မြန်မာ့တပ်မတော်နဲ့ အပစ်ရပ်ထားကြောင်း၎င်းတို့ကိုထောက်ခံသူများမသိအောင်ညီနောင်မဟာမိတ်သုံးဖွဲ့က ဖုံးကွယ်ထား


တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ပြင်းထန်နေတဲ့ တိုက်ပွဲတွေကို နှစ်ဘက်အပြန်အလှန် အပစ်အခတ်ရဲစဲရေးအတွက် မြန်မာ့တပ်မတော်နဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။


တရုတ်နိုင်ငံရဲ့  ကြားဝင်ညှိနှိုင်းမှုကြောင့် မြန်မာ့တပ်မတော်နဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့တို့ဟာ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်မြို့မှာ ဒီဇင်ဘာ ၁၁ ရက်နေ့က အပစ်အခတ်ရပ်စဲရေးအတွက် ငြိမ်းချမ်းရေးစကားဝိုင်း တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။


မြန်မာ့တပ်မတော်နဲ့ MNDAA၊ TNLA၊ AA အဖွဲ့တို့ဟာ အပစ်အခတ်ရပ်စဲရေး တွေ့ဆုံခဲ့ကြပြီး ငြိမ်းချမ်းရေးအတွက် အချက်အလက်အများအပြားကို သဘောတူညီမှုတွေ ရရှိခဲ့တာဖြစ်ပြီး ဆက်လက်ပြီး တွေ့ဆုံကြဖို့ သဘောတူညီတွေ ရခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရသူ သူ့ရဲ့ လူမှုကွန်ယက်မျက်နှာမှာ အတိအလင်းရေးသားထားပါတယ်။


ယမန်နေ့ ဒီဇင်ဘာ ၁၄ ရက်နေ့က တရုတ်နိုင်ငံ ပေကျင်းမြို့မှာ ပြုလုပ်တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပုံမှန်သတင်းစာရှင်း လင်းပွဲအတွင်း တရုတ်နိုင်ငံခြားရေးဌာနပြောရေးဆိုခွင့်ရှိသူက ပြောဆိုလိုက်တာဖြစ်ပါတယ်။


ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့မှုကြောင့် လက်ရှိ ရှမ်းမြောက်ဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ သိသိသာသာလျော့နည်းလာပြီး တရုတ်-မြန်မာနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် အထောက်အကူပြုခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။


“ဒီဆွေးနွေးပွဲမှာ တိုးတက်မှုရှိတယ်။ နောက်ထပ် ဆွေးနွေးပွဲတွေကို ဒီလကလောက်မှာ ကျင်းပဖို့ စီစဉ်ထားပါတယ်” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ဆွေးနွေးပွဲရလဒ်အပေါ်မှာ အခုလို ထုတ်ပြန်ပြောဆိုထားတာပါ။

ညီနောင်မဟာမိတ်သုံးဖွဲ့ဟာ မြန်မာတပ်မတော်နဲ့  အပစ်အခတ်ရပ်စဲဖို့ သဘောတူညီချက်တွေ ရယူဖို့ တွေ့ဆုံခဲ့တယ်ဆိုတဲ့ သတင်းကြောင့်၎င်းတို့ကိုထောက်ခံနေတဲ့ ပြည်သူတွေ စိုးရိမ်ပူပန်မှုတွေ ရှိခဲ့သလိုထိုသူတွေစိတ်ပျက်သွားမှာစိုးတာကြောင့်အပစ်အခတ်ရဲစဲရေး သဘောတူညီခဲ့ကြောင်းကို ထိန်ချန်ထားပြီး ယနေ့အချိန်ထိ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်တွေမှာ တစ်စုံတစ်ရာအသိပေးထားတာ မတွေ့ရသေးပါဘူး၊


ဒါ့အပြင် အဆိုပါတွေ့ဆုံဆွေးနွေးပွဲကို ညီနောင်မဟာမိတ်သုံးဖွဲ့လုံး တက်ရောက်ဆွေးနွေးခဲ့ကြတယ်လို့ တရုတ်အစိုးရနဲ့ နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းတို့က အတိအလင်း ပြောဆိုထားကြပေမယ့်  MNDAA တစ်ဖွဲ့သာ တက်ရောက်ဆွေးနွေးခဲ့တာဖြစ်ပြီး TNLA နဲ့ AA တို့ တက်ရောက်ခဲ့တာကိုတော့ဖုံးကွယ်ထားပါတယ်။

“ကလေးအကွက်တွေပါ။ သူတို့အဖေ တရုတ်ကြီးက ကြားဝင်ညှိနှိုင်းပေးမယ်။ အပစ်အခတ်ရဲစဲရေး သဘောတူဖို့ ပြောမယ်။ အချက်တွေအကုန်လုံးကို သဘောတူခဲ့တယ်။ ဒါပေမယ့် တစ်ဖက်မှာက သူတို့ကို ထောက်ခံနေတဲ့ ပြည်သူတွေက တပ်မတော်နဲ့ တွေ့လို့ စိုးရိမ်မှုတွေရှိနေကြတယ်။ ပြည်သူတွေ သူတို့ကို ထောက်ခံမှု မြင့်နေချိန်မှာ သူတို့ဘက်က အပစ်အခတ်ရပ်လိုက်တာဆိုတော့ ထောက်ခံမှုအားက လျော့သွားမယ်။ ဒါကရှင်းတယ်လေ။ ဒါကြောင့် သူတို့ လက်ခံထားပါတယ်ဆိုတာကို ပြည်သူတွေကို အသိမပေးဘဲ ထိန်ချန်ထားတဲ့ သဘောပဲ”လို့ ရှမ်းမြောက်တိုက်ပွဲတွေအကြောင်း လေ့လာသုံးသပ်နေသူတစ်ဦးက Myanmar Hard Talk ကို ပြောပါတယ်။


နှစ်ဖက်အပြန်အလှန် အပစ်အခတ်ရပ်စဲရေး သတဘောတူညီမှုတွေ ရထားတာကြောင် တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ ရှမ်းမြောက်ဒေသက စစ်ပွဲတွေဟာ လက်ရှိအချိန်မှာ ငြိမ်သက်နေတယ်လို့သိရကြောင်းတင်ပြလိုက်ရပါတယ်။

#mhtwews

Post a Comment

Previous Post Next Post