PDF ဘယ်ကလာသလဲဘယ်ကိုသွားမှာလဲ


PDF ဘယ်ကလာသလဲဆိုတာကတော့

NLD အစိုးရဖြစ်နေစဥ်ပြုလုပ်ကျင်းတဲ့
(၂၀၂၀)ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ
NLDပါတီက ကလိမ်ကကျစ်လုပ်ပြီး
မဲတွေခိုးခဲ့တာ ကမ္ဘာသိ
မဲခိုးခဲ့တာတွေကို ဖြေရှင်းပေးဖို့
နိုင်ငံရေးပါတီတွေကတောင်းဆိုတယ်
တပ်မတော်က အကြိမ်ကြိမ််ခါခါတောင်းဆိုတယ်
မဖြေရှင်းပဲ လွှတ်တော်အတင်းခေါ်ပြီး
အစိုးရဖွဲ့ဖို့ကြိုးစားခဲ့တယ် ဒါကြောင့် တပ်မတော်အနေနဲ့
(၂၀၀၈)ခြေ/ဥကပေးထားတဲ့တာဝန်အတိုင်း
နိုင်ငံတော်အာဏာကို ထိန်းသိမ်းခဲ့တယ်
တပ်မတော်အာဏာထိန်းတာကို မကျေနပ်လို့ဆိုပြီး
မဲခိုးNLD ပါတီဝင်တွေ၊မဲခိုးNLDကိုအားပေးဝန်းရံ
ထောက်ခံတွေ လမ်းပေါ်တက်ဆန္ဒပြ၊ဆန္ဒပြရာကနေ
ဆူဆူပူပူဖြစ်အောင်နဲ့ဖျက်လိုဖျက်ဆီးလုပ်လာကြတယ်
အဲ့ကနေတစ်ဆင့်
တောထဲသွား လက်နက်ကိုင်လမ်းစဥ်နဲ့
လူTတ်၊မီးရှို့၊ဗုံးခွဲ၊တပ်မတော်ကိုလက်နက်ကိုင်တိုက်
တိုင်းပြည်ကိုဖျက်ဆီး၊ပြည်သူကို
ဒုက္ခပေးတဲ့ PDF တွေဖြစ်လာခဲ့တယ်
ဒါက PDF ဆိုပြီး ဖြစ်လာခဲ့တဲ့ လမ်းကြောင်း
PDF တွေကဘယ်လာသလဲဆိုရင် မဲခိုးNLDကနေလာတာ

PDF တွေလာတာကတော့ ဟုတ်ပြီ
ဘယ်ကိုသွားမှာလဲ

PDF တွေ သွားစရာနေရာမရှိပါဘူး
နိုင်ငံရေးလုပ်စား သူတွေရဲ့
တပ်မတော်မုန်တီးရေးဝါဒမှိုင်းမိပြီးတောထဲက
တိုင်းရင်းသားလက်နက်ကိုင်နယ်မြေတွေကို
သွားတယ်၊တပည့်ခံတယ်
တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့
အနိုင်ကျင့်မှု၊မတရားမှု၊ဖိနှိပ်မှု၊စော်ကားမှုတွေကို
ခံရတယ်၊အနှိမ်ခံရတယ်၊ဘဝပျက်ခံရတယ်
တိုင်းရင်းသားလက်နက်ကိုင်တွေက
သူတို့အကျိုးအတွက်၊သူတို့လိုအပ်ချက်အတွက်
PDF တွေကို လက်ခံတယ်၊အသုံးချတယ်
ဖြစ်စဥ်တွေကိုကြည့် တိုက်ပွဲ ဖြစ်တိုင်းဖြစ်တိုင်း
PDF တွေကို ရှေ့ကနေ နေခိုင်းတယ် အသေခံခိုင်းတယ်
ပြောရင်တော့ တိုက်ပွဲအတွေ့အကြုံရအောင်ဆိုတဲ့
စကားလုံးလှလှသုံးတယ်
တကယ်တော့ သူတို့အကျိုးအတွက်
PDF တွေရဲ့အသက်ကိုချနင်းစတေးနေကြတာ

အချိန်ကာလ အတိုင်းအတာတစ်ခုအထိသာ
တိုင်းရင်းသားလက်နက်ကိုင်တွေက PDF တွေကို
လက်ခံထားမှာပါ
သူတို့အကျိုးတွေပြည့်ဝသွားရင်၊သူတို့လိုလားချက်တွေ ရရှိသွားပြီဆိုရင် PDF တွေကို ကန်ထုတ်မှာ
မTတ်ပစ်ရင်ကံကောင်း
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မှန်သမျှ
သူတို့နယ်မြေမှာ တစ်ခြားလက်နက်ကိုင်အဖွဲ့
ရှိနေတာကို ရှိနေမှာကို မလိုလားပါဘူး
ဗမာမုန်းတီးရေးကို လက်ကိုင်ထားတဲ့
တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့
အရိုးစွဲစိတ်ကြောင့်PDF ဆိုတဲ့ ဗမာသူ​ပုန်အဖွဲ့ကို
သူတို့နယ်မြေထဲမှာ မထားပါဘူး စိတ်ချ

မနေ့တစ်နေ့ကမှ
PDFဆိုပြီးဖြစ်လာတဲ့ ဗမာသူပုန်အဖွဲ့တွေမှာ
ကိုယ်ပိုင်နယ်မြေဆိုတာမရှိပါဘူး
တိုင်းရင်းသားလက်နက်ကိုင်နယ်မြေတွေမှာ
ခိုကပ်နေရပြီး အိိမ်ရှင်ကျေနပ်အောင်
ကျွေးတာစား ခိုင်းတာလုပ် ကျွန်ခံအသက်ပါစတေး
နေရတဲ့ ဘဝတွေပါ
PDF တွေရဲ့ခေါင်းဆောင်NUGကတော့
ပြည်ပနိုင်ငံခြားမှာ
သာသာယာယာနေထိုင်လျှက်ရှိပါတယ်
PDF တွေရဲ့ခေါင်းဆောင် NUGကလူတွေဟာ
သူတို့အကျိုးအတွက်တိုင်းရင်းသားလက်နက်ကိုင်
အဖွဲ့တွေနဲ့ပေါင်းပြီး PDF တွေကို တော်လှန်ရေး
ခေါင်းစဥ်အောက်ကနေ အသက်အသေခံခိုင်းနေတာပါ

တကယ်တော့
PDF တွေမှာ သွားစရာနေရာမရှိပါဘူး
အမြင်မှန်ရတဲ့PDF တွေကတော့
အလင်းဝင်လာကြပါတယ်
သွားစရာနေရာမရှိတဲ့PDF တွေအနေနဲ့
ဆက်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဆီမှာပဲ
အနိုင်ကျင့်ခံကျွန်ခံပြီး အသက်တွေပေးဆပ်နေကြမှာလား
လက်နက်ကိုင်လမ်းစဥ်ကိုစွန့်လွှတ်ပြီး
အလင်းဝင်လာကြမလား ဆိုတာ စဥ်းစားသင့်ပါပြီ
ဆက်မိုက်နေကြဦးမယ်ဆိုရင်တော့PDF တွေရဲ့
အသက်တွေ၊ခွန်အားတွေကို NUGခေါင်းဆောင်တွေနဲ့
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက
သူတို့အကျိုးပြည့်ဝရေးအတွက် ကောင်းကောင်း
အသုံးချနေဦးမှာကတော့ ဧကန်အမှန်ပါပဲ

စစ်အစိုးရလည်း
ပြုတ်ကျမှာမဟုတ်သလို
မအောင်မြင်နိုင်တဲ့တော်လှန်ရေးကြီးထဲ
စီးမျောလိုက်ပါပြီး အသက်တွေ
အသေမခံပါနဲ့တော့

တိုင်းရင်းသားလက်ကိုင်အဖွဲ့တွေရဲ့နယ်မြေမှာ
အဖိနှိပ်ခံ၊အနိုင်ကျင့်ခံ၊အသေခံခိုင်းနေတဲ့
သွားစရာနေရာမရှိဖြစ်နေသောPDF တွေကို
တပ်မတော်အစိုးရက
နေရာတစ်နေရာပေးထားပါတယ်
အလင်းဝင် လာခြင်း ဆိုတဲ့ နေရာတစ်နေရာ

ဒီနေရာကို မလာချင်ဘူးဆိုရင်လည်း
PDFတွေ နောက်ထပ်
သွားစရာနေရာတစ်နေရာရှိပါသေးတယ်
မြေကြီးထဲကိုပါ

PDF တွေ သေချာစဥ်းစားပါ
နောက်မကျသေးပါဘူး...အချိန်မီပါသေးတယ်။

Post a Comment

Previous Post Next Post