နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်) ပြန်လည် လည်ပတ်နိုင်ရေးဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး


နေပြည်တော်၊ ဒီဇင်ဘာလ - ၁၇ ရက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့မွန်းလွဲပိုင်းတွင် ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူ များလိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်ရှိ စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ ရေနံဓာတုဗေဒလုပ်ငန်း၊ အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်) ပြန်လည် လည်ပတ်နိုင် ရေး ဆောင်ရွက် နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့နောက် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးနှင့် မြန်မာ့ရေနံ ဓာတုဗေဒလုပ်ငန်း ညွှန်ကြားရေးမှူး ချုပ်တို့က စက်ရုံသမိုင်း အကျဉ်း၊ စက်ရုံဆိုင်ရာ အချက်အလက်များနှင့် ဆက်စပ်လုပ်ငန်းများ၊ စက်ရုံလည် ပတ်ခဲ့မှု နှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများ၊ စွမ်းအင်ကဏ္ဍတွင် ထူထောင်ထားပြီး ဖြစ်သည့် အရင်းအမြစ်များကို အခြေခံ၍ နိုင်ငံတော်၏ စွမ်းအင်ဖူလုံစေရေးအတွက် ဆောင် ရွက်နေမှုအစီအမံများ၊ နိုင်ငံအတွင်းရှိ ရေနံချက်စက်ရုံများမှ ရေနံထုတ်လုပ်နိုင်မှု၊ထုတ်လုပ်နေမှုနှင့် အဆင့်မြှင့် တင်ပြုပြင်မွမ်းမံနိုင်မှု အခြေအနေများ၊ ကုန်ကြမ်းရရှိနိုင်မှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က စက်ရုံပြန်လည် လည်ပတ်နိုင်ရေးအတွက် ဆောင်ရွက်သွားရန်လိုအပ်သည့် လုပ်ငန်းစဉ်များနှင့် အခြားဖြည့်ဆည်းပေးရန်လိုအပ်သည်များကို မေးမြန်းဆွေး နွေးပြီး ပြည်တွင်းစွမ်းအင်လိုအပ်ချက်အတွက် ပြည်ပမှ တင်သွင်းပါကကုန်ကျမည့် ကုန်ကျစရိတ် နှင့် ပြည်တွင်း ရှိ စက်ရုံများကို စွမ်းအားပြည့် ပြန်လည်လည်ပတ်ပြီး ပြည်တွင်းစွမ်းအင် လိုအပ်ချက်ကို ထုတ်လုပ်ပါက ကုန်ကျ နိုင်မည့် ကုန်ကျစရိတ်တို့ကို တွက်ချက်စဉ်းစား ဆောင်ရွက်သွားရန်လိုကြောင်း၊ အမှတ်(၁)ရေနံချက်စက် ရုံ (သန်လျင်)ကို မူလအခြေအနေ အတိုင်း ပြန်လည် လည်ပတ်ထုတ်လုပ်နိုင်ရေးကို ကနဦးဆောင်ရွက်သွား ရန် လိုပြီး နောက်ပိုင်း အဆင့်မြှင့်တင်နိုင်မည့် အခြေအနေများကို ဆက်လက်ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ ပြည် တွင်း စွမ်းအင်လိုအပ်ချက်ကို အထောက်အကူပြုပေးနိုင်မည်ဖြစ်ပြီး အကျိုး ရှိသည့် လုပ်ငန်းတစ်ခုဖြစ်သည့် အတွက် အမြန်ဆုံးအောင်မြင်အောင် အကောင်အထည် ဖော်ဆောင်ရွက်သွားရန်လိုကြောင်းဖြင့် မှာကြားခဲ့ ကြောင်း သိရသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အမှတ်(၁) ရေနံချက်စက်ရုံ(သန်လျင်)၊ စက်ရုံဝန်းအတွင်းရှိ ရေနံချက် စက်ရုံ(ခ)၊ ချောဆီစက်ရုံ၊ ရေနံဓာတ်ငွေ့ရည် သိုလှောင်ကန်တို့အား လိုက်လံကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရေနံချက်စက်ရုံများအား အမြန်ဆုံး ပြန်လည် လည်ပတ် နိုင်ရေးကြိုးပမ်းဆောင်ရွက်၍ ပြည်တွင်း စက်သုံးဆီ လိုအပ်ချက်အားတစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်ရန် မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းနှင့်အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်)မှ ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

https://t.me/DTMT69

Post a Comment

Previous Post Next Post