တပ်မတော်သည် နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေးများမှ လွတ်လပ်ရေးရသည်အထိ ပြည်သူကို ဦးဆောင်လက်တွဲပြီး တိုက်ပွဲဝင်ခဲ့သည့် တပ်မတော်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား


တပ်မတော်သည် နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေးများမှ လွတ်လပ်ရေးရသည်အထိ ပြည်သူကို ဦးဆောင်လက်တွဲပြီး တိုက်ပွဲဝင်ခဲ့သည့် တပ်မတော်ဖြစ်ကြောင်း ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၀) သင်တန်းဆင်းဂုဏ်ပြု စစ်ရေးပြအခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြားစဉ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင် က ပြောကြားခဲ့တာဖြစ်ပါတယ်။
ထို့ပြင် လွတ်လပ်ရေး ရရှိပြီးနောက်ပိုင်းတွင်လည်း နိုင်ငံတော်၏ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ခေတ်အဆက်ဆက် အစိုးရများနှင့်အတူ အမျိုးသားနိုင်ငံရေးတာဝန်များ တစ်နည်းအားဖြင့် နိုင်ငံ့အရေးများကို သမိုင်းပေးတာဝန်များအရ အဓိကအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့ကြောင်းလည်း ပြောကြားခဲ့ပါတယ်။
#တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

Post a Comment

Previous Post Next Post