ကျားဖြန့်နှိမ်နင်းရေးဂယက်---


ကိုးကန့် ပယ်စောက်ချိန်တို့ကို နေပြည်တော်မှာခိုလှုံခွင့်ပေးထားပြီးမှ တရုပ်လက်အပ်လိုက်တာဟာ မြန်မာပြည်ရဲ့ Ethnic Politics တိုင်းရင်းသားနိုင်ငံရေးမျက်နှာစာကိုအကြီးအကျယ်ပြောင်းလဲသွားစေမယ်လို့ယူဆရတယ်..
---
အစောပိုင်းကလဲ လောက်ကိုင်ဘက်မှာ ဖမ်းဝရမ်းထုတ်ထားသူတွေကို တရုပ်ရဲတွေကိုယ်တိုင်ဝင်ဖမ်းတာ မြန်မာဘက်ကဘာမှမလုပ်နိုင်ခဲ့သလို တရုပ်ကတောင်းဆိုတဲ့လူအများအပြားကိုဖမ်းပြီးလက်လွှဲပေးခဲ့ရတယ်..
အင်မတန်မာန်တက်နေတဲ့ UWSA ဝတွေလဲ တရုပ်အလိုကျတရားခံဖမ်းပေးရတာတွေရှိခဲ့သလို ပါတ်သက်နေသူတချို့ကိုခေါင်းဆောင်ပိုင်းကဖြုတ်ပေးခဲ့ရတာတွေလဲရှိခဲ့တယ်...
မလွန်ဆန်ရဲကြဘူး..
---
ကျားဖြန်လောင်းကစားနဲ့အွန်လိုင်းလိမ်လည်မှုတွေဟာ တရုပ်ပြည်မှာတင်မက တကမ္ဘာလုံးအုတ်အော်သောင်းနင်းဖြစ်လာတော့ တရုပ်တွေကမြန်မာပြည်ဘက်ကိုလက်ညိုးထိုးတယ်..
လုပ်ငန်းမြစ်ဖျားခံတဲ့နေရာကမြန်မာပြည်ဘက်ခြမ်း ကိုးကန့်/ဝ နယ်တွေမှာဆိုတော့လဲသူတို့လက်ညိုးထိုးတာမမှားဘူး ..
Global concerns တကမ္ဘာလုံးပြန့်လာတဲ့စိုးရိမ်စရာကိစ္စကြီးဖြစ်လာတော့ ပီကင်းဗဟိုအစိုးရက ထိထိရောက်ရောက်ဝင်ထိန်းရတော့တယ်..
ယူနန်နယ်စပ်ကအခြေအနေကိုသူတို့ဒီအတိုင်းလွှတ်ထားလို့မရတော့ဘူး..
---
ယူနန်နယ်စပ်နဲ့ ရှမ်းမြောက်ကျားဖြန့်လုပ်ငန်းတွေကိုနှိမ်နင်းဘို့ ပီကင်းအစိုးရရဲ့တိုက်ရိုက်ညွှန်ကြားချက်တွေကို ယူနန်အစိုးရကမဖြစ်မနေအကောင်အထည်ဖေါ်လာရတော့တယ်..
တကယ်တမ်းကတော့ အဲဒီကျားဖြန့်လုပ်ငန်းတွေမှာ ကိုးကန့်/ဝ တွေတင်မကဘူး ယူနန်အာဏာပိုင်အရာရှိကြီးတွေရော မြန်မာစစ်တပ်ဒေသတာဝန်ခံတွေပါ အစောပိုင်းကထည်းကပါဝင်ပါတ်သက်နေကြတယ်ဆိုတာ အသိသာကြီးပါ..
ဒါပေမဲ့အခု ပီကင်းဗဟိုအစိုးရက ဝင်အရေးယူလာပြီဆိုတော့ "အစောပိုင်းမှိန်းတုပ်နေကြတဲ့ ၃ ပွင့်ဆိုင်မျှခြေအနေအထား"ပျက်ဆီးသွားတယ်..
ယူနန်အစိုးရဟာ အစပိုင်းမှာ လောက်ကိုင်မှာအာဏာယူထားတဲ့ ပယ်စောက်ချိန်တို့ကိုရော မြန်မာစစ်တပ် ရမခ/ဒစက တွေနဲ့ပါညှိနှိုင်းခဲ့ပုံရတယ်..
ဒါပေမဲ့ကျွံနေတဲ့သူတွေကကျွံပြီးနှုတ်မရဖြစ်နေသလို ရှေ့ဖြစ်လာမဲ့အလားအလာတွေကို ကိုးကန့်နဲ့ ရမခ/ဒစက ကလျှော့တွက်ခဲ့ကြပုံရတယ်..
ယူနန်အစိုးရက MNDAA ဖုန်တာရှင်နဲ့ TNLA တွေကိုမီးစိမ်းပြ အထောက်အကူတွေပေးပြီးစစ်ရေးအရဝင်တိုက်ခိုင်းမှဘဲ ဒစကရော ပယ်စောက်ချိန်တို့ပါ ပြေးကြရတာ..
---
လောလောဆယ်မြင်ရတာကတော့ တရုပ်နဲ့မြန်မာစစ်တပ်ဟာ ၂ဖက်ညှိပြီး ပယ်စောက်ချိန်နဲ့ အထင်ကရကိုးကန်မိသားစု Clans တွေကို ရှမ်းမြောက်ကျားဖြန့်ပြသနာကြီးတခုလုံးရဲ့ အဓိကလက်သည်တရားခံတွေအဖြစ်ထိုးကျွေးလိုက်တာလို့ယူဆရတယ်..
ယူနန်အစိုးရအကြီးပိုင်းကပတ်သက်ခဲ့တာတွေကိုတော့ ပီကင်းအစိုးရကသူ့ဘာသူအတွင်းကြိတ်ရှင်းမှာဖြစ်သလို မြန်မာစစ်တပ်ဘက်ကလဲအလားတူလုပ်လိမ့်မယ်လို့မျှော်လင့်ထားပုံရတယ်..
အခုနေပြည်တော်မှာဖြစ်ခဲ့တာကိုကြည့်မယ်ဆိုယင်လဲ ဒီသဘောကိုဘဲတွေ့ရတယ်..
တရုပ်ပြည်ဟာ ရှေ့ဆက်ပြီး စစ်အစိုးရနဲ့ပိုနီးနီးကပ်ကပ်ပူးပေါင်းဆောင်ရွက်တော့မယ်ဆိုတဲ့သဘောကိုလဲပြနေတယ်..
---
ဒီဖြစ်ရပ်နဲ့ရုတ်ချည်းပြောင်းလဲမှုတွေဟာ ကရင်ပြည်နယ်ဘက်ကိုကူးစက်လာနိုင်စရာရှိတယ်..
ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ KK Park နဲ့ ရွှေကုက္ကို Cyber City ဟာ အလားတူ ကျားဖြန့်လုပ်ငန်းတွေအခြေချရာနေရာတွေဖြစ်ကြောင်း တရုပ်ဖက်ကရော ထိုင်းနိုင်ငံကပါလက်ညိုးထိုးနေကြပြီ..
ပူးပေါင်းနှိမ်နင်းဘို့လဲအစီအစဉ်တွေဆွဲနေကြပြီ..
ဒီအရေးမှာ နစက ဘယ်လိုတုန့်ပြန်မလဲဆိုတာမသိနိုင်သေးပေမဲ့ ရှမ်းမြောက်နဲ့အလားတူ "တရားခံရှာပေးရမဲ့အနေအထား"ဆိုတာကတော့ရှင်းပါတယ်..
---
ကရင်နယ်စပ်ကသက်ဆိုင်သူတွေတော့ မျက်ခုံးလှုပ် ဒူးတုန်နေလောက်ပြီ..
ဒီလောက်ပြသနာကြီးမှာလက်သည်မပေါ်လို့တော့ဘယ်ဖြစ်မလဲ..
---
"တရားခံဘယ်သူလဲဟေ့"..
သန်းလွင်ထွန်း

Post a Comment

Previous Post Next Post