လူမှုကွန်ရက်ပေါ်ကနေ KNDF/PDF အကြမ်းဖက် အမည်ခံထားတဲ့ အကောင့်များ၊ Page များ အသုံးပြု၍ ငွေကျပ်သိန်းတစ်ရာကျော် ခြိမ်းခြောက်တောင်းယူခဲ့သည့် အမျိုးသမီးတစ်ဦး ဖမ်းခံရ၊ တော်လှန်ရေး ခေါင်းစဥ်တပ် PDF အမည်ခံ၍ ငွေကြေးအလှူခံနေသူများသည် ငွေလိမ်ဂိုဏ်းများသာ ဖြစ်ပြီး မည်သူကိုမျှ မယုံကြည်ကြရန် သက်ဆိုင်ရာက ပြေ


ရှမ်းတောင်ဒေသ တောင်ကြီးမြို့တွင် KNDF အမည်ပါ PDF အကြမ်းဖက်အဖွဲ့၏ အကောင့်နှင့် Page ကို အသုံးပြု၍ လူမှုကွန်ရက်ပေါ်ကနေ   ငွေကျပ်သိန်းတစ်ရာကျော်ကို ခြိမ်းခြောက်တောင်းယူခဲ့သည့်အတွက် အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒီဇင်ဘာလ ၇ ရက်နေ့မှာ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

အဆိုပါ ဖမ်းဆီးခံရသူ အမျိုးသမီးသည် KNDF အမည်ပါ PDF အကြမ်းဖက်အဖွဲ့၏ အကောင့်နှင့် Page ကို အသုံး ပြု၍ တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက်နေ အမျိုးသမီးတစ်ခုထံသို့ "
နင့်သမီး လွိုင်ကော်တက္ကသိုလ်က ဆရာမ ငါတို့ဖမ်းထားတယ်။ ပြန်ရွေးမလား-- ရွေးမယ်ဆိုရင်(၁)နာရီအတွင်း ယခုမက်ဆေ့ပို့ ဆက်သွယ်လာသော ဖုန်းသို့ Wave Money ဖြင့်ငွေ (၅,၀၀၀,၀၀၀) ကျပ်အား လွှဲပေးရန်--မလွှဲပေးရင် ၎င်းသမီး အသက်အန္တရာယ်အား တာဝန်မယူဘူး”လို့ စာပို့ ခြိမ်းခြောက်လာခဲ့တဲ့အတွက် သမီးရှင်ဖြစ်သူ အမျိုးသမီးမှ ၎င်းရဲ့ သမီးအသတ်ခံရမည်ကို စိုးရိမ်၍ တောင်းသော ငွေသိန်း ၅၀ အားတစ်ကြိမ်နှင့် နောက်ထပ် သိန်း ၁၀၀ ကို ယခုဒီဇင်ဘာလအတွင်း ထပ်မံခြိမ်းခြောက်တောင်းယူခဲ့သဖြင့် လွှဲပေးလိုက်ရတယ်လို့ သိရပါတယ်။

အဆိုပါ PDF အမည်ခံ၍ ငွေကြေးခြိမ်းခြောက်တောင်းယူသူအား တာဝန်သိပြည်သူများနှင့် သက်ဆိုင်ရာက ရှာဖွေစုံစမ်းဖော်ထုတ်ခဲ့ရာ ဒီဇင်ဘာလ ၇ ရက်နေ့တွင် တောင်ကြီးမြို့ သစ်တောရပ်ကွက်အတွင်း၌ ဖမ်းဆီးရမိခဲ့တယ်လို့လည်း သိရပါတယ်။

ယနေ့အချိန်တွင် နိုင်ငံတဝန်း၌ NLD/NUG အစွန်းရောက် လူငယ်များသည် ၎င်းတို့ကိုယ်တိုင် ထောက်ပို့များဟု ဆိုကာ တော်လှန်ရေး ခေါင်းစဥ်တပ် PDF အမည်ခံ၍ ငွေကြေးအလှူခံနေမှုများ ပြုလုပ်ကာ မကြာခဏ ငွေကြေးအရှုပ်တော်ပုံများ၊ လိမ်လည်သွားသည့် ဖြစ်
စဥ်များ နေ့စဥ် ဖြစ်ပွားလျက်ရှိတာ ကြောင့် ပြည်သူလူထုအနေဖြင့်
လူမှုကွန်ရက်ပေါ်ကနေ PDF အမည်ခံထားသည့် Page များ၊ တော်လှန်ရေးအမည်ခံ PDF ပုံတင်ထားသည့် အ
ကောင့်များမှ ငွေကြေးလာရောက်အလှူခံပါက ၎င်းတို့ဟာ ငွေလိမ်ဂိုဏ်း များသာ ဖြစ်တဲ့အတွက်  မည်သူကိုမျှ
မယုံကြည်ကြရန် သက်ဆိုင်ရာတာဝန်ရှိသူများက သတိပေးပြောကြားမှုတွေ ရှိတယ်လို့ သိရပါတယ်။

#သတင်း...Sai Naung
#Photo...ငွေကြေးလိမ်လည်အလှူခံနေသည့် အကြမ်းဖက် KNDFရဲ့ Pageတစ်ခု
#Mawshan Myay Media
#(ကာယကံရှင်များ၏ အသက်အန္တရာယ်လုံခြုံရေးအရ အမည်အား ထည့်သွင်း ဖော်ပြခြင်း မပြုကြောင်း အသိပေးအပ်ပါသည်။)

Post a Comment

Previous Post Next Post