(ယုံကြည်ချက်)



တရုတ်ကူမင်း ဆွေးနွေးပွဲရလဒ်မအောင်မြင်ဘူးလို့
လိုင်းပေါ်မှာအများစု ရေးထားတာတွေ့ရတယ်။
​မျောက်သုံးကောင်က လားရှိူးနဲ့ မူဆယ် ကို ဆက်
တိုက်မယ် ဆိုတဲ့ သတင်းလည်း ဖတ်ရပြန်တယ်။

ဒါဟာ ရန်သူ ကို စစ်ဦးချိုးဖို့ အကောင်းဆုံးအချိန်
အကောင်းဆုံး အခွင့်အရေးပဲ။

ဥာဏ်မီသလောက်အကြံပြုရရင်
ဒီနေ့ စစ်ပွဲတွေ မှာ
နံပါတ် တစ် အရေးကြီးတာ က မောင်းသူမဲ့ဒရုန်း
နဲ့ တန်ပြန်စစ်ဆင်ဗုံးကျဲနိုင်ဖို့ ပြင်ထားသင့်တယ်။
ကင်းထောက်ဒရုန်းနဲ့ တွဲဖက်ပြီး ရန်သူ့ခေါင်းတည့်
တည့်ကျအောင် ပစ်နိုင်အောင် ပြင်ထားသင့်တယ်။
ဖြစ်နိုင်ရင် မူဆယ်နဲ့ လာရှိူးကို မြန်မာပြည်မှာ ရှိနေ
တဲ့ ဒရုန်းတွေ ၊ ဒရော့ဗုံးတွေ ၊ ဒရုန်းပညာရှင်တွေ
ကို လာရှိူးနဲ့ မူဆယ်ကို များများပို့ ပြီး စစ်ပြင်ဆင်
ထားသင့်ပြီ။

နံပါတ် နှစ် စိတ်ဓာတ်ပဲ။
တိုက်လို ခိုက်လို စိတ်မြင့်မားတဲ့ အရာရှိ/စစ်သည်
တွေ ဖြစ်အောင် အနီးကပ်ကြပ်မတ်ထားရမယ်။
တိုက်ပွဲဝင်စိတ်ဓာတ်နဲ့ အောင်စိတ်မြင့်မားတဲ့
အရာရှိ/စစ်သည်တွေ ဖြစ်ပါစေ။

နံပါတ် သုံး က အုပ်ချုပ်ထောက်ပံ့မှုကောင်ခြင်း။
အကျယ်ချဲ့မရေးတော့ဘူး။စစ်ပွဲအတွင်း လိုအပ်
တာမှန်သမျှ အချိန်နှင့် တစ်ပြေးညီ ပြတ်လပ်မှု
မရှိစေရေးဖြည်ဆည်း
ပေးနိုင်အောင် စီမံထားသင့်တယ်။

နံပါတ် လေး က စစ်ကူ ပစ်ကူပဲ။
လက်ရှိအခြေအနေ က စစ်ကူမလိုလောက်အောင်
ကို အင်အားကောင်းနေကြောင်း ကြားသိရလို့
ဝမ်းသာမိတယ်။တစ်ဖက်မှာ လည်း စစ်ကူ
အစီအမံတွေ လည်း ရှိနေလို့ အားတက်စရာပဲ။

ပစ်ကူကတော့ အတော်အရေးကြီးတယ်။
လက်နက်ကြီး ပစ်ကူရော လေယာဥ်ပစ်ကူပါ
ရန်သူ့ ခေါင်းတည့်တည့်ကျအောင် စီမံထား
သင့်တယ်။တိုက်ခိုက်ရေး ရဟတ်ယာဥ် တွေ
ဖောဖောသီသီသုံးပြီး တိုက်ခိုက်သင့်တယ်။ညအချိန်မှာ
ပါ ပစ်ကူပေး နိုင်တဲ့ တိုက်လေယာဥ်တွေ နဲ့
လက်စတုန်းချေမှူန်းသုတ်သင် သွားရမယ်။

နံပါတ် ငါး က သံတမန် ဆက်ဆံရေး။
အရေးကြီးတယ်။အထူးသဖြင့် တရုတ်နဲ့
ဆက်ဆံရေး ၊ အိမ်နီးချင်းနိုင်ငံတွေနဲ့
အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးကောင်း
အောင် တည်ဆောက်ထားသင့်တယ်။

နံပါတ် ခြောက် က စစ်တလင်းဗျူဟာ ခင်း
ရမယ်။ ဒါက ရန်သူ က ကိုယ့် ကို လာတိုက်
ချိန်မှာ သူ့ရဲ့ နောက်ပိုင်းဌာနချုပ်တွေ ၊
အုပ်ချုပ်ထောက်ပံ့မှု လမ်းကြောင်းတွေ၊
သူသိမ်းထားတဲ့ မြို့ရွာ တွေ ကို ဖျက်အား
ပြင်း ဗုံးတွေနဲ့ ကျဲချပြီး စစ်တလင်း လုပ်
ကာ ရှေ့တိုးမယ့် ရန်သူ့ ခြေလှမ်းတွေ နောက်
ပြန်ဆုတ်သွားအောင် လုပ်ရမှာကို
ဆိုလိုခြင်း ဖြစ်တယ်။

နံပါတ် ၇ က ပြည်သူလူထု ရဲ့ ထောက်ခံ
အားပေးမှု ၊ ဒါလည်း အရေးကြီးတယ်။
ဒီအချိန်နဲ့ ဟာ တပ်နဲ့ ပြည်သူ တစ်သားတည်း
ဖြစ်ရမဲ့ အချိန် ၊ ရန်ဖြစ်ရမယ့် အချိန်မဟုတ်
ဘူး။ကျူးကျော်စစ်ဆိုတာ သဘောပေါက်
ဖို့ လိုတယ်။ရိုးရိုးကျူးကျော်တာမျိုးမဟုတ်
ဘဲ ဗမာနဲ့ အခြားတိုင်းရင်းသားတွေ အကုန်
လုံးကို မြန်မာ့မြေ က မောင်းထုတ်ပြီး
မြန်မာတွေ ကိုးကွယ်ကြတဲ့ ဗုဒ္ဓဘာသာ
ဘုရားတွေ ကို ပါ ဖျက်ဆီးပစ်တဲ့ ဘာသာမဲ့
ကွန်မြူနစ် ဝါဒရဲ့ ကျူးကျော်မှုကြီး ကို
တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးနဲ့ အတူ
ပြန်တွန်းလှန်ကြရမယ်။

ဒါကြောင့် တပ်မတော်နဲ့ ပြည်သူ လူထုပူး
ပေါင်းပြီး ရန်စ ကျူးကျော်လာ
တဲ့ မျောက်သုံးကောင်ကို လက်စတုန်းချေမှူန်း
ပြီး တို့ နိုင်ငံ ရဲ့ သမိုင်းသစ် ကို ကမ္ပည်းထိုး
ကြမယ်။

နောင်တစ်ချိန် မျောက်သုံးကောင် ကို
မြင်ချင်ရင် အရုပ်ရေး မှ မြင်နိုင်တော့မဲ့
အခြေအနေထိ ရောက်အောင် ရဲရဲရင့်ရင့်
နဲ့ တိုက်ခိုက်ကြမယ်။

တပ်မတော်ရဲ့ တရားသောစစ် မလွဲမသွေ
အောင်မြင်မယ် လို့ ယုံကြည်တယ်။

ဒါဟာ ဒို့မြန်မာပြည်သူ လူထု ယုံကြည်ချက်ပဲ။

Crd:အောင်နိုင်သူ(ဇွဲကပင်)(11.1.24)

Post a Comment

Previous Post Next Post