နဂါးကြီးရဲ့ကလိမ်ကကျစ်အကြံ


လောက်ကိုင်မှာ ရှိတဲ့ ပြည်သူ့စစ်ခေါင်းဆောင်
တွေ ကို တစ်ယောက်ပြီး တစ်ဖွဲ့ပြီးတစ်ဖွဲ့ကျားဖြန့်
ကိစ္စ အကြောင်းပြုကာ တရုတ်က ဖမ်းဝရမ်းထုတ်
ပစ်လိုက်တယ်။အချို့ကို လွှဲပေးလိုက်ရပြီး အချို့
က သူတို့ကိုယ်တိုင် နှစ်နိုင်ငံညှိနှိုင်းမှု အရ ဝင်
ရောက်ဖမ်းဆီးခွင့်ရခဲ့တယ်။ဒီလိုနဲ့ ပဲ တပ်နဲ့သဟ
ဇာတ ဖြစ်တဲ့ ရန် နဲ့ ပယ်မျိုးနွယ်ကပြည်သူ့စစ်
တွေဟာ တရုတ်ကြောင့် စိတ်ပိုင်းရော ရုပ်ပိုင်းမှာ
ပါ အင်အားချိနဲ့ကုန်တယ်။

ဒီမတိုင်ခင် က လောက်ကိုင်ကို လာတိုင်ရင်
တပ်နဲ့ အသေခံတိုက်မဲ့လို့ ပြောထားတဲ့
ပြည်သူ့စစ်တွေ ကအများကြီးပဲ လို့သိရတယ်။

ပြီးတော့ တရုတ်က MNDAA ကို
တည်ပြီး ကူမဲမှာ ဆွေးနွေးပွဲ လုပ်ပေးတယ်။
TNLA နဲ့ AA ကို အသိမှတ်မပြုဘူး။သံလွင်
အရှေ့ခြမ်း ကိုးကန့်ဒေသ ကိုသာ တရုတ်က
အာရုံစိုက် လုပ်ဆောင်ခဲ့တယ်။အခု MNDAA
သိမ်းပိုက်ထားတဲ့ နယ်မြေတွေမှာ မြန်မာငွေ မသုံးရ၊
တရုတ်ငွေ သာသုံးရမယ်။မြန်မာစာ မသင်ရ၊
တရုတ်စာ သာသင်ရမယ်။ကိုးကန့်နဲ့ တရုတ်နွယ်
ဝင် လူမျိုးတွေ က လွဲပြီး ဗမာနဲ့ အခြားမြန်မာ
တိုင်းရင်းသားတွေကို လည်း မောင်းထုတ်ပစ်
နေတယ် ၊ အရွယ်ကောင်း လူငယ်တွေကို လူသစ်
စုပြီး သေနတ်ပစ်တက်ရင် ရှေ့က အသေခံ
တိုက်ခိုင်းနေတယ် လို့ သိရတယ်။

မုံးကိုးမှာရှိတဲ့ ပလောင်ဘုန်းကြီး ၄ ပါး ကို
လူဝတ် အတင်းလဲ ခိုင်းပြီး MNDAA ထဲထည့်
လို့ ပလောင်နဲ့ ကိုးကန့်တို့ ပြဿနာ တတ်နေ
ပြန်သတဲ့။

သဘောကတော့ MNDAA နဲ့ တရုတ်ရဲ့ လုပ်ရပ်
ကိုကြည့်ရင် ဒီစစ်ပွဲမှာ တရုတ်က ဘယ်အထိ
မြန်မာ့နယ်မြေကို ဖယ်ထုတ်နေသလဲ၊ မြန်မာ
ပိုင်နယ်မြေတွေကို ဘယ်လောက်အထိအငမ်း
မရ လိုချင်နေတယ် ဆိုတာ တွေ့ရမှာ ဖြစ်တယ်။

ပလောင်နဲ့ အဝေ မတည့်လို့ ပလောင် က အခု
စစ်ပွဲယှဥ်နွှဲဖို့ တရုတ်က လှိုက်လှိုက်လှဲလှဲ
ထောက်ခံအားပေးခဲ့ကြောင်း ထုတ်ပြောလာ
ပါပြီ။မှန်မမှန် ကို တော့ နစက အနေနဲ့ တရုတ်
သံအမတ်ကို ခေါ်မေးသင့်တယ်။မှန်ခဲ့ရင်
သံတမန်အရ တရုတ်ကို ကန့်ကွက်ဖို့လိုတယ်။

နောက်တစ်ချက် အကြံပြုချင်တာက
နိုင်ငံတော်အစိုးရ အနေဖြင့် ဒီအချိန်အထိ
ရန်သူ သိမ်းပိုက်ထားတဲ့ ဘယ်မြို့ ရွာ ၊
ဘယ်စခန်း တစ်ခုကို အသိပြုမှာ မဟုတ်ကြောင်း၊
မကြာမီ မြေပြင် တန်ပြန်ထိုးစစ် ဆင်နွှဲမှာ
ဖြစ်ကြောင်း ၊ မြေပြင်တန်ထိုးစစ် မစမီ
ရန်သူ သိမ်းပိုက်ထားတဲ့ မြို့ရွာတွေ ကို
ရန်သူ မထိန်းသိမ်း ၊ မထိန်းချုပ်နိုင်အောင်
လေကြောင်း ထိုးစစ်နဲ့ နေ့စဥ်ရက်ဆက်ချေမှုန်း
တိုက်ခိုက်နေမှာ ဖြစ်ကြောင်း ၊ နိုင်ငံရေးအရ
တွေ့ဆုံဆွေးနွေးခွင့် ပေးထားပါလျက်နဲ့
စစ်ရေး အရ တိုက်ခိုက်လာတဲ့ အကျိုးဆက်
ကို မကြာမီခါးခါးသီးသီး ခံစားရမှာ ဖြစ်
ကြောင်း ၊ သောင်းကျန်းသူတွေအနေနဲ့
သမိုင်းမှာ မကြာဖူး ၊ မကြုံဖူး တဲ့
လက်တုံ့ပြန်မှုတွေနဲ့ ရင်ဆိုင်ကြုံတွေရမှာ
ဖြစ်ကြောင်း ထုတ်ဖော်ကြေငြာပြီး နှိမ်နင်း
တိုက်ခိုက်သွားစေချင်တယ်။

ဒေါက်တာအေးမောင် ကတော့ တပ်မတော်
ရဲ့ တန်ပြန်ထိုးစစ် ပြန်စတဲ့ အခါ မြောက်သုံး
ဖွဲ့ ကို အကြမ်းဖက်အဖွဲ့ အဖြစ်ကြေငြာပြီး
စလိမ့်မယ်လို့ ရေးထားပါတယ်။

ခက်တာက နဂါးကြီး။ဝက်ဝံ လို ယူကရိန်း
ကို နေတိုးထဲ ဝင်ဖို့ လုပ်လို့ ငါတိုက်တယ်ကွာ
ဆိုပြီး တိုက်ရင် ကမ္ဘာကြီးနဲ့ ရှင်းလို့ရသေး
တယ်။

အခုတော့ မိန်းမကျင့် မိနိးမကြံ ကလိမ်
ကကျစ် လုပ်နေတဲ့ တရုတ်ကြောင့် ကမ္ဘာကြီးလည်း
မျက်စိလည်သွားရပြီ။ဒီစစ်ပွဲ ကို သူတိုက်နေ
သလား ၊ သူပုန်တိုက်နေသလား ဆိုတာကို
တောင် ဝေခွဲမရတဲ့ ပုံဖြစ်အောင် ဖန်တီးထား
ပါတယ်။ဒါကြောင့် မြန်မာတွေအနေနဲ့
တရုတ်အကျိုးစီးပွားတွေ ကို အကုန်သပိတ်
မှောင့်ပစ်ဖို့လိုတယ်။

တရုတ်လုပ်ရပ်ကို ပြင်းပြင်းထနိထန် ကကွက်
ဆန့်ကျင် ဆန္ဒပြသွားဖို့လိုတယ်။

အောင်နိုင်သူ

Post a Comment

Previous Post Next Post