နယ်မြေမတည်ငြိမ်မှုများကြောင့် မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေး ကျဆင်း


💵💵💵💵💵💵💵💵💵💵
⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️

မြန်မာ - တရုတ်နယ်စပ် ကုန်သွယ်ရေးသည် နယ်မြေမတည်ငြိမ်မှုကြောင့် ကုန်သွယ်မှုကျဆင်းနေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကုန်သွယ်မှုစာရင်းများအရ သိရသည်။

ယခုဘဏ္ဍာနှစ်၏ ရှစ်လတာကာလအတွင် မြန်မာ - တရုတ်နယ်စပ်ကုန်သွယ်ရေးမှ ပို့ကုန်တင်ပို့မှု ကျဆင်းလာပြီး သွင်းကုန်တင်သွင်းမှု မြင့်တက်လာကြောင်း ကုန်သွယ်မှုစာရင်းများအရ သိရသည်။

ယခုဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၂၃ ဧပြီလမှ ဒီဇင်ဘာလ (၂၂) ရက်အထိ ပို့ကုန်တင်ပို့မှုမှ ကန်ဒေါ်လာ ၁ ဒသမ ၅၅ ဘီလီယံကျော်ရရှိထားပြီး တရုတ်နိုင်ငံဘက်မှ ကန်ဒေါ်လာ ၉၉၈ ဒသမ ၆၅၃ သန်းတန်ဖိုးရှိ သွင်းကုန်များတင်သွင်းခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ် အလားတူကာလတွင် ပို့ကုန်တင်ပို့မှုမှ ကန်ဒေါ်လာ ၁ ဒသမ ၇၀ ဘီလီယံကျော်ရရှိထားသည့်အတွက် ကာလတူ နှိုင်းယှဉ်ပါက ကန်ဒေါ်လာ ၁၄၉ ဒသမ ၇၉၂ သန်းလျော့ကျနေခြင်းဖြစ်သည်။

https://t.me/kyawwinmaung413

Post a Comment

Previous Post Next Post