မြို့ဖျက်ဗျူဟာ


PDFသူပုန်တွေ မြို့နားကပ်ပြီး
ဆိုရင် သူတို့မြို့ပျက်တော့မယ်ဆိုတာ
မြို့နေ ပြည်သူ လူထုက သိနေကြပြီ။
မြို့အပျက်မခံချင်တော့
PDF တွေနဲ့ လူမျိုးစု အမည်ခံအကြမ်း
ဖက်သူပုန်တွေ ဘယ်နားရောက်နေပြီ
လို့ တပ်ကို သတင်းပေးတတ်ကြတယ်။

သတင်းရပြီဆိုတာနဲ့
တပ်ကလည်း ရန်သူရောက်နေတဲ့
နေရာကို အမြောက်တွေနဲ့ ပစ်ကာ
မြေပြင်တပ်တွေနဲ့အတူ
ဟန်ချက်ညီစွာ ကြိုတင်လက်ဦးမှု ယူ
ချေမှူန်းလိုက်နိုင်ပြီ ဆိုရင်တော့ အဲဒီ
မြို့ကလေး ရဲ့ ကံကြမ္မာက ချမ်းသာရာ
ရသွားတယ်။ဒေသ ခံ ပြည်သူလူထု ကလည်း
စစ်ဘေးရှောင်ဘဝ ကရော မြို့ပျက်
ရမဲ့ အရေးမှ လည်း ကြိုတင်ကာကွယ်
နိုင်ခဲ့လို့ သူတို့ အသက်ကို ကောင်းကောင်း
ရှူနိုင်တော့တယ်။

ဒါက ဒီကာလ ဖြစ်နေကြ
နယ်စပ်မြို့လေး တွေရဲ့ ကံကြမ္မာ။
အချို့လည်း နည်းနည်း အတွင်း
ကျတဲ့ မြို့တွေတောင် ပါသေးတယ်။

အချို့မြို့တွေက ကြိုတင်လက်ဦးမှု ရလို့
သူပုန်တွေကို ချေမှူန်းနိုင်ခဲ့တာ ရှိသလို
အကြောင်းအမျိုးကြောင့် လွတ်သွားရတဲ့
မြို့ငယ်လေးတွေ လည်းရှိရှာတယ်။
တပ် က သတင်းမရလို့ ၊ သတင်းရတာ
နောက်ကျလို့ အချိန်မီ မကယ်နိုင်ခဲ့တဲ့
မြို့လေးတွေရဲ့ ကံကြမ္မာကတော့
သနားစရာပေါ့။မြို့ လည်း ပျက်ရသလို
ပြည်သူတွေ လည်း သေကြေရ ၊ စစ်ဘေး
ရှောင်ရနဲ့ ဒုက္ခ ပင်လယ်ဝေလိုပေါ့။

ဒီနေရာမှာ ရန်သူသူပုန်ဘက်ကနေ စင်းစား
ကြည့်ကြမယ်။မြို့ကို သိမ်းလို့ ရတယ်ပဲ
ထားအုံး။ မြို့ ကို ထိန်းဖို့ က ဖြစ်နိုင်ပါ့မလား။
သူပုန် မှာ မြိုကို ထိန်းချုပ် ကာကွယ်နိုင်တဲ့
လေကြောင်း ကာကွယ်ရေးစနစ် ရှိပြီလား။
အချိန်တန်ရင်တော့ ရန်သူရှိတဲ့ မြို့တွေကို
ဗုံးကျဲချရမှာ အမြှောက်တွေ ဒရုန်းတွေနဲ့
ကျဲချတိုက်ခိုက် ရမှာ က အစိုးရ
တပ်တွေရဲ့ အလုပ်ပဲ။

ဒါကြောင့် မြို့ကို မထိန်းနိုင်ဘဲ မြို့ကို
တိုက်တယ် ဆိုတာ မြို့ဖျက်ဗျူဟာ လို့
ခေါ်ပါတယ်။ဘာကြောင့် မြို့ဖျက်ဗျူဟာ
ကျင့်သုံးရသလဲ မေးရင်တော့ ပြောင်းလဲ
လာတဲ့ ပဥ္စမမျိုးဆက် စစ်နည်းဗျူဟာ
ခေါ်ကြတယ်။၂၁ ရာစု မှာ ပေါ်ပေါက်လာ
တာတွေ့ရတယ်။

စိတ်ခံစားမှုနောက်လိုက်ပြီး မြို့ပျက်လည်း
ဘာထူးလဲ။ပြည်သူတွေ ဒုက္ခရောက်လည်း
ဘာဖြစ်လဲ ၊ ငါတို့လည်း ဒုက္ခရောက်နေ ၊
ဘဝ ပျက်နေတာပဲ။သူတို့ က မြို့ပေါ်မှာနေပြီး
ကောင်းကောင်းစား ၊ ကောင်းကောင်းအိပ်
၊ ကောင်းကောင်းပညာ သင်ကြား နေကြတာ၊
သူတို့ လည်း ငါတို့လို ဘဝတွေ ပျက်ရမယ်။
ဒုက္ခတွေ ရောက်ရမယ်။ဒါကြောင့် ငါတို့
မြို့ဖျက်ဗျူဟာ  ကျင့်သုံးမှ သူတို့ နဲ့
ငါတို့ လူတန်းစား တူသွားမယ်။ဒါက
ဒီကာလ PDF အပါအဝင် မြန်မာပြည်က
လူမျိုးစု သူပုန် တိုင်းရဲ့ ခံယူချက် ၊ ခံစား
ချက်ပဲ။

ဘာနဲ့ အလားသဏ္ဍန် တူသလဲ ဆိုတော့
တစ်ချိန်က ကွန်မြူနစ် တွေ လူတန်းစာ
ညှိမယ် ဆိုပြီး ရွာမှာ ရှိတဲ့ အိမ်ကြီး အိမ်
ကောင်းတွေ မလိုချင်ဘူး။အကုန်မီးရှို့ပစ်
လိုက် ၊ ပြီး မှ အတူတူ တဲထိုးနေကြမယ်၊
တဲထိုးနေရမယ် ဆိုတဲ့ စရိုက်မျိုးနဲ့ တူနေ
တယ်။

ဒါက မြန်မာပြည်က သူပုန်တွေမှာ တော့
မဟုတ်ဘူး။ဆီရီးယား ယီမင် ဆိုမာလီယာ
သူပုန်တွေ လည်း ဒီအတိုင်းပါပဲ။စစ်ပညာ
ရှုထောင့် ကနေ သူတို့ကို ( Non State
Actor ) လို့ ခေါ်ကြတယ်။

၂၁ ရာစု ရဲ့ ထူးခြားသူပုန်တွေ ဆိုပါတော့။
နိုင်ငံရေး ရည်မှန်းချက်မရှိတော့ဘဲ
စိတ်ခံစားမှု နောက်လိုက်ပြီး ဖျက်ဆီးနေ
လို့ အမေရိကန် မရိမ်းတပ် ရှိ ဗိုလ်မှူး
ရှာနွန်ဘီ က သူများ ကားစီးနိုင်တာကို
မနာလို ဖြစ်ပြီး လူအလစ် မှာ ကားဘီးထိုး
ဖောက်ပစ်တာ ဟာ ဒီကနေ့ ပဥ္စမမျိုးဆက်
စစ်နည်းဗျူဟာပဲတဲ့။စစ်ပွဲအောင်မြင်မှူ
ရည်မှန်းချက် က လူတွေ ဟာ သူတို့လို
ပျက်စီးပြီး ဒုက္ခရောက်နေဖို့ပါပဲတဲ့။

ဒါကြောင့် လည်း ၂၀ ရာစု မှာ  သိပ်
မတွင်ကျယ်ခဲ့တဲ့ Failed State ဆိုတဲ့
စကားရပ် ဟာ ၂၁ ရာစု မှာ နေရာယူလာ
ခဲ့တာလို့ စစ်ပညာရှင်တွေက ထောက်ပြ
ကြပါတယ်။

စစ်ပွဲမျိုးဆက်တွေနဲ့ ပတ်သက်ပြီး
ဥစတတတ်ခဲ့တဲ့ ကျွန်တော့်
တပ်ရင်းမှူးတစ်ယောက်အတွက်
ရော NDC ဗိုလ်မှူးကြီးတစ်ယောက်
အတွက် ပါ ကူညီပြီး စာတမ်း
ပြုစုပေးခဲ့ဖူးပါတယ်။ကိုယ်တိုင်လည်း
စာအုပ် တစ်အုပ် ထုတ်ဖို့ လုပ်နေရင်းနဲ့
အကြောင်းအမျိုးမျိုးကြောင့် မထုတ်
ဖြစ်ခဲ့ပါဘူး။

ထားပါတော့။

အဓိက ပြောချင်တာ သူပုန်တွေ ကျင့်သုံး
တဲ့ မြို့ဖျက်ဗျူဟာ ကို ပြည်သူတွေကို
သိစေချင်တယ်။သိပြီးရင် ကိုယ့်မြို့
မပျက်အောင် ထိန်းနိုင်ဖို့လိုတယ်။ဒါကြောင့်
သူပုန်တွေ  ကိုယ့်မြို့ ကို ကပ်ပြီး ဆိုတာနဲ့
သက်ဆိုင်ရာကို  အချိန်မီ သတင်းပေးဖို့
လိုအပ်တယ် ။ဒါ မှ ကိုယ့်မြို့ကို အချိန်မီ
ကယ်နိုင်မှာပါ။

စစ်ပွဲတွေ ဆိုတာ ဘောလုံးပွဲတွေ လို
မဟုတ်ပါဘူး။

အိမ်ရှင်က အမြဲပဲ ရှူံးပါတယ်။

ပုံတွေကတော့ စစ်ကြောင့်ပျက်စီးသွားတဲ့ ဒီမော့ဆိုမြို့

Crd:အောင်နိုင်သူ(ဇွဲကပင်)(9.12.23)

Post a Comment

Previous Post Next Post