စည်းတွေ ဘောင်တွေ မရှိ

၂၁ ရာစုခေတ်စစ်ပွဲတွေမှာ စည်းတွေ ဘောင်တွေ မရှိတော့ဘူး။ 
-
ဂျီနီဗာကွန်ဗန်းရှင်းတို့ အချုပ်အခြာအာဏာတို့ဆိုတာလည်း စာရွက်ပေါ်မှာသာ ရှိတော့တယ်။ 
-
ယူကရိန်း ရုရှားစစ်မှာ ယူကရိန်းက ဇန်နဝါရီလ ၂၁ ရက် (မနေ့) က လက်လွှတ်လိုက်ရတဲ့ ဒွန်းနက်မြို့က ဈေးကို လက်နက်ကြီးနဲ့ပစ်လို့ အရပ်သား ၂၅ ဦးေ-သဆုံးခဲ့တယ်။ 
-
အစ္စရေး ပါလက်စတိုင်းစစ်မှာလည်း ဘာစစ်စည်းကမ်း စစ်ဘောင်မှ မရှိတော့ဘူး။ ကလေး၊ မိန်းမ၊ သက်ကြီး ရွယ်အို၊ ဂီလာန ဘာမှမရှိတော့ဘူး။ မဲမဲမြင် အကုန်ပစ်ဆိုတဲ့နည်းနဲ့ အစ္စရေးတို့ ချေမှုန်းနေကြတယ်။ အမေရိကန်ရဲ့ Shot and ask ဆိုတဲ့ အရင်ပစ်ပြီးမှ မေးဆိုတဲ့စနစ်ကို ကျင့်သုံးလာတယ်။ 
-
Shot and ask ဆိုတာ အမေရိကန်နိုင်ငံကရဲတွေ သံသယရှိတဲ့လူကို သေနတ်နဲ့အရင်ပစ်ပြီးမှ သိချင်တာကို မေးတဲ့စနစ်ပါ။ အရင်မေးပြီး အန္တရယ်ရှိလို့ ပစ်တာမျိုး မဟုတ်ဘူး။ 
-
အီရန်စစ်ဗိုလ်ချုပ်က အစ္စရေးတိုက်ခိုက်လို့ ဆီရီးယားမှာေ-သခဲ့ရတယ်။ စစ်ဖြစ်နေတာ အစ္စရေးနဲ့ ပါလက်စတိုင်း ဖြစ်ပေမယ့် အဲ့ဒီစစ်ကြောင့် ဆီရီးယားမှာ အီရနျစဈဗိုလျခြုပျေ-သဆုံးခဲ့တယ်။ 
-
ညောင်ဦးကမ်းပါးပြိုတာ စန္ပန္နဂိုကနွားမ ပေါင်ကျိုးတာနဲ့ ဆက်စပ်နေပြီ။ သူ့ဖာသာသူတို့ ဟိုမှာစစ်ဖြစ်နေတာ ငါနဲ့မဆိုင်ဘူးလို့ မရှိတော့ဘူး။ ငါ့ကိုပါ ဘယ်အချိန်လာထိမလဲလို့ တွေးနေရမယ့်ကာလ ဖြစ်လာတယ်။ 
-
အီရန်က ပါကစ္စတန်နိုင်ငံထဲ ဒုံးကျည်နဲ့ပစ်ပြီး သူ့ကိုဆန့်ကျင်တဲ့အဖွဲ့တွေကို တိုက်ခိုက်တယ်။ အချုပ်အခြာ အာဏာနဲ့ ရပ်တည်နေတဲ့နိုင်ငံကို ဘာမှအကြောင်းမကြားဘဲ ကျူးကျော်တိုက်ခိုက်တာ။ 
-
အီရန်က အဲ့လိုလုပ်ပြီး ၂ ရက်အကြာမှာ ပါကစ္စတန်ကလည်း အီရန်နိုင်ငံထဲဝင်ပြီး ပါကစ္စတန်အစိုးရကို ပုန်ကန်နေတဲ့ အ ကြမ်းဖက်တွေကို တိုက်ခိုက်ခဲ့တယ်။ 
-
တိုက်ခိုက်ပြီး အီရန်က ပါကစ္စတန်ကို ပြောခဲ့တဲ့စကားအတိုင်းပဲ အီရန်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို လေးစားပါတယ်၊ ပါကစ္စတန်ရဲ့ အမျိုးသားလုံခြုံရေးနဲ့ အကျိုးစီးပွားအတွက် အရေးကြီးကိစ္စဖြစ်လို့ပါလို့ ပြန်ပြောတယ်။ 
-
Tip for tap ပေါ့။ ဒီအတိုင်းဆက်သွားရင် အဆက်ဆက်မြိုသိပ်ထားရသမျှတွေ ပွင့်ထွက်ပြီး တစ်ကမ္ဘာလုံး စစ်မီးတောက်တွေ ကူးဆက်ကုန်လိမ့်မယ်။ 
-
မြန်မာနိုင်ငံ ရှမ်းပြည်မြောက်ပိုင်းမှာလည်း တရုတ်က မြန်မာနိုင်ငံအချုပ်အခြာအာဏာကို မထီမဲ့မြင်ပြုပြီး သူ့လက်ဝေခံတွေနဲ့ Proxy စစ်ဖြစ်နေစေတယ်။ အဲ့ဒီအတွက် မြန်မာနိုင်ငံသား အများအပြား ပျက်စီးခဲ့ရပြီး မြန်မာနိုင်ငံ အချုပ်အခြာအာဏာ ပဲ့ထွက်ခဲ့ရတယ်။ 
-
တရုတ်ဖန်တီးလိုက်တဲ့စစ်ထဲ ထိုင်ဝမ်တွေ အမေရိကန်တွေ ဝင်ရောလိုက်တော့ တရုတ်ကိုယ်တိုင် မျက်လုံးပြူးပြီး ဟိုလွှဲချ ဒီလွှဲချ ဖြစ်လာတယ်။ 
-
အခုလို နိုင်ငံစစ်တွေ စည်းမရှိတော့ရင်၊ နိုင်ငံကြီးတွေ စည်းမရှိတော့ရင် နိုင်ငံငယ်တွေအနေနဲ့ ရွေးချယ်စရာ မရှိဘူး။ ဆန့်ကျင်ဖက် အင်အားကြီးနိုင်ငံကို ပူးပေါင်းကြရတော့မယ်။ 
-
သဘောက နျူလက်နက်ရှိတဲ့ မြောက်ကိုရီးယားကို ရင်ဆိုင်ဖို့ တောင်ကိုရီးယား ဂျပန်က အမေရိကန်နဲ့ မဟာမိတ်ဖွဲ့ထားရတာမျိုး၊ အင်အားကြီးတရုတ်က မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို မထီမဲ့မြင်ပြုရင် အလားတူတစ်ခုခု ဖန်တီးရတာမျိုးပါ။ 
-
ထိုင်ဝမ်တို့လည်း အဲ့ဒီသဘောကြိုလုပ်ထားကြရတာ။ 
-
၂၁ ရာစု စစ်ပွဲတွေက ပိုရက်စက် ပိုပြင်းထန်ပြီး ပိုစည်းကမ်းမဲ့လာတယ်။ 

crd#မိုးတင့်ဆွေ

Post a Comment

Previous Post Next Post