တရားသောစစ် … အောင်ရမည်


အရှေ့မြောက်က ကျူးကျော်စစ်သည် မနေ့ကရော ဒီနေ့ရော တပ်မတော်သား လက်ရှိ တာဝန်ထမ်းဆောင်ဆဲ အရာရှိ/စစ်သည်များ၊ အငြိမ်းစားများ၊ နိုင်ငံချစ်ပြည်သူများအားလုံး အသည်းနာပြီး စိတ်နှလုံးညစ်နုံး ခဲ့ရသည်ကတော့ အမှန်ပင်။
-
မည်သို့ပင်ဆိုစေကာမူ လောက်ကိုင် ရန်သူ့လက်ကို ထိုးအပ်လိုက်ရချေပြီ။ မိမိတို့ နိုင်ငံတော်အလံကို ဖြုတ်ချပြီး ကိုးကန့်အလံဟုဆိုသော အလံလွှင့်တင်ခြင်းဖြင့် ကျူးကျော်မှုကို ရန်သူကတော့ အောင်အောင် မြင်မြင်ပြသခဲ့သည်။
-
ဒါကို တချို့ကပျော်နေကြသည်။ စစ်တပ်သွားပြီတဲ့။ အံ့ဩဖို့တော့ကောင်းလှသည်။
-
ဤမြန်မာပြည်၏မြေပုံနှင့် နိုင်ငံတော်သည် စစ်တပ်ပိုင်မဟုတ်သလို စစ်တပ်ကိုလဲ ကိုယ်စားပြုနေသည် မဟုတ်၊ မြန်မာပြည်သားအားလုံးကို ကိုယ်စားပြုထားသော နိုင်ငံတော်အလံနှင့် မြေပုံဖြစ်သည်။
-
နိုင်ငံရေး အာဏာရယူလိုမှုအတွက် တပ်မတော်ကို မြန်မာလိုမပြောသော၊ မြန်မာစကားမတတ်သော၊ မြန်မာပိုက်ဆံမသုံးသော လက်နက်ကိုင်များ၏ ကျူးကျော်တိုက်ခိုက်နေမှုကို အားပေးကြသည်မှာ အံ့မခန်း ဖြစ်ခဲ့ရသည်။
-
တကယ်လို့များ နောင်တစ်ချိန်တွင် ဒီနေရာတွေမှာ ငါတို့တချိန်ကပိုင်ခဲ့ဖူးသည်ဆိုတာမျိုးကိုပဲ ပြောကာ နောင်တတွေ တပွေ့တပိုက်နှင့် ပြောချင်လျင်တော့ သဘောပေါ့။
-
မည်သို့ပင်ဆိုစေကာမူ တပ်မတော်သည် ရှိသမျှအင်အားနှင့် မြန်မာနိုင်ငံတော်ကို အစွမ်းကုန် ကာကွယ်သွား မည်ကတော့ ယုံကြည်ပါသည်။ အရှေ့မြောက်ဒေသသည် သမိုင်းတစ်ပတ်လည်ဖြစ်စဉ်ဖြစ်သဖြင့် စိတ်ဓာတ်ကျနေလို့လဲ မရသလို စိတ်ညစ်နေလို့လဲမရချေ။
-
မိမိတို့ နိုင်ငံတော်၏ အစိတ်အပိုင်းအတွက် ဘာဆက်လုပ်ကြမည်ဆိုတာကို တပ်မတော် အကြီးအကဲနှင့် အမိန့်ပေးအဖွဲ့ ဆက်လက် စဉ်းစားဆောင်ရွက်မည်ဆိုတာကိုလဲ ယုံကြည်ပါသည်။ အဖွဲ့ပေါင်းများစွာနှင့် ရင်ဆိုင်နေရသော တပ်မတော်ကို အရှေ့မြောက်မှ တိုင်းတစ်ပါးအကူအညီဖြင့် ကျူးကျော်ရန်စမှုမှာ စိန်ခေါ်မှု တစ်ရပ်ဖြစ်သလို သမိုင်းသစ်ရေးမည့် ပွဲလဲဖြစ်သည်မို့ နိုင်သလောက် ဝိုင်းကူကြပါစို့။
-
“အရှေ့မြောက်က ကျူးကျော်စစ်သည်
မြန်မာလိုမဆို မြန်မာလိုမသုံး
ဂန္ဓလာရာဇ်နွယ် သောင်းကျန်းသူအချို့
သံမှုန့်မက အဏုမြူမှုန့်စားလဲ
ဒို့ဓားမတုံး … ဒို့မရှုံးလို့
တရားသောစစ် … အောင်ရမည်”

-
မင်းထက်ကျော်ဇော


https://www.facebook.com/abcdfreelancejournalist/posts/pfbid0VyNZXqJyvRZGbUrCZEFqQBK8ekMHq74WCCzXefpLNBjU8kRE4Lju2hyspnbYsAV7l

Post a Comment

Previous Post Next Post