နောက်ဆုံးခံစစ်တပ်ရင်းတစ်ခု


ခလရ( ၁၂၃ ) နမ့်ဖတ်ကာတပ်ရင်းဆိုတာနောက်ဆုံးအခြေအနေအထိ တပ်မိသားစုဝင်တွေနဲ့ တပ်မတော်သားတွေရန်သူကိုအနိုင်မခံအရှုံးမပေးပဲ တိုက်ခဲ့တဲ့တပ်ပါ လားရှိုးမူဆယ်ကြားကစခန်းတွေ နမ့်ခိုင် နမ့်ပေါ် ရင်ကွဲတောင် ၁၀၅ မိုင် မိုင်းယုလေးစတဲ့စခန်းတွေနဲ့ သိန်းနီ ကွတ်ခိုင် တပ်ရင်းတွေ အကုန်လုံးဆုတ်ပေးလိုက်ရတဲ့အချိန် နမ့်ဖတ်ကာ အခြေစိုက် ခလရ ( ၁၂၃ )က မကျခဲ့ပါဘူး စစ်ကူပစ်ကူတွေမလာနိုင်ပေမယ့် တပ်ရင်းထဲကစုဖွဲ့ထားတဲ့ စစ်ကြောင်းတွေလည်းကြာလာတော့ရိက္ခာတွေ ခဲယမ်းတွေနည်းပါးလာလို့ ဆုတ်ပေးလိုက်ရတာပါ လေယာဉ်နဲ့လာချတဲ့ ပစ္စည်းတွေလည်းသောင်းကျန်းသူတွေပတ်ချာလည်ဝိုင်းထားတဲ့တပ်ဘေးမှာကျတော့ ယူဖို့ကအဆင်မပြေဘာပဲပြောပြော ရမခ ဂွင်မှာတော့လေးစားဖို့ကောင်းတဲ့နောက်ဆုံးခံစစ်တပ်ရင်းတစ်ခုပါပဲ။

Post a Comment

Previous Post Next Post