ဒါ...မြန်မာပြည် သိစေမည်


-
မြန်မာဆိုသည်မှာ မြန်လဲမြန်သည် .. မာလဲမာသည်။ နိုင်ငံတော်ကို စစ်တိုက်ကာ စုစည်းခဲ့သည့် စစ်ဘုရင်တွေအားလုံးကား မြန်မာတွေချည်း။
-
သို့သော် .. မြန်မာတွေသည် မည်သူ့ကိုမျှ ရန်မစသလို မည်သူ့ကိုမျှလဲ မကျူးကျော်ခဲ့။ But မိမိတို့၏ အမျိုး၊ ဘာသာ၊ သာသနာကို ထိပါးစော်ကားလာလျှင်တော့ နည်းနည်းလေးမှ သည်းမခံဘဲ ရေဆုံးမြေဆုံး ချေမှုန်းတတ်သူများဖြစ်သည်။
-
၂၀၂၃ ရက်နေ့ ၁၀ လပိုင်းမှာ ကျားဖြန့်ဆိုသည့်ခေါင်းစဉ်ဖြင့် မြောက်ပိုင်းသုံးဖွဲ့က တပ်မတော်၏ နယ်စပ် ဒေသစခန်းများကို စတင်တိုက်ခိုက်ခဲ့သည်။ အင်အားကြီးနိုင်ငံ၏ အကူအညီဖြင့် သာလွန်အင်အားသုံးကာ နယ်စပ်မြို့များမှတစ်ဆင့် အရှေ့မြောက်ဒေသ သံလွင်နောက်ခြမ်းထိကို တိုက်ခိုက်လာခဲ့တာ ခုဆိုလျှင်ဖြင့် နှစ်လကျော် ကာလအတွင်းကို ရောက်ရှိခဲ့ချေပြီ။
-
နည်းပညာသာလွန်မှုနှင့် တစ်နိုင်ငံလုံး စစ်ပတ်တိုက်နေသဖြင့် စစ်ပန်းနေသည့် တပ်မတော်၏ အားနည်းချက် ကို ချနင်းကာ အင်နဲ့အားနဲ့ဝင်တိုက်ခဲ့သဖြင့် အရှေ့မြောက်ဒေသတွင် သံလွင်အရှေ့ခြမ်းရော အနောက်ခြမ်းရော နေရာအတော်များများ မြန်မာလို မပြော၊ မြန်မာလိုမသုံး၊ တိုင်းတစ်ပါးစာအား သူတို့၏ ကိုယ်ပိုင်ဘာသာစကားသဖွယ် အသုံးပြုနေသော ကျူးကျော်စော်ကားသူများကား ခေတ္တ သိမ်းပိုက်နိုင်ခဲ့ လေသည်။
-
ယနေ့ အခြေအနေကား သိန္ဒီနှင့် ကွတ်ခိုင် ဒေသကပါ တပ်မတော်မှ ဆုတ်ခွာ ခဲ့ရသည်။
-
အရှေ့မြောက်မှ ကျူးကျော်သူများသည် ခေတ်အဆက်ဆက်က မိမိတို့မြန်မာကို မကြာခဏ ကျူးကျော် စော်ကားခဲ့ကြသည်။ ပုဂံခေတ်မှာလဲ အရှေ့မြောက်မှ ကျူးကျော်သူများမှာ မိမိတို့၏ မဟာနိုင်ငံတော်ကို ဖျက်ဆီးခဲ့သည်အထိ ရန်စခဲ့ကြသည်။
-
ယခုလဲ လောက်ကိုင်ဒေသ ကို “ဗမာမဝင်ရ” ဆိုသည့်အမိန့်ထုတ်သည်။ ဗမာ ရွေ့ပြောင်းအလုပ်သမားများကို ကြိုးနှင့်ချည်ကာ ခွေးမောင်းသလိုမောင်းထုတ်သည်။ အဆိုးဆုံးကတော့ ယနေ့သင်းတို့ မိစ္ဆာတွေကိုယ်တိုင် တင်သည့်မူဗီဖြစ်သည်။ ပွိုင့် ၂၂၀၂ ပေါ်တွင် တည်ထားသော စေတီပုထိုးကို ထုဖြင့်ထုကာ ဖျက်ချနေသည့် မူဗီ။ အရမ်းကို အသည်းနာဖို့ကောင်းလိုက်သည်ဖြစ်ခြင်း။
-
အစ ပထမ ကျားဖြန့်ဟုခေါင်းစဉ်တပ်လာသည့် သင်းမိစ္ဆာသူပုန်များကား ယခုတော့ သင်းတို့ မျက်နှာဖုံးကားဖုံးလို့မရတော့။
-
“မင်းတို့ ဗမာတွေtayတာ။ ငါတို့ ပလောင်တွေသေတာမဟုတ်ဘူး .. ဟားဟား” ဆိုပြီး အတိအလင်း ထုတ်ပြောလာသည့် TNLA ရဲ့ စကားနှင့် “မင်းတို့ ဗမာ PDF တွေကို ရှေ့ကတင်တိုက်တယ်။ tayရင် ဒီကောင်တွေအလောင်းကို မူဗီရိုက်ပြီး တင်ဦးမှာ” ဆိုပြီးပြောသည့် MNDAA ရဲ့ စကားတွေမှာကိုက မိမိတို့ မြန်မာတွေအပေါ်မှာ ဘယ်လိုသဘောရှိဆိုသည်ကား ကလေးမပြောနှင့် ခွေးလေးတွေမေးလျှင်တောင် သိနိုင်သည်ဖြစ်သည်။
-
ကဲ ... ထားပါ။ ယခု ရန်သူ မိစ္ဆာကျူးကျော်သူများသည် လားရှိုးကိုချီလာပြီဟု ကြားသည်။ မြန်မာတို့၏ ဘိုးဘွားတွေထူထောင်ခဲ့သည့် နိုင်ငံတော်မြေပုံကို အခြားသူတို့၏ ဘာသာစကားသုံးသူများကား ဖဲ့ယူကြဖို့ကြိုးစားသည့် နောက်ဆုံးတိုက်စစ်လို့ ခေါ်နိုင်သည်။
-
မြန်မာတွေ စည်းလုံးဖို့သင့်ချေပြီ။ မိမိတို့ အချင်းချင်း မသင့်မမြတ်နှင့် နိုင်ငံရေးအာဏာရယူလိုမှုကို ရှေ့တန်းတင်ကာ တိုက်ခိုက်မှုများ ခဏရပ်ပြီး အရှေ့မြောက်မှ ကျူးကျော်သူများကို ရင်ဆိုင်ဖို့ အချိန်တန်ပြီ။
မိမိတို့ မြန်မာတွေသွေးကွဲနေချိန်ဝယ် တိုင်းပြည်ကို တစ်စချင်းဖဲ့ထုတ်ဖို့ကြံနေသည့် မိစ္ဆာတွေသည် မည်သူ့ကိုမျှ စေတနာမရှိဆိုတာကို အားလုံးနားလည်စေချင်ပါသည်။ ဖယ်ဒရယ်တို့ တိုင်းရင်းသားရေးတို့ ဆိုသည့် စာသားတွေနှင့် မိမိတို့ အမိ နိုင်ငံတော်ပေါ်တွင် တိုင်းတစ်ပါးဘာသာစကားများရေးသားထားသည့် မုခ်ဦးများကို မြင်ချင်ကြပါသလား။ တချိန်က ဒါတို့တစ်တွေပိုင်ခဲ့သည့်မြေဆိုပြီး လွမ်းတမြေ့မြေ့ ပြောရင်း နောင်တတွေရချင်ပါသလားခင်ဗျာ။
-
မြန်မာတွေသည် မညံ့ကြပါ။ ဆင်ဖြူရှင်လို စစ်ဘုရင်နှင့် အရှေ့မြောက်က ကျူးကျော်သူများကို သုံးကြိမ်တိုင်တိုင် အဘားအဘားနှင့် အော်ပြေးအောင် စွမ်းဆောင်နိုင်ခဲ့ဖူးပါသည်။ ကူမင်တန်တွေကို လေယာဉ်ချင်းစီးချင်းထိုးပြီး မောင်းထုတ်ဖူးသည်။ ဗကပ အမည်ခံ ရွှေတိဂုံဘုရားကိုဖြိုချဖို့ ကြံနေသူများကို အမြစ်ပါမကျန် တိုက်ထုတ်ဖူးပါသည်။ မညံ့ကြပါ .. စစ်ဘုရင်များထွန်းကားသည့် လူမျိုးဖြစ်သည်။
-
ယနေ့ခေတ် မျိုးဆက်လူငယ်တွေသည်လည်း ခပ်တုံးတုံးတွေထဲ မပါဘူးဆိုတာ ဘိုးဘွားတွေ ဓားနှင့် ထမ်းကာ တည်ဆောက်ခဲ့သည့် နိုင်ငံတော်ကို ပြန်လည်ကာကွယ်ခြင်းဖြင့် သက်သေပြကြပါစို့။ တပ်မတော်နောက်မှ မိမိတို့ မြန်မာနိုင်ငံသူ/နိုင်ငံသားများအားလုံး အတူတကွရပ်တည်ကြပါစို့။
-
ရန်ဖြစ်နေတာတွေခဏရပ်ပြီး ဒါ မြန်မာ ဆိုတာသိအောင်ပြကြပါစို့လို့ တိုက်တွန်းရင်း ........
“မြန်မာဇာနည်အချင်းတို့ ဒါမြန်မာပြည်
မဟာသာကီမင်းမှ မျိုးနွယ်ဆင်းသည်
သမ္ဘာတာရှည်လင်း၍အာဏာပိုင်နန်းတည်
ဒါ .. မြန်မာပြည်သိစေမည်။”

မင်းထက်ကျော်ဇော

Post a Comment

Previous Post Next Post