုင်ပြီး အသက်ဘေးအန္တရာယ်ကြားမှာ ခရီးသွားလာနေကြရတဲ့ ပြည်သူတွေရင်ဆိုင်နေရတဲ့ အခြေအနေဖြစ်ပါတယ်...

Post a Comment

Previous Post Next Post