ဒေါင်ဒေါင်မြည်သတ္တိခဲ… ရဲဗလဘွဲ့စာရင်းဝင် (၉) တန်းကျောင်းသား


ဒီသားလေးက (၉) တန်းကျောင်းသားအရွယ်ပဲ ရှိသေးတယ်။

အဖေက စစ်သားအဖြစ်နဲ့ ရန်သူကိုတွန်းလှန်စဉ်မှာ အမေက အိမ်ထောင်သည်ရဲမေအနေနဲ့ လက်နက်ကိုင်တိုက်ပွဲဝင်တယ်။

အင်အားမမျှတဲ့ ရန်သူကို တွန်းလှန်ကြံ့ကြံ့ခံဖို့ ဒီသားဟာ သေနတ်ဆွဲပြီး မိဘတွေနဲ့အတူ တိုက်ပွဲဝင်တယ်။

ဘန်ကာကို ဒရော့ဗုံးမိုးရွာပြီး အချိုးခံရချိန်မှာ တပ်ရေးဗိုလ်ကြီး ဒရော့ဗုံးမှန်ပြီးကျတယ်၊ ဒီကလေးရဲ့အမေလည်း ကျတယ်။ ဒီသားဟာအားလုံးကို ဆုတ်ခိုင်းပြီး သူက ခံပစ်တယ်။ ရန်သူစီနင်းခံရချိန်မှာ သူ့ကို ဓားနဲ့ ခုတ်ပစ်ခဲ့လို့ လဲကျန်တယ်၊ သေပြီမှတ်ပြီး ရန်သူက ထားခဲ့တယ်၊ သူငယ်ချင်းတွေက နောက်မှာ လာပြန်ဆွဲတော့ သူမသေသေးဘူး… ပြန်ထုတ်လာနိုင်ခဲ့တယ်။

သူ့ရဲ့သူငယ်ချင်း (၅) ယောက်ဟာ ရန်သူ (၄၀) လောက် ရှိနေတဲ့ တပ်ရင်းရိပ်သာနားကို သွားပြီး လက်ပစ်ဗုံးတွေ ပစ်သွင်းခဲ့လို့ ရန်သူတွေ အတုံးအရုံးကျတယ်။ ဒါ ကလေးတွေနော်… သတ္တိတွေကို ကြည့်လိုက်…

အဖေရောအမေရော တိုက်ပွဲကျခဲ့တဲ့ ဒီ မိဘမဲ့ဖြစ်သွားရရှာသူ သားငယ်သတ္တိခဲဟာ နိုင်ငံတော် ရဲဗလ စာရင်းဝင်လာခဲ့တယ်။ အငယ်ဆုံး ဖြစ်မယ်ထင်တာပါပဲ….

ဒီနေ့ သွားရောက်အားပေးခဲ့ကြတယ်။

ကြားရတာ ရာဇဝင်ရိုင်းတဲ့ တချို့ ကြီးကောင်ကြီးမားတွေကို ဒီကလေးလောက် သတ္တိရှိကြစေချင်တယ်…

ဘာသဘောမှတော့မဟုတ်ပါဘူး… တမျိုးလည်း မထင်ပါနဲ့… ကြိုက်သလိုသာ ထင်ကြပါ… 🤨

#AungPaingMin

Post a Comment

Previous Post Next Post