နိုင်ငံရေးဖြင့် ဖြေရှင်းရန် ရှမ်းမြောက်ဒေသ၌ တိုက်ပွဲဖော်ဆောင်သော မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့ နှင့် နစက၏ NSPNC တို့ တရုတ်တွင်တွေ့ဆုံ


နိုင်ငံရေးဖြင့် ဖြေရှင်းရန် ရှမ်းမြောက်ဒေသ၌ တိုက်ပွဲဖော်ဆောင်သော မြောက်ပိုင်းမဟာ မိတ်(၃)ဖွဲ့နှင့် နစက၏ NSPNC တို့ တရုတ်နိုင်ငံ၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံအမျိုးသားစည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးဖောင်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)မှ တာဝန်ရှိသူများနှင့် MNDAA၊ TNLA၊ AA အဖွဲ့တို့မှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

အဆိုပါတွေ့ဆုံပွဲအား တရုတ်နိုင်ငံ၏ အကူအညီဖြင့် နိုင်ငံရေးအရ ဖြေရှင်းနိုင်ရန်အတွက် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

“ဒီဆွေးနွေးမှုအပေါ်မှာမူတည်ပြီး တိုးတက်မှုအခြေအနေပေါ်မှာမူတည်ပြီး ဒီလကုန်ခန့်မှာလည်း ထပ်မံဆွေးနွေးသွားဖို့ရှိကြောင်း ပြောကြားလိုပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

နစက၏ NSPNC နှင့် မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့ကြား တွေ့ဆုံဆွေးနွေးမှုသည် အပြု သဘောဆောင်သည့် ရလဒ်များရရှိခဲ့သည်ဟု တရုတ်အစိုးရဘက်က ထုတ်ဖော်ပြောဆိုထားပါတယ်။

Post a Comment

Previous Post Next Post