ဒီမြေ ဒီရေ ဒီတိုင်းပြည်


တိမ်သား တိမ်လိပ်တို့ ကင်းစင်ပြီး ပြာလွင်သော ကောင်းကင်ကြီး၏ အောက်တွင် ကြှနျုပျတို့ အတူတကွ
မှီတင်း နေထိုင်ကြသည်။
ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်းဟူ၍ ဘိုးဘွားစဥ်ဆက် မြတ်နိုး တန်ဖိုးထားဖြစ်တည်ခဲ့ကြလေသည်။
ထိုတန်ဖိုးအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဟု ခေါ်တွင်စေသည်။
ဘိုးဘွားများ စုပေါင်းအား အသက်သွေးချွေးများဖြင့် ရင်းနှီး ဖန်တီးခဲ့သော တစ်ခုတည်းသော အခမ်းနားဆုံး ချစ်ခြင်းတရားပင်ဖြစ်လေသည်။
နိုင်ငံ၏အလံတော်သည် လေမှာ တလူလူ တလွင့်လွင့်ရှိသည်မှာကား သူရဲကောင်း အာဇာနည်ဘိုးဘွားများ၏ ဝင်သက်ထွက်သက်တို့ကြောင့်သာဖြစ်ပေလိမ့်မည်။

လွတ်လပ်ရေးကြီးရတော့မည်ဆိုသည့်အချိန်တွင်လည်း
မြန်မာတို့ပိုင်ဆိုင်ခဲ့သည့် ရွှေငွေတို့သည်လည်း တန်ပေါင်းများစွာ ကုဋေပေါင်းများစွာ စစ်လျော်ကြေးအဖြစ်ပေးခဲ့ရသေးသည်။

လွတ်လပ်ရေးဆိုသည့်အရာ အသံကြားရုံမျှမကြာသေး တောင်တန်းပြည်မ ပေါင်းစည်းလက်တွဲရေး ကြိုးပမ်းနေရုံမျှ ရှိစဥ်မှာပဲ သောင်းကျန်းသူ ရောင်စုံသူပုန်များ တောခိုထကြွလေတော့သည်။

မြန်မာဆိုသည့် ခေါင်းစဥ်အောက်တွင် ပြည်သူကြိုက်သည်ဆိုသော အစိုးရ မကြိုက်ပါဟူသော အစိုးရ များစွာထွက်ပေါ်ခဲ့လေသည်။

ပြည်သူကြိုက်ခြင်း မကြိုက်ခြင်းအသာထား အစိုးရတိုင်းနီးပါး၏ လက်ထက်များတွင် သောင်းကျန်းသူများစွာပေါ်ထွက်ပြီး တိုင်းပြည်ကို ပုန်ကန်ခြားနားဖို့ ကြိုးစားခဲ့ကြသည်။

တပ်မတော်သည် လွတ်လပ်ရေးသမိုင်းကြောင်းကို ဦးဆောင်ရေးဆွဲခဲ့ရုံမျှမက လွတ်လပ်ရေးမပျောက်ပျက်သွားရေးကိုလည်း ဦးလည်မသုန် ကြိုးပမ်းရွက်ဆောင်ခဲ့ကြရသည်။

နိုင်ငံ၏ အချုပ်အခြာအာဏာ ပိုင်နက်နယ်မြေတို့ ပြိုကွဲပဲ့ထွက်လုနီးပါးအခြေအနေတွေကိုလည်း အသက်စွန့်ကာကွယ်ခဲ့ကြသည်။

ရေပြာပင်လယ်မှ ခါကာဘိုရာဇီတောင်ဖျားထိသော အချုပ်အခြာအာဏာတို့ကို ကာကွယ်ထိန်းသိမ်းရန်မှာ ၁၃၀ ကျော်သော သွေးချင်းညီနောင်မောင်နှမများ၏ တာဝန်သာဖြစ်သည်။

လှိုင်းကြမ်းတို့ ဖြတ်ကျော်ခဲ့ကြသည် မုန်တိုင်းအလား ခက်ထန်ခဲ့ရသည်။ အနိမ့်အမြင့် အတက်အကျပေါင်းများစွာနှင့် ကြှနျုပျတို့ အမိမြေမှာ ကျိန်စာသင့်နေသည့်အလား ညည်းတွား ပင့်သက် မောခဲ့ရသည်။

ယနေ့ ၇၆ နှစ်ကြာခဲ့လေပြီ။

နိုင်ငံတော်နှင့် နိုင်ငံသားများသည်လည်း နွံကြားထဲ စွန့်စားနေရဆဲ..။
အစိုးအဆက်ဆက် ပုန်ကန်ခြားနားသူများသည်လည်း ဆက်လက် ပုန်ကန်ခြားနားနေကြဆဲဖြစ်သည်။

ယနေ့ အသက်ဝင်စ ရန်ကုန်မြို့၏ နံနက်ခင်းသည် နိုင်ငံတော်အလံတလူလူ လွှင့်ထူထားသည့် လမ်းတစ်လျှောက် ရောင်စုံမီးများဖြင့် ထွန်းညှိဂုဏ်ပြုကာ အလှဆင်ထားသည်။

တစ်ခါတစ်ခါ  နိုင်ငံတော်အလံများ တပ်ဆင်ထားသည့် မော်တော်ယာဥ်များကိုတွေ့ရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းက ပြည်သူအချို့သည်
လွတ်လပ်ရေးနေ့တွင် အတင်းအဓမ္မ ဖမ်းဆီးမှုကို ရှောင်ရှားရန်သတိပေးနေကြသည်။

ကျဥ်းမြောင်းသော လူမျိုးရေးနှင့် စစ်ဝါဒီစနစ်ကို အခြေခံကာ ပြည်သူလူထု၏ နေအိမ်များကို ဝင်ရောက်အခြေပြုကာ စစ်ပွဲဖန်တီးနေကြသည်။

ဒီရေ ဒီမြေ ဒီတိုင်းပြည်က ဒီမောင်နှမများသည် လွတ်လပ်ရေး၏ တန်ဖိုးကို မေ့လျော့နေကြတော့သည်။

ကျွန်တော့်အနေနှင့်
ပြည်ထောင်စုမပြိုကွဲရေးသည် ပထမဖြစ်ပြီး
အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးသည်လည်း
ပဓာနဖြစ်ပါကြောင်း....။

#aungmoekyaw

Post a Comment

Previous Post Next Post