လွိုင်ကော်ထောင်မှ သူရဲကောင်းများ


တခြားနေ့တွေထက် ပြင်းထန်ပြီး  တစ်လကျော်အတွင်း  အပြင်းထန်ဆုံးပွဲသိမ်းတိုက်ရန် ရန်သူ့စီမံချက်၊ တကယ့်ကို  လေးစားစရာ ဂုဏ်ယူစရာကောင်းတဲ့ သူရဲကောင်းတွေကို မနေ့က မျက်ဝါးထင်ထင် တွေ့ရှိကြားသိလိုက်ရပါတယ်။
-
ထောင်အုတ်တံတိုင်းအားလုံးကို  RPG  ၁၅ လက် တစ်ပြိုင်နက်ပစ်၊ ပြိုကျသွားတာနဲ့  လုံးခနဲ ဝင်လာတဲ့   ရန်သူ့အင်အား ၆၀၀ ကျော်၊    Hand speaker နဲ့ အော်နေတဲ့ လက်နက်ချဖို့ အသံဝင်အောင်အော်နေတဲ့ ကယားသူပုန်များ။
-
မ ၄ က စစ်သည်အားလုံး၊ တပ်ရင်းမှူး  ဆိတ်ကြီး ဆုံးဖြတ်ချက်ချလိုက်ပြီး  သူthayကိုယ်thay တိုက်ဖို့    ကျန်ရှိစစ်သည်အားလုံးကို   ရင်ဘတ်ထဲ လက်ပစ်ဗုံး ၂ လုံးဆီထည့်၊  အthayခံချဖို့ အမိန့်ပေးကာ သူကိုယ်တိုင်လဲ  နောက်ဆုံးအချိန်  ရန်သူပါသေလမ်းခေါ်ဖို့  ဖြူးစ်တပ်ပြီးသား လက်ပစ်ဗုံး ၂ လုံး ကို ကျည်ကာအောက်ထဲ ထိုးထဲ့ လိုက်တော့တယ်။
-
ထောင်ဗူးဝကျော် ပေ ၁၅၀ လောက်ထိ အတွင်းထဲဝင်လာတဲ့  သူပုန်များ၊  မ ၄ စစ်သည်များရဲ့    မဆုတ်မနစ်  နေရာမရွေ့ဘဲ    ခံပစ်တဲ့ကျည်အားဒဏ်ကြောင့်  တန့်ပြီး ထောင်ဗူးအပြင် ပေ ၂၀ ထိ ပြန် ဆုတ်သွား ကြတယ်။
-
ခံတိုက်တဲ့ စစ်သည်တွေက နေရမှာတင် ကျည်ဒဏ်ဗလပွနဲ့ အံ့ကြိတ်ကာ အသက်မဲ့ ခန္ဓာသာ.......တကယ့်   သူရဲကောင်းညီလေးတွေ။
-
အဲဒိအချိန် ထောင်ဗူးဝအပေါ်   ဗဟိုကင်းလက်နက်တိုက်ကို   ရာမဆိတ်ကြီး   အကျဉ်းသားတွေထဲက သူ့ တပတ်စဉ်တည်းသူငယ်ချင်း ၂ ယောက်၊ ညီ တစ်ယောက် နဲ့ သူ့စစ်သည် ၁ ဦးကို      သူငယ်ချင်းတို့ ငါ အမိန့် ပေးတယ်၊  မင်းတို့  ထောင်ဗဟိုကင်း ကနေ ဒီကောင်တွေ ဗူးဝ ထပ်မကျော်လာအောင် ပစ်ပေး။  
-
အမိန့်ရပြီး ချက်ချင်းပဲ   ၄၆ က လင်းလင်းနဲ့ ရဲထွန်းနောင်  ၄၈ က အကျဉ်းသားတို့ဟာ    အလောင်းတွေက ကျည်ကာ/ဦးထုတ်တွေ ချွတ်ယူပြီး  ပစ်နေတဲ့ကြားက   ဗဟိုကင်းဆီပြေးတက် ကြပါတော့တယ်။   ဗဟိုကင်းမှာတော့  ကျနေတဲ့စစ်သည်တွေရဲ့ လက်နက်တွေ၊  ကျည်ဆံမျိုးစုံ၊ လက်နက်ငယ်မျိုးစုံနဲ့     ပစ်ပေါက်ကနေ   ဗူးရှေ့ ၁၀ ပေက ထောင်ကိုပြန်တိုက်ဖို့ ကပ်လာတဲ့ရန်သူကို ဆက်တိုက် အားရပါးရပစ်ကြပါတော့တယ်။ လနငမျိုးစုံနဲ့ ပစ်နေတဲ့အတွက် ၄ ဦးပဲရှိတာကို သူပုန်က  အင်အား အများကြီးရှိတယ်ထင်ပြီး နောက် ၁၀ ပေခန့် ထပ်ဆုတ်ကာ  RPG အလက်များစွာနဲ့ ထောင်ဗဟိုကင်းကို ပစ်ပါတော့တယ်။  တစ်လုံးက အကျဉ်းသား ဗိုလ်မှူးဟောင်း ရဲထွန်းနောင်၊  လင်းလင်းနဲ့ မ ၄ က စစ်သည်ကြား ကျရောက်ပေါက်ကွဲပြီး စစ်သည်ကျဆုံးခဲ့ပါတယ်။ အကျဉ်းသား အရာရှိဟောင်းတွေလည်း ဒဏ်ရာကိုယ်စီ၊     ဒါပေသိ  လုံးဝမဆုတ်ဘဲ  ဆက်တိုက်ပစ်လိုက် သူပုန်က ပြန်လုံးလိုက်နဲ့ပေါ့။
-
တပ်ရင်းမှူး ဆိတ်ကြီး ဟာ RPG ဒဏ်၊ ဒရော့ဗုံး  ဘေးကျတဲ့အရှိန် ခုန်ဆင်းပြေးတက်နဲ့    ဒဏ်ရာတချို့ ရထားပေမယ့်  လုံးဝဆုတ်ဖို့ စဉ်းစားထားသူမဟုတ်ပါ။ ရှိတဲ့လက်ကျန်စစ်သည်နဲ့ ခုခံရင်း နောက်ဆုံးအချိန်အတွက် ပြင်ဆင်ရင်း    သူနဲ့သူ့အိုင်အို နေရာယူ၊ ပစ်ခတ်နေတဲ့နေရာမှာ အသေခံဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။  သူတစ်လကျော်   ခံတိုက်နေတာ  အချည်းအနှီး အဖြစ်မခံတော့ပါ။  ရန်သူကိုပါ သေလမ်း တစ်ပါးတည်းခေါ်ဖို့ ဆုံးဖြတ်လိုက်တော့သည်။
-
ကယားသူပုန်တွေရဲ့    ထောင်ကိုမရသေးလို့ အပြစ်တင်သံ၊ အချင်းချင်းပြန်ဆဲသံတွေ စက်ထဲက ကြားနေရပါတယ်။ မင်းကိုယ်တိုင်လာလုပ်ပါ့လား ၆၀၀ မှာ ၂၀၀ ကျော် ကျသွားပြီ၊ အထဲကကောင်တွေ  လက်နက်မချဘူး၊  ခံပစ်နေတယ်၊ မယုံရင် မင်းလာကြည့်   ဆိုတဲ့   သူတို့ ခေါင်းဆောင်ကို  ပြန်ဆဲသံတွေ။
-
၁၆၀၀ မှာ ပစ်အား အင်အားအလုံးအရင်းနဲ့  ဒုအကြိမ် ပြန်လုံးပါပြီ။   ထောင်လေးဘက်လေးတန်       ရာမ ဆိတ်ကြီးကလဲ စစ်သည်တွေ ပစ်ခတ်နေတဲ့နေရာထိ  ကျားသစ်ချောင်းဖြင့် သွားအားပေးပြီး    ညွှန်ကြား၊  သူ့သွားနေတဲ့ဘေးမှာလဲ သူပုန်ရဲ့ စနိုက်ပါကျည်  ထောက်တာတွေ၊ တရုတ်မ စက်လက်ရဲ့ကျည်ထောက် ပြန်တွေ တရွှီ ရွှီ  နဲ့။
-
နောင်ဆုံး ကျတော့ သူတို့လဲ အသေခံ ရတော့မယ်လို့ ဖြစ်သွားတဲ့အချိန်     ၁၆၃၀ မှာ     မ ၁၀၈ နဲ့ မ ၁၀ တပ်ရင်း၂ရင်းရဲ့    ညာသံပေး  ကျားထိုးသံနဲ့ အတူ  တပ်မတော်ကွ၊   တပ် ၆၆ ကွလို့ အော်ပြီး ပစ်ရင်း ပြေးတက်လာတဲ့         အသံတွေ   ...... စစ်ကူတွေ    စစ်ကူတပ်တွေ        အချိန်မှီလေး  မှီတယ်ဆိုရုံလေး .. လက်မတင်လေး။
-
ဟေးခနဲ အော်ကာ အားတက်သွားတဲ့ မ ၄ က  သူရဲကောင်းတွေ     နေရာယူထားတဲ့နေရာကနေ ထပြီး   ရင်ဘောင်တန်း ထွက်ပစ်တော့တာပဲ။     ဘယ်လောက်တောင် အားရှိသွားလဲ။
-
သွေးပျက် ဆုတ်ခွာ ကိုယ့်အလောင်းကိုယ် ပြန်ဆွဲကာ  ဆုတ်ခွာပြေးသွားကြတဲ့  ကယားသူပုန်တွေ.....
-
အမိမြေအတွက်၊ တပ်မတော်အတွက်၊ Never Surrender စိတ်ဓာတ်အတွက် .. လက်တင်အလေးပြု လိုက်ပါတယ်။
-
တကယ့် သမိုင်းဝင်မယ့် တိုက်ပွဲ၊ ကျဆုံးလို့  ထောင်တွင်းမှာ   မြေမြှပ်ခဲ့ရတဲ့ စစ်သည် အလောင်းတွေတော့   သူရဲကောင်းဗိမ္မာန်ကို      ပြန်ရောက်စေချင်ပါတယ်။

ရေးသားတင်ပြသူ    တပ်သစ္စာခံ မောင်ဖုန်း

Post a Comment

Previous Post Next Post