စက်သုံးဆီပြတ်လပ်တော့မည်ဆိုသည့် ကောလာဟလသတင်းများကြောင့် စိုးရိမ်ပူပန်မှုမဖြစ်စေလို

စက်သုံးဆီပြတ်လပ်တော့မည်ဆိုသည့် ကောလာဟလသတင်းများကြောင့် စိုးရိမ်ပူပန်မှုမဖြစ်စေလို
ဖြေ။  ။  ဒီဇင်ဘာ၈ရက်အထိ သီလဝါသိုလှောင် ကန်စခန်းတွေ၊ အခြားဒေသက သိုလှောင်ကန်စခန်းတွေမှာ စက်သုံးဆီလက်ကျန်အခြေအနေနဲ့ ပြည်တွင်းလမ်းခရီး သယ်ယူပို့ဆောင်နေမှုတွေအပါအဝင် သီလဝါဒေသ Jetty တွေမှာ ဆိုက်ကပ်ထားတဲ့ ဆီတင်သင်္ဘောခြောက်စင်း၊ ပင်လယ်ဝ Pilot Station မှာဆိုက်ကပ်ထားတဲ့ ဆီတင်သင်္ဘော ကိုးစင်း၊ စင်ကာပူကနေ ဆီတင်ပြီးထွက်လာတဲ့ ဆီတင်သင်္ဘော တစ်စင်း စုစုပေါင်း ၁၆ စင်းရှိတာ ကြောင့် ပြည်တွင်းသုံးစွဲမှုပမာဏအရ အများပြည်သူ တွေအနေနဲ့ စက်သုံးဆီပြတ်လပ်မှာကို စိုးရိမ်ပူပန်စရာမလိုကြောင်း သတင်းစကားပါးလိုပါတယ်။ ဒီအပြင်နောက်ထပ်ဒီဇင်ဘာလအတွင်းမှာပဲ ပြည်ပက ဆီတင်သင်္ဘော ၂၇ စင်းနဲ့ ထပ်မံတင်သွင်းဖို့ Supplier တွေနဲ့ ညှိနှိုင်းဆောင်ရွက်ထားရှိပြီး လည်း ဖြစ်ပါတယ်။
မေး ။ ။ လတ်တလော စက်သုံးဆီပြတ်လပ်နေပြီဆိုတဲ့ ကောလာဟလသတင်းတွေနဲ့ပတ်သက်ပြီး ပြည်သူလူထုက စိုးရိမ်ပူပန်မှုမြင့်တက်နေတဲ့အပေါ် ကော်မတီအနေနဲ့ ဘယ်လိုသတင်း စကားပါးလိုပါသလဲ။
ဖြေ ။ ။ စက်သုံးဆီ သိုလှောင်ကန်စခန်းတွေမှာရှိတဲ့ စက်သုံးဆီတွေကို ဆီသယ်ယာဉ်ဘောက်ဆာတွေနဲ့ နေ့စဉ်ဖြန့်ဖြူးပေးနေတဲ့အတွက် လတ်တလောပျံ့နှံ့နေတဲ့ စက်သုံးဆီပြတ်လပ်နေပြီဆိုတဲ့ ကောလာဟလသတင်းတွေက မှန်ကန်မှုမရှိကြောင်း ကျွန်တော့်အနေနဲ့ပြောကြားလိုပါတယ်။ လက်ရှိမှာ ပြည်ပကမှာယူထားတဲ့ ဆီတင်သင်္ဘောတွေအနေနဲ့ သီလဝါဆိပ်ကမ်းမှာ ခြောက်စင်းဆိုက်ကပ်ထားပြီး ဓာတ်ဆီတန်ချိန် ၂၄၃၁၉ တန်ကျော်၊ ဒီဇယ်ဆီတန်ချိန် ၅၃၃၁၅ တန်ကျော်ကို သက်ဆိုင်ရာ သိုလှောင်ကန်တွေဆီကို ချယူနေပြီဖြစ်ပါတယ်။ ဒါ့အပြင် ပင်လယ်ဝမှာ အသင့်ရောက်ရှိနေတဲ့ ဓာတ်ဆီတန်ချိန် ၆၇၇၃၇ တန်ကျော်၊ ဒီဇယ် ဆီ ၆၅၃၅၉ တန်ကျော်သယ်ဆောင်လာတဲ့ သင်္ဘောကိုးစင်းလည်း သီလဝါဆိပ်ကမ်းကိုဆိုက်ကပ်နိုင်ဖို့ အသင့်စောင့်ဆိုင်းလျက်ရှိပါတယ်။ ပြည်ပမှာလည်း မြန်မာနိုင်ငံအတွက် ဝယ်ယူထားပြီးဖြစ်တဲ့ စက်သုံးဆီတွေကို ဆီတင်သင်္ဘောတွေပေါ် တင်ဆောင်ဖြည့်တင်းလျက်ရှိတဲ့အပြင် ဆီဖြည့်တင်းပြီး လာရောက်ဆဲဆီတင်သင်္ဘောတွေလည်း ရှိနေပါတယ်။ မြန်မာနိုင်ငံအတွက် စက်သုံးဆီဝယ်ယူထားပြီး ဆီတင်သင်္ဘောတွေပေါ် တင်ဆောင်တာ၊ လမ်းခရီးသယ်ယူတာ၊ မြန်မာနိုင်ငံပင်လယ်ဝမှာ အသင့်စောင့်ဆိုင်းတာနဲ့ ဆိပ်ကမ်းတွေမှာ ဆိုက်ကပ်ချယူတဲ့ လုပ်ငန်းစဉ်တွေ စဉ်ဆက် မပြတ်ရှိနေတယ်ဆိုတာကိုလည်း အသိပေးလိုပါတယ်။

ဒါကြောင့် အများပြည်သူအနေနဲ့ စက်သုံးဆီပြတ်လပ်နေပြီဆိုတဲ့ ကောလာဟလသတင်းတွေအပေါ် မယုံကြည်ကြဖို့နဲ့ စက်သုံးဆီအရောင်းဆိုင်တွေမှာ မိမိလိုအပ်သလောက်သာ ဝယ်ယူဖြည့်တင်းကြဖို့ အသိပေးလိုပါတယ်။ ဒါမှသာအခုလို အရောင်းဆိုင်တွေမှာ ကားတွေတန်းစီပြီးဝယ်ယူရတဲ့အတွက် ကုန်ဆုံးရတဲ့အချိန်တွေ သက်သာမှာဖြစ်ပါတယ်။ အများပြည်သူကို အထူးအသိပေးလိုတာ က ၂၀၁၇ ခုနှစ် ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေပုဒ်မ ၃၀ အရ “မည်သူမျှ ဤဥပဒေအရလိုင်စင် ရယူရန် လိုအပ်သည့်လုပ်ငန်းသို့မဟုတ် ဆောင်ရွက်မှုတစ်ခုကို သက်ဆိုင်ရာလိုင်စင်ရယူခြင်းမရှိဘဲ လုပ်ကိုင်ဆောင်ရွက်ခြင်းမပြုရ”ဟု ပြဋ္ဌာန်းထားတဲ့အတွက် စက်သုံးဆီတွေကို လိုင်စင်မဲ့သယ်ယူ ပို့ဆောင်တာ၊ သိုလှောင်တာ၊ ရောင်းချတာတွေစစ်ဆေးတွေ့ရှိရရင် အနည်းဆုံးဒဏ်ငွေကျပ် သုံးသိန်းမှ အများဆုံးဒဏ်ငွေကျပ်သိန်း ၅၀ အထိ ငွေဒဏ်ဖြစ်စေ၊ တစ်နှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေ ပြစ်ဒဏ်အပြင် အပြစ်ဒဏ်နှစ်ရပ်လုံးစီရင်ခြင်းခံရမယ့်အပြင် ပြစ်မှုကျူးလွန်ခြင်းနှင့် သက်ဆိုင် သောပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းခံရမှာဖြစ်ပါတယ်။ ဒါကြောင့် ဆီဆိုင်တွေမှာ ဆီတွေတိုးဝယ်ပြီး အပြင်မှာလိုင်စင်မဲ့ရောင်းချတာ၊ နေအိမ်၊ ခြံဝင်းတွေ၊ ဘယ်နေရာမဆိုလိုင်စင်မဲ့ ရောင်းချတာတွေကို စစ်ဆေးကြပ်မတ်ပြီး ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။ လောင်စာဆီတွေကို အများပြည်သူကြားမှာ လိုင်စင်မဲ့ရောင်းချတာက မီးဘေးအန္တရာယ်အထူး စိုးရိမ်ရတာကြောင့် အများပြည်သူအနေနဲ့ သက်ဆိုင်ရာဌာနတွေကို သတင်းပေးတိုင်ကြားဖို့ မေတ္တာရပ်ခံ တိုက်တွန်းလိုပါတယ်။

အခုရက်ပိုင်းအတွင်းမှာ စက်သုံးဆီတွေကို ပုံမှန်ထက်ပိုမိုဖြန့်ဖြူးပေးခဲ့ပါတယ်။ Supply chain တစ်ခုလုံးမှာ ကျွန်တော်တို့နိုင်ငံအတွက် ဝယ်ယူထားတဲ့ စက်သုံးဆီတွေ စဉ်ဆက်မပြတ်ရှိနေပါတယ်။ ဒါကြောင့် အခုလို စက်သုံးဆီပြတ်လပ်နေပြီဆိုတဲ့ ကောလာဟလသတင်းတွေနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေမရှိစေဖို့ ကျွန်တော်တို့ကော်မတီက စက်သုံးဆီတင်သွင်းဖြန့်ဖြူးတဲ့လုပ်ငန်းတွေ လက်တွေ့ဆောင်ရွက်နေတဲ့ အခြေအနေမှန်ကို အများပြည်သူသိရှိအောင် ရှင်းလင်းပြောကြားခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်လို့ ပြောကြားလိုပါတယ်။

တွေ့ဆုံမေးမြန်း - မျိုးဆက်သစ်၊ ဓာတ်ပုံ - ပြည့်စုံ

https://t.me/iprdrnd/99892


Post a Comment

Previous Post Next Post