စစ်ပွဲတွေကို မမျှော်ပါနဲ့


လတ်တလောတိုက်ပွဲတွေ ဖြစ်ပေါ်နေတဲ့အခြေအနေမှာ အကြမ်းဖက်မှုကို အားပေးနေတဲ့ အစွန်းရောက် လူတချို့က စစ်ပွဲတွေကို ကိုယ့်အရပ်ကိုယ့်ဒေသကို ရောက်လာအောင် စစ်ပွဲမျှော်တဲ့ပုံစံမျိုးတွေ တွေ့မြင်နေရပါတယ်။

စစ်ပွဲတွေရဲ့ ခါးသီးတဲ့ အကျိုးဆက်တွေကို စစ်ဖြစ်တဲ့ဒေသတွေက ပြည်သူတွေပဲသိကြတယ်။ အခုနောက်ပိုင်း ဖြစ်ပွားလာတဲ့ စစ်ပွဲတွေဟာ တိုင်းရင်းသားဒေသတွေမှာ ဖြစ်လာတာထက် စစ်ကိုင်းနဲ့ မကွေးတိုင်းလို ဒေသတွေမှာ ဖြစ်ပွားလာခြင်းဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ “စာ”တတ်လာကြလို့ပဲ ဖြစ်ပါတယ်။
-
EAOs တွေက သူတို့ဒေသမှာ စစ်ပွဲတွေဖြစ်ရင် သူတို့ဒေသက ပြည်သူတွေနစ်နာဆုံးရှုံးမှုတွေရှိလာသလို၊ ဒေသဖွံ့ဖြိုးမှု ပိုမိုနောက်ကျလာမှာဆိုတာကို သိလာကြတယ်။ အဲဒါကြောင့်လည်း သူတို့ဒေသမှာ စစ်ပွဲတွေ တတ်နိုင်သမျှ ရှောင်လာကြတာကို တွေ့ရမှာဖြစ်ပါတယ်။
-
ဒါကို မသိနားမလည်တဲ့ အကြမ်းဖက်အားပေး အစွန်းရောက်တွေက ကိုယ့်ဒေသကို စစ်ပွဲတွေရောက် လာအောင် အကြမ်းဖက်သမားတွေကို ခိုအောင်းခွင့်ပြုတယ်။ အကြမ်းဖက်လုပ်ရပ်တွေကို အားပေးကူညီ တယ်။ အကြမ်းဖက်သမားတွေ ခိုအောင်းလို့ စစ်ပွဲတွေဖြစ်ရင်း ပြာပုံအတိဖြစ်သွားတဲ့ ထန်တလန်နဲ့ လွိုင်ကော်မြို့တွေဟာ သာဓက တစ်ခုပါပဲ။
-
လက်ရှိဖြစ်ပွားနေတဲ့ စစ်ပွဲတွေနဲ့ပတ်သက်ပြီး NUG က EAOs တွေကို မြှောက်ပင့်ပေးပြီး တိုက်ခိုက်မှုတွေ စေခိုင်းနေတယ်ဆိုပေမယ့် တကယ်တော့ NUG ကိုယ်တိုင် EAOs တွေကို မထိန်းချုပ်နိုင်သလို၊ EAOs တွေကလည်း NUG ရဲ့ဩဇာကို အလုံးစုံနာခံမယ့်သူတွေ မဟုတ်ပါဘူး။
-
စစ်ဖြစ်လို့ တရားဥပဒေစိုးမိုးမှုမရှိတော့ဘဲ အကြမ်းဖက်မှုတွေ ကြီးစိုးလာတဲ့ဒေသမှာ တရားမျှတမှု ဆိုတာလည်း ရှိတော့မှာမဟုတ်ပါဘူး။ အဲဒီလိုဖြစ်လာရင် ဥပဒေဆိုတာဟာလည်း သေနတ်ပြောင်းဝမှာပဲ တည်လာကြမယ်။
-
ဥပမာတစ်ခုပေးရရင် ထန်တလန်နဲ့ လွိုင်ကော်တို့လို စစ်ပွဲတွေကြောင့် ပြာပုံအတိဖြစ်ခဲ့ရတဲ့ မြို့ရွာတွေရှိ လာလိမ့်မယ်။ အဲဒီလိုအခြေအနေနဲ့များ ဆုံကြရပြီဆိုပါစို့… မိမိနေထိုင်တဲ့ အိမ်ခြံမြေနေရာတွေ၊ မြေပိုင်ဆိုင်မှုတွေကို ဘယ်အဖွဲ့အစည်းက ဦးဆောင်ပြီး ဖြေရှင်းပေးမှာလဲ။ ဥပဒေစိုးမိုးမှုမရှိတဲ့အတွက် ပိုင်ဆိုင်မှုအငြင်းပွားစရာတွေဖြစ်လာရင် ဘယ်အဖွဲ့အစည်းကို သွားတိုင်ကြားမှာလဲ။
-
သေနတ်ပြောင်းဝမှာ ဥပဒေဖြစ်နေတာမို့ အင်အားကြီးတဲ့သူတွေသာ မြေယာပိုင်ဆိုင်မှုမှာ အနိုင်ရတာတွေ ဖြစ်လာပြီး သာမန်ပြည်သူတွေအနေနဲ့ တရားမျှတမှုမရှိဘဲ အနိုင်ကျင့်ခံရတာတွေကိုပါ ရင်ဆိုင်ကြရမှာ ဖြစ်ပါတယ်။ ဒါက မြေယာကိစ္စတစ်ခုတည်းပဲ ဥပမာပေးပြီး ပြောတာပါ။ အခြားလူမှုရေးကိစ္စတွေဖြစ်လာ ရင်လည်း ဘယ်အဖွဲ့အစည်းကိုတိုင်ကြားပြီး ဘယ်အဖွဲ့အစည်းက တရားမျှတအောင် ဖြေရှင်းပေးမှာလဲ ဆိုတာ စဉ်းစားကြည့်ရုံနဲ့ ရင်လေးစရာကောင်းပါတယ်။
-
ဒီထက်ဆိုးရွားတဲ့ နောက်ထပ်အခြေအနေတစ်ခုကိုပြောရရင် စစ်ပွဲတွေဟာ နိုင်ငံရဲ့အနာဂတ်နဲ့ လူငယ်မျိုးဆက်သစ်တွေရဲ့ဘဝတွေကိုပါ tတ်ဖြတ်နေတာပဲဖြစ်ပါတယ်။ စစ်ပွဲတွေကြောင့် ကျောင်းတွေ မဖွင့်နိုင်တဲ့ဒေသတွေ အများအပြားရှိလာတယ်။ စာသင်နေတဲ့ကျောင်းတွေကိုလည်း အကြမ်းဖက်တိုက်ခိုက် တာတွေ၊ ဖျက်ဆီးတာတွေ ပြုလုပ်လာတဲ့အပြင် ကျောင်းဆရာ/ဆရာမတွေကိုပါ ခြိမ်းခြောက် tတ်ဖြတ်တာတွေ ရှိလာခဲ့တယ်။ ဒီလိုအခြေအနေတွေကြောင့် အနာဂတ်မျိုးဆက်သစ် ကလေးတွေ ကျောင်းမတက်ရ၊ စာမသင်ရနဲ့ဖြစ်လာပြီး ကြာလာတာနဲ့အမျှ ပညာတတ်တွေရှားပါးပြီး နိုင်ငံအတွက် မျိုးဆက်သစ်လူတော်လူကောင်းတွေ မရှိတော့ဘဲ ဖြစ်လာပါလိမ့်မယ်။
-
နောင်လာမယ့် ၁၀ စုနှစ်တွေမှာ ဒီကလေးတွေကြီးလာရင် ပညာမတတ်ဘဲ နိုင်ငံကို ဘယ်လိုဦးဆောင် ကြမလဲ။ ချမ်းသာတဲ့နိုင်ငံတိုင်းမှာ စစ်ပွဲမရှိဘူး။ ပညာတတ်များတယ်။ အဲဒီအခြေခံ ၂ ချက် မပြည့်စုံရင် အဲဒီတိုင်းပြည်ဟာ တိုးတက်မှုနှေးကွေးပြီး ဆင်းရဲနေကြတာချည်းပဲဆိုတာ လေ့လာကြည့်ရင် သိနိုင်ပါတယ်။
-
တိုက်ပွဲတွေ လက်နက်ကိုင်တွေကြားမှာ ကြီးပြင်းလာတဲ့ ဒီကလေးတွေနဲ့ အနာဂတ်က ဘယ်လိုမှ လှပလာစရာ အကြောင်းမရှိဘူး။ ပညာတတ်လူဦးရေနည်းပါးလာတဲ့ နိုင်ငံဟာလည်း အာဖရိကတိုက်က နိုင်ငံတွေလို ဆင်းရဲမွဲတေမှုတွေနဲ့ ရင်ဆိုင်ကြရမှာဖြစ်ပါတယ်။
-
ဒါကြောင့် ပြည်သူတွေအနေနဲ့ စစ်ကိုလည်းမခေါ်နဲ့။ အကြမ်းဖက်မှုကိုလည်း အားမပေးနဲ့။ စစ်ပွဲတွေရဲ့ အနိဌာရုံက မြင်တွေ့ရတာ ဆိုးရွားသလို၊ ခံစားလို့လည်း မကောင်းပါဘူး။ စစ်ကြောင့် ကောင်းကျိုး ဖြစ်လာတာ တစ်ခုမှမရှိပါဘူး။ စစ်ပွဲတွေကြောင့် နိုင်ငံနဲ့ပြည်သူတွေ ဆင်းရဲဒုက္ခပေါင်းများစွာနဲ့ ကြုံတွေ့ ကြရမှာဖြစ်လို့ ဒီအခြေအနေကို ရောက်ရှိမလာအောင် တားဆီးဖို့ နိုင်ငံသားတိုင်းမှာ တာဝန်ရှိတယ်ဆိုတာ အားလုံးကို အသိပေးလိုက်ပါတယ်။
မင်းခန့်

Post a Comment

Previous Post Next Post