လွိုင်ကော်မှာထောနေတဲ့ ကယား pdf


လွိုင်ကော်မြို့အား နိုဝင်ဘာလ ၁၁ ရက်နေ့မှ စတင်ကာမြို့သိမ်း တိုက်ပွဲခေါင်းစဉ်တပ်ပြီး မြို့တွင်းတွင် တိုက်ကွက်များဖော်ဆောင်ခဲ့သော ကြောင့် လွိုင်ကော်မြို့ဒေသခံအချို့သည် အိုးအိမ်စွန့်ပစ်ကာ ရှမ်းပြည်နယ်တောင်ပိုင်းရှိ တောင်ကြီး၊ရွှေညောင်၊ညောင်ရွှေ၊ဆီဆိုင်၊ဟိုပုံး၊ပင်လောင်း၊ကလောမြို့နယ်များသို့ စစ်ဘေးရှောင်များအဖြစ်ဝင်ရောက်ခိုလှုံခဲ့ကြသည်။

ကယားပြည်နယ်ရှိ အကြမ်းဖက် KNPP, KNDF, PDFပူးပေါင်းအဖွဲ့များသည်လွိုင်ကော်မြို့တွင်း ရပ်ကွက်များအတွင်းသို့ ဝင်ရောက်နေရာယူခဲ့ပြီး တပ်မတော်နှင့်ရင်ဆိုင်တိုက်ပွဲများဖြစ်ပွားလျက်ရှိရာ တပ်မတော်အနေဖြင့် အရေးကြီးနေရာများကျဆုံးမှုမရှိစေရေး ရင်ဆိုင်ထိန်းချုပ်တိုက်ပွဲဖြစ်ပွားလျက်ရှိရာ ကယား အကြမ်းဖက် လက်နက်ကိုင်အဖွဲ့များအနေဖြင့် ၎င်းတို့ဝင်ရောက်လှုပ်ရှားရာရပ်ကွက်များအတွင်းမှ ပြည်သူပိုင် ပစ္စည်းများစိတ်ကြိုက်ယူဆောင်လျက်ရှိကြောင်း အကြမ်းဖက်အဖွဲ့များနှင့်နီးစပ်သူများထံမှသိရသည်။

ဓါတ်ပုံ -ဆိုင်ကယ်အသစ်ရလို့ ပြုံးပျော်နေတဲ့ KNDF မှစစ်ရေးချုပ်အဆင့်ရှိ ခူးရီဒူး

Post a Comment

Previous Post Next Post