မြင်ရကြားရတာ ရေးပြရုံပဲ.....

ခေတ်သစ် ဒရုန်းစစ်ပွဲမှာ ကျတာလည်း မပြောနဲ့ ဖတ်ကြည့် မေးကြည့်လိုက်ရင်




တစ်ဖက်က လက်နက်တစ်ကမ်းမမှီတဲ့ နေရာကနေ ဒရုန်းရာချီလွှတ် ခေါင်းမဖော်နိုင်အောင် မဲမဲမြင် ဗုံးလွှတ်ချ

ရန်သူလည်း မမြင်ရ ခေါင်းပြူတာနဲ့ ဒရုန်းပစ်ချ အနီးဆုံးကပ်လာ ပစ်လည်း လူအင်အားသုံး

လူအင်အားကလည်း ဘယ်လောက်သုံးလည်းဆို သေနတ်မပါတဲ့ကောင်တွေပါ ခေါ်လာ။

လေယာဥ်နဲ့ လက်နက်နဲ့ ပစ်လို့ ကိုယ့်လူထိရင် လက်နက်မပါတဲ့တချို့တစ်ဝက်က ကိုယ့်လူအလောင်း တက်ဆွဲ၊ လက်နက်မပါတဲ့တချို့က သူ့လူ ကိုယ့်လူ ကျတဲ့ သေနတ် ကောက်ပြီး ပစ်

အဲဒီနှစ်ချက်နဲ့ပဲစဥ်းစားကြည့်

လူ ၂၀၀ လောက်ရှိတဲ့စခန်းကို ဒရုန်းရာချီကြဲ လူထောင်ချီဝိုင်းမှတော့ ဘယ်ခံနိုင်ကြမတုန်း

အခုဆို ကာမီကာဇေဒရုန်းတွေ စမ်းလာတော့ ပိုဆိုးဦးမယ်....

ဒီတော့ ခေတ်သစ်စစ်ပွဲ မျှခြေက ဘယ်အချိန်မှ တန်းတူဖြစ်မလဲဆို တပ်စခန်းတွေက ဒရုန်းနဲ့ ကာမီကာဇေဒရုန်းကို ခံနိုင်ဖို့ အသွင်ပြောင်းရမယ်။

ဒရုန်းဆိုတာက ဂိမ်းသာသာပဲ ကလေးတောင်ပစ်ချလို့ရတာပဲ။ သူ့အားသာချက်က ကျည်လုံဗုံးလုံနေရာကနေ နေပြီး ရန်သူပစ်ချန်ုင်တာ။ အဲဒီလို ဒရုန်းမျိုးက မိန်းမတစ်ယောက်ကတောင် ကိုင်သုံးပြီး ကိုယ့်အနားကပ်လာသူတွေကို အိပ်ယာထဲက ရှာ ပစ်ချနိုင်ပြီဆိုမှ ခေတ်သစ်စစ်ပွဲ မျှခြေ ရမယ်။

ဒီ မျှခြေ ဖန်တီးဖို့ကလည်း အချိန် ၆ လလောက်ပဲ ရမယ်။ စဥ်းစားကြည့်။ တစ်ဖက်က ရိုးရိုးဒရုန်းတင်မက ကာမီကာဇေတွေပါ လုပ်နေချိန် ကိုယ့်ဘက်က အခုမှ တခုပ်တရ စနေတာမျိုး ဖြစ်နေတယ်။ ကိုယ့်ဘက်က ရိုးရိုးဒရုန်းလေးကို တစ်ယောက်လောက်ကပဲ ကိုင်နိုင်ချိန် တစ်ဖက်က ဒရုန်းရော ကာမီကာဇေ ရာချီနဲ့ လူထောင်ချီဆို

ဘယ်သူအရေးသာမလဲ စဥ်းစား....။

ကိုယ်တော့ ရုရှားပဲ သဘောကျတယ်။ တစ်ကမ္ဘာလုံးက ယူကရိန်းကို ဒရုန်း ဒေါ်လာ ၁၀၀၀၀ တန်လောက်ပေးပြီး ရုရှားရဲ့ သန်းရာချီလက်နက်တွေ ဖျက်ဆီးခိုင်းချိန်မှာ ရုရှားက သူ့လက်နက်တွေကို ဒရုန်းဗုံးဒဏ်ခံနိုင်တဲ့ Guard တွေ တပ်တယ်။ စစ်စခန်းဖွဲ့စည်းတည်ဆောက်ပုံတွေပြင်တယ်။ ပြီးတော့မှ ဒရုန်းတွေ ကာမီကာဇေတွေ စိတ်လွတ်ကိုယ်လွတ်လိုက် တီထွင်အဆင့်မြင့်တယ်။

ဟော အခုကြတော့ ယူကရိန်းတင်မက အမေရိကန်အပါအဝင် နေတိုးရင်ဆိုင်နေရတဲ့ ရုရှားက စစ်ရေးအသာစီးရပြီး အမေရိကန်ကြီးတောင် ယူကရိန်းရှုံးမှာ စိတ်ပူနေရတဲ့ဘဝဖြစ်နေပြီ....

စစ်မှာ အရေးအကြီးဆုံးကတော့ ကိုယ့်အားသာ အားနည်းချက် မှန်ကန်စွာ အကဲဖြတ်ပြီး ပြုပြင်ပြောင်းလဲ တိုးတက်ရင်း အောင်ပွဲယူဖို့ပါပဲ....

ဒီလိုရေးနေပေမဲ့ ကိုယ်က စစ်ရေး မသိ သေနတ်လည်း မကိုင်တတ်တဲ့ သာမန်အရပ်သားပါ။ စာတွေ့နဲ့ စစ်ဖြစ်နေတဲ့ နှစ်နိုင်ငံက မြင်ရကြားရတာ ရေးပြရုံပဲ.....

Post a Comment

Previous Post Next Post