ရေမြို့နယ်၌ မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦး ပစ်ခတ်ခံရလို့ သေဆုံး


မွန်ပြည်နယ်၊ ရေးမြို့နယ်၊ စုံနံ့သာကျေးရွာ ဘောလုံးကွင်းအနီး၌ ဇန်နဝါရီ ၂၄ ရက်နံနက် ၇ နာရီခန့်က မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦး ပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့မှ နိုင်စိုးသူပါ သုံးဦးတို့သည် စုံနံ့သာကျေးရွာသို့ စျေးဝယ်ထွက်ရန် မော်တော်ယာဥ်ဖြင့် ထွက်ခွာလာစဉ် စုံနံ့သာကျေးရွာ ဘောလုံးကွင်းအနီး၌ အသင့်စောင့်ဆိုင်းနေသော PDF အကြမ်းဖက်အုပ်စုက ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ထိုသို့ပစ်ခတ်မှုကြောင့် ကားပေါ်ပါလာသူ ၃ ဦးလုံး သေဆုံးသွားခဲ့ကြောင်းနှင့် အဆိုပါ မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးတို့သည် အာယုတောင်နှင့် စုံနံ့သာကျေးရွာကြားရှိ ခံသင်းတံတားတွင် လုံခြုံရေးဆောင်ရွက်နေသူများဖြစ်ကြောင်း ဒေသခံများ၏ ပြောပြမှုအရ သိရသည်။
#𝙢𝙝𝙩𝙣𝙚𝙬𝙨

Post a Comment

Previous Post Next Post