မကွဲမခွဲ လက်တွဲကြရမယ့်အချိန်


ခုလိုစစ်ရေးအကြပ်အတည်းနဲ့
ရင်ဆိုင်နေရချိန်မှာ အရွယ်လွန်
စစ်သည်ဟောင်းတွေကနိုင်ရာ
နေရာ ဝင်ထမ်းရွက်ပေးချင်ကြ
တယ်။

စိတ်သာရှိတယ်ကိုယ်လိုက်နိုင်
ကြဖို့တော့ မလွယ်လောက်ဘူး။
ကျနော်တို့တောင်အသက်၇၀နီး
ပြီဆိုတော့ ဘယ်လိုဘဲအသက်
အရွယ်အလိုက် ကြံ့ခိုင်အောင်
နေပါစေ၊အသက်၃၀‌ဝန်းကျင်
ကလို တပ်ခွဲ၊စစ်ကြောင်းကိုင်
မတိုက်နိုင်တော့ပါဘူး။

ကိုယ်တွေကရုံးတာဝန်တွေ
အစားထိုး ဝင်ထမ်းပြီးလူငယ်
တွေ ထွက်တိုက်စေတာမျိုးတောင်
မှ ပြန်အထိုင်ကျဘို့ ခက်ဦးမယ်။

တကယ်သာလို့အပ်ချက်ရှိလာလို့
ကျနော်တို့စစ်သက်ကြားအိုတွေ
ပြန်တာဝန်ထမ်းရွက်ကြရင်၊
ကိုယ့်ပါဝင်မှုက အားဖြစ်မလား
ဟန်ချက်ပျက်စေမလားဆိုတာ
လက်ရှိတာဝန်ရှိသူတွေခေါင်းခဲ
စေရဦးမယ်။

BC 460လောက်မှာပါရှန်ရေတပ်
ကြီးက ဂရိကိုလာတိုက်တော့ အနီး
ဆုံး စပါတန်မြို့ပြနိုင်ငံကထွက်ရင်
ဆိုင်ရတယ်။

စပါတန်ဘုရင်လီယိုနိုင်ဒတ်စ်က
ပါရှန်ခေါဘဏီတပ်ကြီးကိုသာမော်
ပီလေတောင်ကြားမှာပိတ်ခံဘို့စီစဉ်
တယ်။

အခြားသော ဂရိမြို့ပြနိုင်ငံတွေက
တပ်တွေရဲ့မျှားဦးကနေတောင့်ခံဖို့
စပါတန်လက်ရွေးစင်စစ်သည်၃၀၀
ရွေးတယ်။

အဲ့ဒီ၃၀၀ထဲမှာ မွေးရာပါခါးကုန်းနေ
တဲ့ Ephialtesက ပါဝင်ခွင့်မရဘူး။
သူက အသက်စွန့်ပြီးရှေ့ဆုံးတိုက်
ချင်သူပါ။

ဘုရင်ကသူ့ကိုမရွေးတော့
သူတိုက်နိုင်တယ် ဆိုပြီးဇွတ်
တောင်းဆိုတယ်။

ဘုရင်က အေးဒါဆိုမင်းရဲ့လွှားကို
ခေါင်းကိုကာဖို့အပေါ်မြှောက်ပြလို့
ပြောတယ်။

သူဘယ်လောက်ကြိုးစားမြှောက်ပါ
စေ၊ခါးကကုန်းနေတော့ ပုံမှန်အမြင့်
အထိ မတင်နိုင်ဘူး။

ဒီမှာငါ့လူတိုရဲ့စစ်တိုက်နည်းက
စုစည်းအားနဲ့တိုက်တာ။Phalanx
လို့ခေါ်တဲ့ ဒိုင်းလွှားတွေခြင်းစီကပ်
ပြီးပိုးတုံးလုံးတွေလို တပြင်ထည်း
ဖြစ်သွားတဲ့ မျှားဒါဏ်ခံအံစာတုံးပုံ
ဖေါ်ခုံခံတန်ပြန်ထိုးစစ်ဆင်ရတယ်။
မင်းတနေရာထည်းကနိမ့်နေတာနဲ့
တပ်တစ်တပ်လုံးပြိုပြီ။ဒါကို နား
လည်ပါလို့ ဖြေသိမ့်တယ်။

Ephialtes ခမျာမတော့ဝမ်းနည်း
ရှိုက်ငို စိတ်နာသွားတယ်။ဇာတ်
လမ်းထဲမှာတော့သူက သစ်စာဖေါက်
လျှို့ဝှက်လမ်းပြလိုက်လို့ ပါရှန်တွေ
က ဝါးမြိုသွားတော့တယ်။

ခံစစ်မှာဟန်ချက်ညီဖို့စိတ်စါတ်မာ
ကြောကြံ့ခိုင်ဖို့သစ္စာရှိဖို့အရေးကြီး
တာကို ညွှန်းဆိုပါတယ်။

ကျနော်တို့အဖိုးကြီးအိုခါးကုန်းကုန်း
တွေရှေ့ကထွက်တိုက်လို့တော့မရ
တော့ပါ။ရှေ့ကဓားကိုင်မတိုက်ရလို့
အကြံညာဏ်ပေးတိုက်တွန်းတာတွေ
က ယနေ့ပကတိအခြေအနေတွေ
ပေးချက်တွေနဲ့မညီ လက်ရှိတာဝန်
ယူသူတွေနဲ့သ‌ဘောထားမကိုက်လို့
မသုံးရင်လည်း ဝမ်းနည်းဒေါသမ
ထွက်ကြပါနဲ့။

တခါတရံခံစါးချက်နဲ့တုန့်ပြန်တာ
တွေကရန်သူကိုမဲတင်းကိုယ့်ဖက်
ကို နိမ့်ဆင်းစေတတ်ပါတယ်။

ကျနော်ကတော့နောက်ဆုံး
အခြေအနေရောက်ရင်တောင်
လည်စင်းခံမယ့်အစား ကိုယ့်တပ်
မှာပဲ ရဲဖေါ်ရဲဖက်တွေနဲ့ အဖိုးကြီး
ခါးကုန်းကုန်းနဲ့လည်းခံစစ်မှာတစ်
တောင့်ခြင်းပဲ ပစ်နိုင်ပစ်နိုင်လက်
ညိုးကွေးနိုင်သမျှ သေအတူရှင်
အတူနွဲချင်ပါသေးတယ်။

တပ်မတော်နဲ့အဝန်းအဝိုင်းဟာ
အချင်းချင်း တာဝန်ကိုလေးစား
နားလည်ခြင်း၊ညီညွတ်ခြင်း၊ရဲ
ဘော်ရဲ့ဘက်စိတ်ပြင်းပြခြင်းတို့နဲ့
သာအဆိုးဆုံးအခြေအနေတွေကို
အကြိမ်ကြိမ်‌ကျော်နင်းဖြတ်သန်းခဲ့
ပါတယ်။

တို့လက်ထက်ကြမှ သွေးမကွဲစတမ်း။

Crd:မောင်ကောင်းရိပ်

Post a Comment

Previous Post Next Post