နောင်မျိုးဆက်သစ်တွေ သင်ယူဖို့ လိုအပ်တဲ့ သမိုင်းဝင် ဖြစ်ရပ်တွေပါပဲ

ရှမ်းမြောက်တိုက်ပွဲနဲ့ပတ်သက်ရင် အထင်ကရ စစ်ပွဲ နှစ်ခုရှိခဲ့တယ်။ တစ်ခုက ဒီညီလေး တိုက်ခဲ့တဲ့ နမ့်ခမ်းစခန်းနဲ့ ၅၁ ရက်ကြာ ခံစစ်ပြင် တိုက်ခဲ့တဲ့ ချောင်းနှစ်ခွ တိုက်ပွဲပဲ။ ကျန်တဲ့ မန်တုံ၊ နမ္မတူ၊ နမ့်ဆန်နဲ့  ကွမ်းလုံတို့မှာ စစ်သားစိတ်ပီသလောက်တဲ့အထိ ခံချခဲ့တာမျိုး ထင်ထင်ရှားရှား မတွေ့ရဘူး။ တခုတော့ရှိတာပေါ့။ ကုန်ကြမ်းဖြစ်စဉ်လို မှီခိုသူတွေရဲ့ အသက်နဲ့ အလောင်းအစား ဆန်ဆန် လုပ်ခဲ့ရတာမျိုးကတော့ တမျိုးပေါ့။
-------
ဒီနေ့ စွမ်းရည်ဘွဲ့ပေးတဲ့အထဲမှာ နမ့်ခမ်းက ဒီညီလေး ပါလာတာ တွေ့ရတယ်။  စခန်းဆုတ်ခွာခွင့် အမိန့်ရထားတာတောင် နောက်ဆုံးအချိန်ထိ ခံစစ်ပြင်ပြီး တိုက်ရဲခိုက်ရဲတဲ့ သတ္တိမျိုးဆိုတာ တော်ရုံလူတွေမှာ မရှိနိုင်ဘူး။ ဒီလို အရာရှိမျိုး ရှိဖို့ လိုအပ်တယ်ဆိုတဲ့ ဒုချုပ်မှတ်ချက်က အလကား ရခဲ့တာမှ မဟုတ်ဘူးဆိုတာ ပေါ်လွင်ခဲ့တယ်။
--------
ပြောချင်တာက ဒီ အရာရှိက ဒေါက်တာဘွဲ့ ရထားသူတစ်ယောက်။ ရထားတဲ့ ဘွဲ့နဲ့ ခြေလျင်နဲ့ က ဘယ်လိုမှ မအပ်စပ်ဘူး။ ဒီလို အနေအထားရှိနေတာတောင် စစ်သားစိတ်မပျောက်ပဲ လုပ်ရဲကိုင်ရဲ ရှိတာကို အဓိက မီးမောင်းထိုးပြလိုတာ။ ဒီလို ဖြစ်စဉ်တွေဟာ နောင်မျိုးဆက်သစ်တွေ သင်ယူဖို့ လိုအပ်တဲ့ သမိုင်းဝင် ဖြစ်ရပ်တွေပါပဲ။

(နရီမိုး)

Post a Comment

Previous Post Next Post