လွိုင်ကော်မြို့တွင်းသို့ ပစ္စည်းပြန်ယူသည့်စစ်‌ဘေးရှောင်များအားPDF အကြမ်းဖက်အဖွဲ့များမှ ဆက်ကြေးကောက်ခံနေ


လွိုင်ကော်မြို့မှ တိုက်ပွဲရှောင်သူများအနေဖြင့် နေအိမ်များတွင် ကျန်ခဲ့သော ပစ္စည်းများအားသွားရောက်သယ်ယူရာတွင်မွန်းဂျွိုင်းဟိုတယ် အနီးရှိ KNPP/KNDF အဖွဲ့ထံမှ ထောက်ခံ စာရယူ၍ တော်ဝင်စတိုးဆိုင်ရှေ့တွင်ရှိသော အဖွဲ့ထံသို့ပြသကာ ပစ္စည်းများပြောင်းရွှေ့ သယ်ဆောင်မှုများပြုလုပ်ရကြောင်း သိရသည်။

လွိုင်ကော်မြို့သို့ ပစ္စည်းများသွားရောက်သယ်ဆောင်သူ တစ်ဦး ၏ပြောပြချက်အရ မွန်းဂျွိုင်း ဟိုတယ်အနီးမှာထောက် ခံစာသွားယူသည့်အခါ ကားအကြီးအသေးအလိုက်ကားအသေးဆိုရင် (၃ သိန်းကျပ်)နှင့် ကားအကြီးဆိုရင်( ၅ သိန်းကျပ်)အထိပေးရကြောင်း၊ ပစ္စည်းတွေကိုနှမြောလို့သာ သွားယူရတာပါ ပိုက်ဆံလဲပေးရ မူးပြီးယစ်တာလဲခံရဟု ညောင်ရွှေမြို့တွင် စစ်ဘေးရှောင်လျက်ရှိသူ ကိုမျိုးအောင်မှပစ္စည်းများသွားယူစဉ် လည်းကောင်းကြုံတွေ့ရသော အဖြစ်အပျက်များကို ပြောပြခဲ့ပါသည်။

ကယားပြည်နယ်တွင်အကြမ်းဖက်များအနေဖြင့် ပြည်သူများအား ၎င်းတို့သွားခိုင်းသည့်လမ်း များမှသာ သွားလာစေပြီးအဖွဲ့လိုက် ဆက်ကြေးများ ကောက်ခံလျက်ရှိကြောင်းသိရသည်။

ရွှေနေကြာ

Post a Comment

Previous Post Next Post