သမိုင်းက တပါတ်ပြန်လည်သလား



သမိုင်းက တပါတ်ပြန်လည်သလား
သို့တည်းမဟုတ် မပြီးဆုံးသေးသော
ပန်းချီကားကို ဆက်၍ဆွဲသလား

၁၉၆၈ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင်
မုန်းကိုး၊ ဖောင်းဆိုင်၊ ပန်ဆိုင်း၊ ကြူကုတ်

၁၉၇၀ မှာ သံလွင်အရှေ့ခြမ်းတော်တော်များများ
ဗကပ လက်အောက်ကို ကျရောက်ခဲ့တယ်။

ဗကပ အရှေ့မြောက်ဒေသသည် ကိုးကန့်တစ်နယ်လုံး သိမ်းပိုက်ရရှိသဖြင့် စိတ်ဓာတ်အထူးတက်ကြွနေကြ၏။

ဗကပ ဗသိန်းတင်တို့ ခေါင်းဆောင်ပိုင်းအား
တရုတ်ဆရာကြီးများက

" မင်းတို့ သံလွင်အရှေ့ခြမ်းနဲ့
နယ်စပ်စခန်းငယ်လေးတွေရတာနဲ့
ကျေနပ်မနေနဲ့ ၊ လားရှိုးလို၊ သိန္နီလို
မြို့ကြီးတွေရအောင်တိုက်ကြ။

မြို့ကြီးတစ်မြို့လောက်ရရင် လွတ်မြောက်တဲ့
နယ်မြေ ကြေငြာလို့ရအောင်လုပ်ကြ။

ဗမာနိုင်ငံမှာ မင်းတို့ခေါင်းဆောင်ကြီးတွေ
ဖြစ်တာ ဒို့မြင်ချင်တယ်။

အစိုးရဖွဲ့  ဒို့အသိ အမှတ်ပြုပေးမယ် " ဟု
တွန်းအားပေးရာ ၁၉၇၀-၇၁ တွင်
တိုက်ပွဲကြီး ၃ ပွဲကို စတင်
အကောင်အထည်ဖော်ခဲ့ကြတယ်။

( က) ၁၉၇၀ ခုနှစ် မေလတွင် လားရှိုးအနီး
ပန်ကျုံတိုက်ပွဲ

( ခ) ၁၉၇၀ ခုနှစ် အောက်တိုဘာလတွင်
မုန်းစီးနားလယ်နှင့် ဂျုံးဂျူံးဂျက်တိုက်ပွဲကြီး

( ဂ) ၁၉၇၁ ခုနှစ် နိုဝင်ဘာလတွင် ကွန်လုံ ရက် ၄၀
တိုက်ပွဲကြီး

ဗကပ တွေရဲ့ စစ်ဦးကျိုးခဲ့ရခြင်းသည်
ပန်ကျုံ တိုက်ပွဲကြောင့်လို့ သုံးသပ်ထားတယ်။

စစ်မှာ သတင်းက အလွန်အရေးကြီး၏။

ပန်ကျုံတိုက်ပွဲမှ ဖမ်းဆီးရမိ စာရွက်စာတမ်း
များအရ မိုးလုံးဟိန်း စီမံကိန်းကို သိရှိခဲ့ရသည်။

လားရှိုးကို ၃ နှစ်နှင့် အရသိမ်းမည်။
မန်းလေးကို ၆ နှစ်နှင့် အရသိမ်းမည့်
ရန်သူ့အစီအမံကို တိုက်ပွဲပြီးမှ သိရသည်။

ဗကပတွေရဲ့ မိုးလုံးဟိန်း စီမံကိန်းပျက်သွားရခြင်းသည် ပန်ကျုံတိုက်ပွဲမှာ စစ်ဦးကျိုးခဲ့လို့ဆိုတာ မြင်ရတယ်။

ဒီပန်ကျုံတိုက်ပွဲမှာ ရရှိသည့် စာရွက်စာတမ်းများအရ တိုင်းမှူး ဗိုလ်မှူးချုပ် သန်းတင်ရဲ့ အကြံပြုချက်အရ
ရမခ တိုင်းဆိုတာ ဖြစ်လာခဲ့တာ...

ကျနော်တို့နိုင်ငံရဲ့ မြေပုံသည် ယနေ့လိုရှိနေတာ
လွတ်လပ်ရေးအတွက် စစ်ထဲဝင်ခဲ့ကြတဲ့ မျိုးဆက်
တွေနဲ့ အဲဒိနောက်က ၇၀ တန်းနဲ့ အထက် မျိုးဆက်
တွေကြောင့်ဆိုတာ သမိုင်းတွေကို ပြန်လေ့လာရင်
မြင်နိုင်တယ်။

စစ်ဆင်ရေးပြီး စစ်ဆင်ရေးနဲ့အတူ မသေလို့
ကျန်ခဲ့တဲ့သူတွေလေ...

ခေတ်အဆက်ဆက် တပ်မတော်သားတွေ
တာဝန်ကျေခဲ့ကြတယ်။

စစ်သမိုင်း၊ စစ်ဥပဒေများ၌ တိုက်ပွဲတစ်ပွဲ
ရှုံးလင့်ကစား စစ်ပွဲကြီးအား မထိခိုက်နိုင်သလို
ဤ စစ်ပွဲမျိုး ဆုံးရှုံးလိုက်ရသည့်အတွက် စစ်ဆင်
ရေးကြီး တစ်ခုလုံး အထိနာပြီး စစ်ရှုံးသွားနိုင်သည်။


reference:

သောင်းဝေဦး ပန်ကျုံတိုက်ပွဲ
ဗိုလ်မှူးချုပ်သန်းတင် စစ်ဆင်ရေးပြီး စစ်ဆင်ရေး

ဒီစာအုပ်တွေ ဘာ့ကြောင့် ရေးနိုင်သလဲ....

ရှေးယခင် တပ်မတော်သားဟောင်းကြီးတွေဟာ
ဘာ့ကြောင့် ကိုယ်တွေ့ဖြစ်ရပ်တွေ သမိုင်းဆိုင်ရာ အဖြစ်အပျက်တွေကို ရေးနိုင်သလဲ...

သူတို့ဟာ အောင်နိုင်သူတွေ ဖြစ်ခဲ့လို့ပဲ....

သမိုင်းဆိုတာ အောင်နိုင်သူတွေ အတွက်ပဲလေ...

ဒါမှမဟုတ် တချိန်က သမိုင်းဆိုင်ရာ မှတ်တမ်း
အဖြစ်သာရှိခဲ့တဲ့

ဗမာနိုင်ငံမှာ မင်းတို့ခေါင်းဆောင်ကြီးတွေ
ဖြစ်တာ ဒို့မြင်ချင်တယ်ဆိုတဲ့ စကားလုံးကို
အမှန်တကယ် ဖြစ်ခွင့်ပေးပြီး ဒို့ သမိုင်းတွေ
ရိုင်းတော့မှာလားးးးးး

မြန်မာပြည်သည် ဒို့ပြည်ပါ။
မြန်မာစာသည် ဒို့စာပါ။
ဒို့ပြည်ကို ချစ်ကြပါလို့
အလေးအနက် တိုက်တွန်းချင်ပါသည်။

###kk🌿🌿🌿

Post a Comment

Previous Post Next Post