၂၂/ ၁/ ၂၀၂၄ ရက်နေ့ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲသတင်းများ


#ကျောက်ဖြူမြို့ - ယနေ့နံနက် ၈ နာရီခွဲခန့်က ကျောက်ဖြူမြို့ရှိ ရေတပ်စခန်းဌာနချုပ်အား AA အကြမ်းဖက်လက်နက်ကိုင်အဖွဲ့မှ သစ်ပုတ်တောင်ကျေးရွာအတွင်းမှနေ၍ ရှော့တိုက်ဒုံး (၃)လုံးဖြင့် လာရောက်တိုက် ခိုက်ခဲ့သော်လည်း တပ်အပေါက်ဝအနီး၌ ကျရောက်ပေါက်ကွဲခဲ့ကြောင်းနှင့် အထိအ ခိုက်တစ်စုံတစ်ရာမရှိခဲ့ကြောင်း သိရှိရသည်။
 
#မြောက်ဦးမြို့ - ယနေ့နံနက် ၁၁ နာရီခွဲခန့်က မြောက်ဦးနယ်မြေခံတပ်ရင်းဖြစ်သည့် ၃၇၈ တပ်ရင်းအရှေ့ဘက်ရှိ တောင်ကြားကင်းစခန်းအား AA အကြမ်းဖက်လက်နက် ကိုင်အဖွဲ့မှ သာလွန်အင်အားများဖြင့် Drop Boom များကြဲ၍ တိုက်ခိုက်ခြင်း၊ လက် နက်ကြီး/ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခြင်းများပြုလုပ်ခဲ့တာကြောင့် အဆိုပါနေရာတွင် ကြံ့ကြံ့ခံရင်ဆိုင်၍ ပြန်လည်ခုခံတိုက် ခိုက်ချေမှုန်းခြင်း၊ ရန်သူရှိနေသည့် နေရာများအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများပြုလုပ်ခဲ့သောကြောင့် AA အကြမ်းဖက်လက်နက်ကိုင်အဖွဲ့မှ အထိနာခဲ့ကြောင်း သိရှိရသည်။

#ရမ်းဗြဲမြို့ - ယနေ့နံနက် ၈ နာရီခန့်က ရမ်းဗြဲမြို့အား လုံခြုံရေးဆောင်ရွက်နေသည့် တပ်စခန်းအား AA အကြမ်းဖက်လက်နက်ကိုင်အဖွဲ့မှ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် တပ်မတော်သားတစ်ဦး နိုင်ငံနှင့်လူမျိုးအ တွက် အသက်ပေးဆပ်ခဲ့ရကြောင်း သိရှိရသည်။

#ကျောက်တော်မြို့ - ယနေ့နံနက်အစောပိုင်းမှစ၍ ကျောက်တော်ဒေသရှိ တပ်မဌာန ချုပ်နှင့် နယ်မြေခံတပ်ရင်း (၃)ရင်းအား AA အကြမ်းဖက်လက်နက်ကိုင်အဖွဲ့မှ Drop Boom များကြဲ၍ တိုက်ခိုက်ခြင်း၊လက်နက် ကြီး/လက်နက်ငယ်များဖြင့် တိုက်ခိုက်ခြင်းများပြုလုပ်ခဲ့သော်လည်း မိမိတို့၏နေရာများတွင် ကြံ့ကြံ့ခံ၍ ခံစစ်ဆင်တိုက်ပွဲဝင်နေဆဲဖြစ်ကြောင်း သိရှိရသည်။

#မင်းပြားမြို့ - ယနေ့နံနက်အစောပိုင်းက ၃၈၀ တပ်အား AA အကြမ်းဖက်လက်နက် ကိုင်အဖွဲ့မှ အင်အားအလုံးအရင်းဖြင့် Drop Boom များကြဲ၍ တိုက်ခိုက်ခြင်း၊ လက် နက်ကြီး/လက်နက်ငယ်များဖြင့် တိုက်ခိုက်ခြင်းများပြုလုပ်ခဲ့သော်လည်း အရာရှိ/ စစ် သည်/ ရဲမေများ၏အပြင်းအထန်ပြန်လည် ခုခံတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ကူ/လေ ယာဉ်ပစ်ကူများဖြင့် ချေမှုန်းမှုတို့ကြောင့် သောင်းကျန်းသူများ မြောက်ဘက်သို့ ပြန် လည်ဆုတ်ခွာ ထွက်ပြေးသွားကြောင်းနှင့် မင်းပြားသို့ ထပ်မံစစ်ကူပို့ပေးသည့် ကမ်း ထိုးရေယာဉ်အား ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သောကြောင့် နှစ်ဖက်အပြင်းအ ထန်တိုက်ပွဲဖြစ်ပွားခဲ့ပြီး လာရောက်ပစ်ခတ် သူများအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ 

အဆိုပါတိုက်ပွဲအတွင်း တပ်မတော်သားအ ချို့ နိုင်ငံနှင့်လူမျိုးအတွက် အသက်ပေး ဆပ်ခဲ့ရပြီး၊ ဒဏ်ရာရရှိသူအချို့ရှိခဲ့ကြောင်း သိရှိရသည်။

AA အကြမ်းဖက်သောင်းကျန်းသူများအ နေဖြင့် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှစ၍ နှစ်ဖက်အပစ်ရပ်ငြိမ်း ချမ်းရေးဆောင်ရွက်မှုအား ဖောက်ဖျက်ကာ ရခိုင်ပြည်နယ်အတွင်း မြို့/ရွာများအား လက်နက်ကြီးများဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခြင်း၊ အများပြည်သူနေထိုင်ရာနေ ရာများ/ဈေးများအား Drop Bomb များကြဲ၍ မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံပြည်သူ များအား ဖမ်းဆီးနှိပ်ဆက်ခြင်း၊ လူသစ်အတင်းအဓမ္မဖမ်းဆီးခြင်း စသည့် အကြမ်း ဖက်မှုများအား နေ့စဉ်လုပ်ဆောင်နေသည့်အပြင် နယ်မြေခံတပ်ရင်းဌာနချုပ်များ၊ တပ်စခန်းများ၊ မြို့များအား တိုက်ခိုက်နေသည့်အတွက် တပ်မတော်သားများ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များမှ အရေးကြီးနေရာများ၊ တပ်ရင်းဌာနချုပ်နှင့် စခန်းများ ရန်သူ့လက်အောက် မကျရောက်စေရေးအတွက် အပြင်းအထန်ပြန်လည်ခုခံတိုက်ခိုက်ချေမှုန်းလျက်ရှိနေသည်။

crd***MinChitOo
#JBT

Post a Comment

Previous Post Next Post