ဘောပေါင်းစုံကို ပတ်"မ"နေခြင်းပဲ

NLD က ဝရမ်းပြေးတွေနဲ့ဖွဲ့စည်းထားတဲ့ NUG အနေနဲ့ အရင်တုန်းကဆိုရင် မြစ်ဆုံစီမံကိန်းကအစ တောက်လျှောက် ဝေဖန် ကန့်လန့်တိုက်လာခဲ့ပြီး တရုတ်ဟာ NUG အတွက် ဆန့်ကျင်ဘက် ခလုတ်ကန်သင်း မျက်စိဆံပင်မွေးစူးစရာ အဟန့်အတားဖြစ်တယ်ဆိုပြီး အမျိုးမျိုးဝေဖန်ခဲ့တာ အားလုံးအသိပါ...အခုလည်းကျရော NUG အနေနဲ့ ပထွေး US ရဲ့ ဘောကို "မ"ပြီး ပေးတာယူ ကျွေးတာစား ခိုင်းတာလုပ်နေရာကနေ တရုတ်ဘောကို ချက်ချင်းပြောင်း "မ"လိုက်တာဟာ US က ဘာမှ မပေး မကျွေး မထောက်ပံ့တော့လို့ပဲ...ဒီကြားထဲ US က သူတို့ NUG/PDF ကို အကြမ်းဖက်အဖွဲ့လို့ပါ သတ်မှတ်လိုက်တော့ အခြေအနေမကောင်းမှန်းသိပြီး တရုတ်အောက်ကို ပြေးဝင်တဲ့သဘော...
ဒါကိုကြည့်ခြင်းအားဖြင့် NUG ဟာ သူတို့ရပ်တည်နိုင်ဖို့အတွက်ဆိုရင် တစ်ချိန်လုံး ရန်သူဖြစ်ခဲ့ဖူးတဲ့သူ၊ တစ်ချိန်လုံး ကန့်လန့်တိုက်ခဲ့ဖူးတဲ့သူတွေကိုတောင် အသနားခံ၊ အောက်ကျို့ခံပြီး အရှက်သိက္ခာတွေကိုဘေးချကာ အခစားဝင်ဖို့ ဝန်မလေးတဲ့ အုပ်စုဖြစ်တယ်ဆိုတာ ပေါ်လွင်နေပါပြီ...လူထုထောက်ခံမှုလည်းမရ၊ အစိုးရအဖြစ်လည်း အသိမှတ်ပြုမခံရတဲ့အပြင် အကြမ်းဖက်လုပ်ရပ်တွေကို နေ့စဉ်နဲ့အမျှကျူးလွန်နေလို့ ကမ္ဘာမှာ နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ NUG ဟာ သူတို့ကို အင်အားကြီးနိုင်ငံတစ်နိုင်ငံက ကျောထောက်နောက်ခံပေးထားမှသာ အသက်ရှင်နိုင်မှာကိုသိလို့ အခုလို ဘောပေါင်းစုံကို ပတ်"မ"နေခြင်းပဲဖြစ်ပါတယ်...

Post a Comment

Previous Post Next Post