အသက်သွေးကြော

✅✅✅✅✅
🇼🇸🇼🇸🇼🇸
"ရဲဘော်တို့ စစ်တိုက်ကြရာဝယ် လက်နက်ခြင်းတူညီလျှင်
ကြံ့ခိုင်တဲ့သူက နိုင်လိမ့်မယ်။
ကြံ့ခိုင်တာခြင်းတူညီလျှင် ကျွမ်းကျင်တဲ့သူက နိုင်လိမ့်မယ်။
ကျွမ်းကျင်တာခြင်း တူညီလျှင် သတိရှိသူကနိုင်လိမ့်မယ်။
သတိရှိတာခြင်း တူညီလျှင်
စိတ်ဓာတ်ကောင်းသူက နိုင်လိမ့်မယ်။
စစ်တိုက်ရာတွင် စိတ်ဓာတ်သာလျှင် အရေးအကြီးဆုံး"
(အမတ်ဒိန်)
🇼🇸🇼🇸🇼🇸
တပ်မတော်ရဲ့အသက်သွေးကြောက လူအင်အား နည်းပညာအင်အား နဲ့ စိတ်ဓာတ်အင်အားက အဓိကပါ။

အရင်ခေတ်ကအရာရှိတွေ အလောင်းလက်နက်ရမှသာ ရာထူးတိုးထောက်ခံပေးတယ်။ တိုက်ပွဲအတွေ့အကြုံရှိမှ တဆင့်မြင့် ရာထူးကို စဥ်းစားပေးတယ်။
ရှေတန်းထွက်တာ တခွဲကို ၁၀၀ကေျာ် ရှေ့တန်းထွက်ရင်တရင်းကို ၅၀၀ကေျာ် နောက်တန်းမှာလခရစစ်သည်၂၀၀ လောက်ကျန်တယ်။

နောက်တန်းမှာ မနေချင်ကြ ရှေ့တန်းကိုဘဲ လိုက်ချင်ကြတယ်။
စစ်သားဖြစ်ပြီး စစ်မတိုက်ရဲတာ သတ္တိမရှိတာ ယောကျားမပီသ စစ်သားမပီသတဲ့ ရှက်စရာအကောင်းဆုံးလုပ်ရပ် လို့ခံယူကြတယ်။
သေမှာမကြောက် အသက်ကိုပဓာနမထား ရဲရဲရင့်ရင့် စစ်တိုက်လေ့ရှိတယ်။
🇼🇸🇼🇸🇼🇸
စစ်တိုက်ရင်လည်း လူမရောက်ကျည်ရောက်/ မပြော၅လုံး ပြော၅လုံး /တဟုန်ထိုးပြစ် တဟုန်ထိုးတိုက်တဲ့ ဗျူဟာသုံးလေ့ရှိတယ်။
တပ်ခွဲတခွဲရဲ့ လူ၁၀၀ကေျာ်ပြစ်အားကို တော်ရုံတန်ရုံရန်သူ ဘယ်တောင့်ခံနိုင်မလဲ။

တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်။
တပ်မတော်အင်အားရှိဖို့ စစ်သည်အင်အား ရှိဖို့လိုပါတယ်။
စစ်သည်အင်အားရှိဖို့ စစ်သည်တွေကိုဂရုစိုက်ဖို့ လိုအပ်ချက်တွေ ပြင်ဖို့လိုပါတယ်။
🇼🇸🇼🇸🇼🇸
စစ်သည်အင်အားကို စိတ်ဓာတ်အင်အား နည်းပညာအင်အားတွေနဲ့ ပေါင်းစပ်လိုက်မှသာ
တိုက်ပွဲတိုင်းအောင်မဲ့
အောင်တပ်မတော်ကြီး ဖြစ်လာပါလိမ့်မယ်။

မြန်မာ့တပ်မတော်ကြီး ခေတ်အဆက်ဆက် အောင်မြင်ပါစေ။

NayMyoMyanmar
(24-12-23/Sun)

Post a Comment

Previous Post Next Post