တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့လအတွင်းမှာ ပြည်ပသို့ ဆန်/ဆန်ကွဲ တင်ပို့မှု ထက်ဝက်ကျော် ကျဆင်း


မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) က လစဉ်ထုတ်ပြန်တဲ့ ပြည်ပသို့ ဆန်/ဆန်ကွဲတင်ပို့နိုင်မှု အခြေပြဇယားမှာ ဖော်ပြထားမှုအရ နယ်စပ်ကုန်သွယ်ရေးစခန်းတွေကနေ အိမ်နီးချင်းနိုင်ငံတွေဆီ ဆန်/ဆန်ကွဲတင်ပို့မှုဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလနဲ့နှုင်းယှဥ်ရင် ဒီဇင်ဘာလအတွင်းမှာ ထက်ဝက်ကျော် ကျဆင်းသွားခဲ့တာကို တွေ့ရပါတယ်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်းမှာ နယ်စပ်လမ်းကြောင်းကနေ ပြည်ပကိုတင်ပို့တဲ့ ဆန်/ဆန်ကွဲ ပမာဏဟာ မက်ထရစ်တန် ၁၈၉၂၀ တန်ရှိခဲ့တာဖြစ်ပြီး ဒီဇင်ဘာလအတွင်းကတော့ မက်ထရစ်တန် ၈၀၀၀ ခန့်သာ တင်ပို့နိုင်ခဲ့တယ်လို့ MRF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နှစ်ဖက်ထိတွေ့တိုက်ပွဲတွေကြောင့် နယ်မြေမတည်ငြိမ်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး ယခုလို ဆန်/ဆန်ကွဲတင်ပို့မှုလည်း ၆၀ ရာခိုင်နှုန်းအထိ သိသိသာသာ ကျဆင်းသွားတာဖြစ်တယ်လို့ စီးပွားရေးဆိုင်ရာသတင်းတစ်ရပ်ဖြစ်တဲ့ BETV Business ကမှတ်ချက်ပြုထားပါတယ်။

ဒါပေမယ်လို့ ပို့ကုန်လုပ်ငန်းရှင်တစ်ချို့ဟာ နယ်စပ်မှတစ်ဆင့် တင်ပို့ခြင်းထက် ပင်လယ်ရေကြောင်းမှ တင်ပို့မှုလမ်းကြောင်းကို ရွေးချယ်လာကြရာမှာတော့ ဒီဇင်ဘာလအတွင်း ပင်လယ်ရေကြောင်း ပုံမှန်ကုန်သွယ်မှုကနေ ဆန်/ဆန်ကွဲတင်ပို့မှု မက်ထရစ်တန် ၃၀၀၀၀ ခန့် ပိုတက်လာသလို အမေရိကန်ဒေါ်လာ ၉၉ သန်း ရရှိခဲ့တာကြောင့် အဲ့ဒီပမာဏဟာ ဘဏ္ဍာနှစ် ၉ လအတွင်း အများဆုံးရရှိတဲ့ ပို့ကုန်ဝင်ငွေဖြစ်တယ်လို့ သိရပါတယ်။
#𝙢𝙝𝙩𝙣𝙚𝙬𝙨

Post a Comment

Previous Post Next Post