The last 90° firing


ကမ္ဘာ့စစ်ပွဲသမိုင်းမှတ်တိုင်မှာတောင် ဒီ position မျိုးအလွန်အင်မတန်ရှားပါးပါတယ်
သည်ပုံကိုကြည့်ခြင်းအားဖြင့်
တပ်မတော်သားတွေရဲ့ ပြောင်မြောက်တဲ့ သတ္တိနဲ့
ခိုင်မာတဲ့သစ္စာတရားကို တွေးကြည့်ယုံဖြင့်ကြက်သီးထဖွယ်ပါ
နောင်ရိုးတိုက်ပွဲတုန်းက
ဘုရင်နောင်ကျော်ထင်နော်ရထာရဲ့ ဖောင်ဖျက်တိုက်နည်းမျိုးပါ

စိန်ပြောင်းတွေကို မိမိခေါင်းပေါ် 90° ထောင်ပစ်တယ်ဆိုတာက
မိမိစခန်းကုန်းထဲ ရန်သူအင်အားအလုံးအရင်းနဲ့
ရောက်လာတဲ့အခြေအနေမျိုးမှာ
မင်းတို့တွေလည်းအသေပဲ ငါတို့လည်းအသေပဲဆိုပြီး
မိုးပေါ်ထောင်ပစ်ပြီး ဗုံးမိုးရွာ လိုက်တာပါပဲ

စစ်ခံ တစ်ရာ
စစ်လာတစ်ထောင် ဆိုတဲ့အတိုင်း
ပစ်ကျင်းဘန်ကာအတွင်းမှာ ခံစစ်ဆင်ထားတဲ့
အင်အားတစ်ရာကိုတိုက်ဖို့
အင်အားတစ်ထောင်သုံးရတဲ့အတွက်
စခန်းရသွားပေမယ့်
လာတိုက်တဲ့ရန်သူဟာ ခံစစ်ဆင်ထားတဲ့သူထက်
အဆပေါင်းများစွာကျဆုံးရပါတယ်

ပိုဆိုးတာက သာမန် ဆုတ်ပေးတာမျိုးထက်
ရန်သူကို အများဆုံး သေအောင်
မိမိအသက်ပါအသေခံပြီး တွဲခေါ်သွားတာကတော့
သူရဲကောင်းများရဲ့ တုနှိုင်းဖွယ်ရာမရှိသောဂုဏ်ဒြဒ်ပါပဲ

လူတိုင်းက သေကြရမှာပါပဲ
ဒါပေမယ့်
မြတ်သောသေခြင်းမျိုးဖြစ်ဖို့သာလိုပါတယ်

တပ်ရေးဗိုလ်ကြီး
ငါ့အိမ်သန့်ရှင်းရေးလုပ်ထား
ပြီးရင်
နာရေးအတွက်ပါပြင်ထားဆိုသော

တပ်ရင်းမှူး တစ်ယောက်ရဲ့ စကားက
နောင်လာနောင်သားများအတွက်သမိုင်းဝင်
စကားအဖြစ်ကျန်နေရစ်ပေလိမ့်မည်

crd #

Post a Comment

Previous Post Next Post