ဘာဘူကြီး vs ပေါက်ဖော်ကြီး

ကျွန်တော်တို့အခက်အခဲ အ
ကျဉ်းအကျပ် ကျရောက်နေစဉ်မှာအိမ်နီးချင်းမိတ်ဆွေနိုင်
ငံကြီး ၂ နိုင်ငံရဲ့ မတူညီတဲ့ သ
ဘောထားတွေ၊ ပြုမူဆောင်
ရွက်ပုံတွေကို သတိထားမိပါတယ်။ တဦးရဲ့နွေးထွေးစွာကူညီဖေးမမှုတွေအတွက် ကျေးဇူးတင်ရသလို၊ အခြားတဦးရဲ့ စိမ်းကားနေနိုင်ရက်တဲ့ စိတ်ထားက မှင်တက်မိအံ့အားသင့်ရအောင်ပါပဲ။

ရခိုင်ဖက်မှာ တိုက်ပွဲတွေဖြစ်တယ်။ ရန်သူရဲ့ဖိအားကို မခံနိုင်တဲ့ စစ်သည်တွေဟာ အိန္ဒိ
ယဖက်ကို ရှောင်ပေးရတယ်။ အိန္ဒိယကကောင်းမွန်စွာကျွေး
မွေးလက်ခံပြီး မြန်မာနိုင်ငံကို ပြန်ပို့ပေးတယ်။စစ်သည်တွေ
ဟာ အထိအခိုက်မရှိ အမိနိုင်
ငံကို ပြန်လာနိုင်ကြတယ်။

အရှေ့မြောက်မှာ စစ်ပွဲတွေဖြစ်တယ်။ ကုန်းကြမ်းက စစ်
သည်တွေစခန်းစွန့်ခွာတယ်။
တကယ်လို့သာ တရုပ်နိုင်ငံက လက်ခံရင် သူတို့ နီးစပ်ရာတရုပ်နိုင်ငံထဲ ခဏဝင်ခိုလှုံပြီး ချမ်းသာရာ ရမှာပဲ။ ဒါပေမယ့် သူတို့ အဲဒီ အခွင့်အရေး မရခဲ့ဘူး။ တရုပ်ဟာနယ်စပ်ကို ပိတ်ပြီး တပ်တွေ ချထားတယ်။ မိမိတို့တပ်မတော်သားတွေဟာ နိုင်ငံတွင်းက မိ
မိတို့တပ်စခန်းတွေ ရှိရာကိုပဲ ခက်ခက်ခဲခဲ ပြန်လာစဉ်လမ်း
မှာ ကျဆုံးကြရတယ်တဲ့ကြားရတာ ဖြေမဆည် နိုင်ဘူးပေါ့လေ။

ဝမ်းသာခြင်း၊ ဝမ်းနည်းခြင်း ဖော်ရွေခြင်း၊ စိမ်းကားခြင်း မိတ်ဆွေပီသခြင်း မပီသခြင်း စတဲ့ ခံစားချက်တွေက သူ့သဘာဝအတိုင်း ဖြစ်ပေါ်လာခဲ့တာပါ။
crd#F5

Post a Comment

Previous Post Next Post