သွေးကွဲခြင်းက ရန်သူကို တစ်ဖက်လှည့်နဲ့အားပေးရာ ရောက်သည်ကို သတိပြုနိုင်ကြပါစေ...


လက်အောက်က စစ်သားတွေ ကျဆုံးနေတာကို
တပ်ချုပ်က သူ့မိသားစု ထိတာ မဟုတ်လို့
လက်ပိုက်ကြည့်နေတာ" ဆိုတဲ့ အရေးအသားမျိုးတွေကို
fb မှာ တွေ့ရများလာတယ်။

ခင်ဗျားတို့ ရေးဖန်များလာလို့
ရှေ့တန်းက စစ်သည်တွေမှာ အဲဒီ အတွေးအခေါ်မျိုးတွေ
ခေါင်းထဲဝင်သွားလျှင်
အကုန် လက်နက်ချကုန်လိမ့်မယ်။

အဲဒီအခါ တပ်မတော်ပြိုကွဲလိမ့်မယ်။

တပ်မတော်ပြိုကွဲခဲ့လျှင်
တပ်မတော်ကို တိုက်ခိုက်နေတဲ့ လက်နက်ကိုင်တွေက
တစ်ခုတည်းဆိုလျှင်တော့ ပြဿနာ မရှိဘူးပေါ့။

အနိုင်ရသူက အစိုးရဖွဲ့၊ တပ်မတော်ပြန်ဖွဲ့ပြီး
တိုင်းပြည်ကို ပြန်လည်ထူထောင်လို့ရသေးတယ်။

လက်နက်ကိုင် အဖွဲ့အစည်းပေါင်း ၁၉၀ ကျော်၊
အင်အားကြီးအဖွဲ့ပေါင်း ၇ ဖွဲ့ရှိတဲ့ ဒီနိုင်ငံက
တပ်မတော်ပြိုကွဲသွားသည်နှင့်
အချင်းချင်း စားကျက်လု စစ်ပွဲတွေ ဆက်ဖြစ်ကြပြီး
နိုင်ငံပါပြိုကွဲသွားလိမ့်မယ်။

နိုင်ငံ မပြိုကွဲခင်မှာပဲ
ခင်ဗျားတို့ပါ အေးအေး မနေရတဲ့ ဘဝတွေထိ
ရောက်သွားနိုင်တာရော သိမြင်ကြရဲ့လား မသိ။

ကိုယ့်အရေးအသား၊ ကိုယ့်အပြောအဆိုတွေကြောင့်
တိုက်ပွဲဝင် တပ်မတော်သားတွေရဲ့ စိတ်ဓာတ်ကိုကျဆင်းစေခြင်းကနိုင်ငံ သာမက ခင်ဗျားတို့ကိုပါ ဆွဲချသွားပါလိမ့်မယ်။

အပြစ်တင်ကြမည့်အစား
တတ်နိုင်သည့် ဘက်ကနေ ပါဝင်ပေးကြပါ။
မပါဝင်ချင်ဘူးဆိုလည်း ငြိမ်ငြိမ်လေး နေပေးခြင်းက
ကျွန်တော်တို့ကို ကူညီရာရောက်ပါတယ်။

ကျွန်တော်တို့ မသေသေးသရှေ့
နိုင်ငံနဲ့ ခင်ဗျားတို့ကို ကာကွယ်ပေးပါ့မယ်။

ခဏလေးပဲ တောင့်ခံပေးကြပါဦး။
သွေးကွဲခြင်းက ရန်သူကို တစ်ဖက်လှည့်နဲ့
အားပေးရာ ရောက်သည်ကို သတိပြုနိုင်ကြပါစေ။

- အတွေး တူပါက copy ယူပြီး ပြန်တင်ပေးကြပါပေါ့။
crd# Dr Nay zin latt

Post a Comment

Previous Post Next Post