မြဝတီမြို့အနီးမှ အွန်လိုင်းလောင်းကစားမှုများနှင့် ငွေကြေး လိမ်လည်မှုများကို နှစ်နိုင်ငံပူးပေါင်းနှိမ်နှင်းမည်


ထိုင်း - မြန်မာ နယ်စပ် မြဝတီမြို့အနီး၌ အွန်လိုင်းလောင်းကစားမှုနှင့် ငွေကြေးလိမ်လည်မှုများကို နှစ်နိုင်ငံပူးပေါင်းတိုက်ဖျက်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ နစက ဥက္ကဋ္ဌနှင့် ထိုင်းဘုရင့်တပ်မတော် ပူးပေါင်းစစ်ဆင်ရေးညွှန်ကြားရေးမှူးတို့ ဆွေးနွေး‌ခဲ့ကြကြောင်းသိရသည်။
နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်းဘုရင့်တပ်မတော်၊ ပူးပေါင်းစစ်ဆင်ရေးညွှန်ကြားရေးမှူး Lieutenant General Jakka pong Janpengpen ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ဒီဇင်ဘာ(၂၇)ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်သည် ။

Post a Comment

Previous Post Next Post