နောက်ကွယ်မှ ဖိအားများကြောင့် မုန်းမြို့ကို ဝင်တိုက်ပေမယ့် အကျအဆုံးများစွာဆုတ်ခွါနေရKNU၊ PDF


++++++++++++++++++++++++
နောက်ကွယ်မှ ဖိအားများကြောင့် ပဲခူးတိုင်း၊ မုန်းမြို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပေမယ့်အကျအဆုံးများတာကြောင့် ဆုတ်ခွါသွားတယ်လို့သိရပါတယ်။

“NUG ရဲ့ နောက်ကွယ်မှာရှိနေတဲ့ အဖွဲ့လည်းရှိပါသေးတယ်။ နိုင်ငံလည်း ရှိပါသေးတယ်။ နောက်ကွယ်ကနေပြီးတော့ အတင်းဖိအားပေးမှုကြောင့် သူတို့အနေနဲ့ မုန်းမြို့ကို အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်တာဖြစ်တယ်။ တိုက်ခိုက်တဲ့အခါမှာ မနေ့ညကတည်းက ရန်သူဘက်က အကျအဆုံးများစွာရှိပါတယ်။ ဒီနေ့မှာလည်း မနက်ကတည်းက စပြီးတော့ ဆောင်ရွက်နေတာရှိပါတယ်။ လာရောက်တိုက်ခိုက်နေတာရှိတယ်။ ဒီနေရာမှာ မုန်းမြို့ရဲ့ အရှေ့ဘက်အစွန်မှာရှိတဲ့ တပ်ရင်းတစ်ရင်း ရှိပါတယ်။ ဒီတပ်ရင်းမှာတော့ ထိတွေ့တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့ပါတယ်။ ဒီနေ့ညနေပိုင်းအထိ အပြန်အလှန် ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုရှိနေပါတယ်။ ခုနကပြောတဲ့ သံတံတားစခန်းနဲ့ နောက် ထပ်တပ်ရင်း တစ်ရင်းမှာတော့ အဝေးကနေ ပစ်ခတ်မှုလောက်ပဲ ရှိပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

မနေ့ကဆိုရင် တချို့နေရာများသာ ထိတွေ့တိုက်ပွဲရှိခဲ့ပြီး အဝေးက ပစ်ခတ်မှုသာရှိတယ်လို့ သတင်းမှန်ပြန်ကြားရေးခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်ပြောပါတယ်။

ဒီဇင်ဘာ ၃ ရက် နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့၌ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး တပ်မတော်မှ ခြေလျင်တပ်၊ လေယာဉ်နှင့် အမြောက်တပ်များ ပူးတွဲစစ်ဆင်ခဲ့မှုကြောင့် ဝင်ရောက်တိုက်ခဲ့တဲ့သောင်း ကျန်းသူများ အကျအဆုံးများတာကြောင့် အဲဒီနေ့ညနေပိုင်းတွင် စတင်ဆုတ်ခွါသွားပါတယ်။

မီဒီယာအချို့တွင် ကျောက်ကြီးမြို့နယ်၊ မုန်းမြို့တစ်မြို့လုံးကို သိမ်းပိုက်နိုင်ခဲ့ပြီး ပဲခူးတိုင်းအတွင်း ပထမဆုံးသိမ်းနိုင်သော မြို့ဖြစ်ကြောင်း မဟုတ်မမှန် သတင်းများ ထုတ်လွှင့်လျက်ရှိပြီး ၎င်းတို့ အကျအဆုံးများမှု၊ ဆုတ်ခွာရန်ပြင်ဆင်နေရမှုများကိုမူ ထည့်သွင်းဖော်ပြခြင်းမရှိဘဲ ပြည်သူများ ထင်ယောင်ထင်မှားဖြစ်လာစေရန် ရည်ရွယ်ချက်ဖြင့် မဟုတ်မမှန် လုပ်ကြံဖော်ပြခဲ့မှုများရှိနေပါတယ်။

#TharSitt

Post a Comment

Previous Post Next Post