မြတန်ဆောင်းပညာဒါနကျောင်းမှ ပရဟိတအမည်ခံ၍ အရွယ်မရောက်သေးသူများကို အကြမ်းဖက် AA အတွက် လူသစ်စုဆောင်းပေးနေ


မြတန်ဆောင်းပညာဒါန ပရဟိတလုပ်ငန်းများဆောင်ရွက်ရမည်ဟု လူငယ်လူရွယ်များကို လိမ်လည်ခေါ်ယူကာ AA အကြမ်းဖက်အဖွဲ့အတွက် လူသစ်စုဆောင်းခြင်းများ ဆောင်ရွက်နေကြောင်း လိမ်လည်ခေါ်ဆောင်သွားခြင်းခံရသည့် လူငယ်တစ်ဦး၏ မိခင်တစ်ဦးက မိမိတို့ သတင်းဌာနသို့ သတင်းပေးပို့လာသည်။

ပရဟိတလုပ်ငန်းများတွင် ကူညီရန်ဟု ပြောဆိုသည့်အတွက် အသက်(၁၄)နှစ်အရွယ်ရှိ ၎င်း၏သားဖြစ်သူမှာ လိုက်ပါသွားခဲ့ရာ ကျောက်ဖြူမြို့နယ်၊ စနဲမြို့၊ ထိန်တွေရပ်ကွက်ရှိ မြတန်ဆောင်းပညာဒါန ဘုန်းတော်ကြီးကျောင်းဟောင်းသို့ ရောက်ရှိပြီးနောက် တစ်ကြိမ်သာ အဆက်အသွယ်ရရှိသဖြင့် သွားရောက်စုံစမ်းခဲ့ရာ ဒီဇင်ဘာ ၂၀ ရက်နေ့တွင် စစ်သင်တန်းတက်ရန် ရခိုင်မြောက်ပိုင်းရှိ AA စခန်းတစ်ခုသို့ စက်လှေဖြင့် ပို့ဆောင်လိုက်ကြောင်းသိရှိရသည့်အတွက် စိုးရိမ်နေကြောင်း ၎င်းကပြောကြားခဲ့သည်။

ထိုသို့လိမ်လည်၍ အတင်းအဓမ္မလူသစ်စုဆောင်းခြင်းကို ULA/AA စနဲတိုက်နယ်မှူး လင်းလင်းနှင့် မြတန်ဆောင်းဘုန်းကြီးတို့မှ ဆောင်ရွက်ခြင်းဖြစ်သည်ဟု ဒေသခံများထံက စုံစမ်းသိရှိရသည်။

#MayYuHtarNay

Post a Comment

Previous Post Next Post