မုန်းမြို့ ခမရ ၅၉၉ ဘာလို့ အသိမ်းပိုက်မခံခဲ့ရလဲ ဘယ်သူတွေ ခံချခဲ့သလဲ နဲ့ စစ်ကူသွားတဲ့ စစ်ကြောင်းက ဘာကြောင့် လက်နက်ချခဲ့ရသလဲ????


မုန်းဒေသကို KNU PDFက သိမ်းပိုက်ဖို့ကြိုးစားခဲ့ပေမဲ့ ခမရ ၅၉၉ နောက်တန်းရှိ ရဲမေတွေနဲ့ သားသမီးများရဲ့ ရွတ်ရွတ်ချွံချွံ ခုခံတိုက်ခိုက်နိုင်ခဲ့မှုကြောင့်
KNU PDF တွေအနေနဲ့ လုံးဝ သိမ်းပိုက်လို့ မရခဲ့ပါဘူး ဒါဟာ လိမ်ညာလို့ မရတဲ့ သတင်းအမှန်နဲ့ ၅၉၉ တပ်က ရဲမေ+ မှီခိုကလေးငယ်များရဲ့ စွမ်းဆောင်မှု သမိုင်းပါပဲ

KNU PDF တွေက ၅၉၉ တပ်ကို ဒရုံးတွေလွှတ်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ၅၉၉ တပ်တွင်းမှာ ခြေလျင်တပ်ရင်း တစ်ရင်းလဲ ရှိနေခဲ့တယ်လို့ သိရပါတယ်။ သို့ပေမဲ့ ရဲမေတွေနဲ့ မှီခိုသူသားသမီးတွေဟာ ငါမသေ ငါ့တပ်မကျစေရဆိုတဲ့ ရဲရဲတောက်စိတ်ဓာတ်နဲ့ တိုက်ခိုက်ပစ်ခတ်ခဲ့ပါတာကြောင့် KNU PDF တွေဟာ တပ်ရှေ့ တုံးတောရွာအထိသာ ထိန်းချုပ်နိုင်ခဲ့ပြီး တပ်တွင်းထိ မပြောနဲ့ တပ်ခြံစည်းရိုးတောင် ကပ်လို့ မရနိုင်ခဲ့ပါဘူး ။

ဒါကိုသိတဲ့ KNU PDF တွေဟာ တပ်ရှေ့ တုံးတောရွာထဲမှာ နေကြတဲ့ စစ်တပ်မိသားစုဝင်များကို ဓားစာခံအဖြစ် ဖမ်းဆီးပြီး အကြပ်ကိုင်ပါတော့တယ်။ ခမရ ၅၉၉ တပ်ဖွဲ့မှာ ကျန်ခဲ့တဲ့ ရုံးအဖွဲ့နဲ့ ရဲမေတွေက တုံးတောရွာနားထိ ကပ်ပြီး ဓားစာခံတွေကို ကယ်တင်နိုင်ဖို့ သွားရောက်ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။
မ၅၉၉ တပ်ကြပ်ကြီးတစ်ဦးရဲ့ ဇနီးကျဆုံးသွားခဲ့ပါတယ်။
ဒါဟာ သူရဲကောင်းစိတ်ဓာတ်နဲ့ ကျဆုံးခဲ့ခြင်းဖြစ်သလို
၅၉၉ ခြေမြန်တပ်တစ်ခုလုံး မကျစေရေး ရဲရဲတောက်ခုခံတိုက်ခိုက်ခဲ့တဲ့ တပ်နောက်ချန်အင်အား အပြင် ရဲမေတွေ မှီခိုသူသားသမီးတွေရဲ့ သတ္တိပြောင်မြောက်စွာ ခုခံတွန်းလှန်နိုင်ခဲ့တာကြောင့်လဲဖြစ်ပါတယ်။

ခမရ (၅၉၀) တပ်ကို သူပုန်တွေ ဝင်စီးနိုင်ခဲ့ပြီး ခဲယမ်းတွေယူဆောင် ဓာတ်ပုံရိုက်နိုင်ခဲ့ပေမဲ့ ၅၉၉ ကိုတော့ ကပ်လို့တောင်မရခဲ့တာ PDF တွေ ကောင်းကောင်းသိခဲ့ပါတယ်။

ဒါပေမဲ့ တပ်တွင်းမှာ ရှိနေတဲ့ ခြေလျင်တပ်နဲ့ စစ်ကူရောက်လာတဲ့ ၈၄ တပ်ဖွဲ့တွေဟာ PDF တွေ ရှိနေတဲ့ တပ်ရှေ့ တုံးတောရွာကို စစ်ဗျူဟာအရ ရှင်းလင်းဆောင်ရွက်ခြင်း မြေပြင်စိုးမိုးထားခြင်း ပြုလုပ်ရန်လိုအပ်ချက်ရှိခဲ့ပါတယ်။

ဒါ့ကြောင့် ၅၉၀ ကနေ ကယ်ထုတ်လာတဲ့ ဗိုလ်မှူး ကျော်လတ်ခိုင် နဲ့ တပ်ဖွဲ့အပြင် ၅၉၀ ရဲမေတွေဟာ ၅၉၉ ထံ ပေါင်းစည်းဖို့ ကြိုးစားခဲ့ပေမဲ့ ၅၉၉ နဲ့ ၅၉၀ ကြား သတ်ကွင်းပြောင်ကြီးထဲမှာ အသင့်စောင့်နေတဲ့ KNU PDF တွေရဲ့  စိတ်တိုင်းကျ နှစ်ဖက်ညှပ်ပစ်ခတ်မှုကို ခံရပြီး ကျည်ကုန်သလို ပါလာတဲ့ ရဲမေတွေကို ငဲ့ညှာခဲ့တာကြောင့် လက်နက်မချသင့်ပဲ လက်နက်ချခဲ့ရပါတယ်

မုန်းမြို့တိုက်ပွဲအတွင်း စစ်တပ်က စစ်သုံ့ပန်း ၁၉ ဦးအပြင် ၅၉၀ မိသားစုဝင် ၄၂ ကို သုံ့ပန်းဥပေဒေအရ ထိန်းသိမ်းထားတယ်လို့ KNU PDF က ကြေညာချက်ထုတ်ခဲ့ပါတယ်။

မုန်းမြို့တိုက်ပွဲမှာ ရွတ်ရွတ်ချွံချွံ ခုခံတိုက်ခိုက်ရင်း မိမိတပ်ရင်း မကျစေရေး ဂုဏ်သိက္ခာမထိခိုက်စေရေး အသက်ပေးကာကွယ်ခဲ့တဲ့ ခမရ(၅၉၉) တပ်မိသားစုတွေကို တောင်ပိုင်းတိုင်းစစ်ဌာနချုပ်အပြင် နိုင်ငံတော်နဲ့ တပ်မတော်က ချီးမြှောက်ဖို့လိုအပ်သလို ခမရ(၅၉၉)မှ ကျဆုံးသွားတဲ့ ရဲမေနဲ့ မိသားစုဝင်တွေအတွက်လဲ ကောင်းမွန်စွာ အသိအမှတ်ပြု ထောက်ပံ့ချီးမြှင့်ဖို လိုအပ်နေပါတယ်။

ခမရ(၅၉၀) အပြင် ခမရ (၅၉၉)က အရှင်ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ စစ်သည်မိသားစုဝင်တွေ ကယ်ဆယ်နိုင်ရေး အထူးစစ်ဆင်ရေးတစ်ရပ်သဖွယ် ဆောင်ရွက်ဖို့ လိုအပ်ပါလိမ့်မယ်။

Post a Comment

Previous Post Next Post