အရပ်သားပြည်သူများအပေါ်ကိုးကန့် MNDAAပြုမူဆောင်ရွက်ချက်များ


(၁)လောက်ကိုင်မြို့မှ နေရပ်ပြန်အရပ်သားပြည်သူ(၂၀၀၀)ကျော်ကို (၁၀)တန်ဂိတ်ပါစင်ကျော်၌
MNDAAတပ်ဖွဲ့မှမတရားဖမ်းဆီးကာ တပ်သားသစ်စုဆောင်းထားကြောင်းသိရှိရပါသည်။

(၂) MNDAAမှယာယီထိန်းချုပ်ထားပြီဖြစ်သည့်ပန်ဆိုင်း၊မုံးကိုး၊ဖောင်းဆိုင်း၊ချင်းရွှေဟော်၊ကွမ်းလုံ၊နမ့်ဇလပ်ဒေသများတွင်နေထိုင်သော ဒေသခံအရပ်သားပြည်သူများကို အသက်(၁၅)နှစ်နှင့်အထက် စစ်မှုမထမ်းမနေရ မတရားဥပဒေပြဌာန်းကာ တပ်သားသစ်စုဆောင်းခြင်း၊ အိမ်ထောင်စုစာရင်းများကောက်ယူခြင်း၊လူစာရင်းလာရောက်ပေးသွင်းရန်ပျက်ကွက်ပါကအရေးယူဖမ်းဆီးခြင်း၊လူမရှိသည့်စစ်ဘေးရှောင်ပြည်သူများ၏နေအိမ်များသိမ်းဆည်းခြင်းများကိုMNDAAမှ လုပ်ဆောင်နေပါသည်။

(၃) ဖမ်းမိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်စစ်သုံ့ပန်းတွေကိုလွှတ်ပေးတယ်ဆိုပြီးနိုင်ငံတကာသတင်းဌာနတွေကိုပြသနေတဲ့MNDAAသည် ဒေသခံအရပ်သားနှင့်လောက်ကိုင်မှနေရပ်ပြန်စစ်ဘေးရှောင်ပြည်သူများကိုတော့​မတရားအကြမ်းဖက်ဖမ်းဆီးနေကြောင်း၊ရဟန်းကိုရင်များကိုလည်းလူဝတ်လဲခိုင်းပြီး စစ်မှုထမ်းခိုင်းကြောင်းဒေသခံများနှင့်နေရပ်ပြန်ပြည်သူများပြောဆိုနေကြပါသည်။

(၄)MNDAAမှ မတရားဖမ်းဆီးထားသောလောက်ကိုင်မြို့မှ နေရပ်ပြန်ပြည်သူ(၂၀၀၀)ကျော်ကို"ဝ"ဒေသ ဟိုပန်မြို့နယ်၌အခြေခံစစ်သင်တန်းများပေးနေပြီဖြစ်သည်။

(၅)MNDAAမှတပ်သားသစ်စုဆောင်းခြင်းခံထားရသည့် အရပ်သားများကိုလူသားချင်းစာနာထောက်ထားသောအားဖြင့်လွှတ်ပေးစေလိုကြောင်း၊အနည်းဆုံးသက်ဆိုင်ရာမိသားစုဝင်များထံသက်ရှိထင်ရှားရှိနေကြောင်း သတင်းပေးပို့စေလိုကြောင်းရပ်ဝေးမှမိသားစုဝင်များမိမိတို့သား/သမီးများအိမ်ပြန်အလာကိုစောင့်မျှော်နေကြသောမိဘပြည်သူများကတောင်းဆိုနေကြပါသည်။

(၆)အထူးဒေသ(၁)ကိုးကန့်ဒေသတွင်းနေထိုင်သူများကိုစစ်မှုမထမ်းမနေရဥပဒေရှိစေကာမူလက်ရှိဖမ်းဆီးခံထားရသူအများစုမှာအခြားမြို့နယ်အောက်ပြည်အောက်ရွာကလူငယ်များဖြစ်ကြောင်းပြောဆိုနေကြပါသည်။

(၇)ချင်းရွှင်ဟော်ဒေသ၌အရပ်သားပြည်သူများကို မတရားဖမ်းဆီးကာ ပြန်ပေးဆွဲမှု၊ငွေကြေးဖြင့်ပြန်လည်ရွေးယူခိုင်းမှုများကိုလည်းMNDAA ကိုးကန့်များကတပ်တွင်းရန်ပုံငွေအတွက်ဆိုပြီးမတရားလုပ်ဆောင်နေကြောင်းဒေသခံများသတင်းပေးပို့ထားပါသည်။

(၈)ရှမ်းမြောက်တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများ၏ လူ့အခွင့်အရေးချိုးဖောက်မှု၊မတရားဖမ်းဆီးခံရမှု၊MNDAAတပ်သားသစ်စုဆောင်းခံရမှု၊ခြိမ်းခြောက်လုယက်မှု၊ဥပဒေမဲ့စွာပစ်သတ်ခံရမှုများကို ဒေသခံမိဘပြည်သူများနှင့်နေရပ်ပြန်အရပ်သားများနေ့စဉ်ရက်ဆက် ခံစားနေရကြောင်းသိရှိရသည်။

ပြည်သူများ ဘေးကင်းကြပါစေ။

နေပြည်တော်

Post a Comment

Previous Post Next Post