အကျိုးမရှိတဲ့ဗမာ့တော်လှန်ရေးနဲ့စစ်ပွဲ မှ တွေ့ဆုံရေးစားပွဲဝိုင်းသို့


PDFလူငယ်တစ်ဦးကမေးတယ်  ကျွန်တော်တို့ကခံစား
ချက်ကိုရှေ့တန်းတင်ပြီး  တော်လှန်ရေးလုပ်ခဲ့ပြီအကို..
နောက်ဆုတ်ဖို့ရည်ရွယ်ချက်လည်းမရှိဘူးတဲ့  သို့သော်
တော်လှန်ရေးအဆုံးသတ်မှာ ကျွန်တော်တို့ဘာဖြစ်မယ်၊
ဘယ်လိုအကျိုးရမယ်  ဗမာတွေရဲ့  အနာဂါတ်ကောင်း
လာမလား  မကောင်းလာနိုင်ဘူးလားလို့  မေးလာလို့
သုံးသပ်ဖြေကြားပေးလိုက်ပါတယ်။

၁။  ယနေ့တော်လှန်ရေးကာလကို  PDFအပြင် အခြား
သောEAOတွေပါ  ပါ၀င်တိုက်ခိုက်နေတယ်၊ သို့သော်
EAOနဲ့ PDFပန်းတိုင်မတူညီကြပါဘူး  PDFတွေက
ဖက်ဒရယ်မူနဲ့သွားမယ်လို့ရည်မှန်းထားတယ်၊ ဖက်ဒ
ရယ်ဆိုတာ အမျိုးမျိုးရှိတယ် ၊ တိုင်းရင်းသားတွေက
လည်းလိုချင်တာဖြစ်ချင်တာအမျိုးမျိုးရှိကြတယ်၊သံ
ယံဇာတ လောဘကလည်း  ပုံစံခြင်းကွဲပြားကြပါတယ်၊
ဒီတော့  သယံဇာတာခွဲ​ေ၀မှုကညှိနှိုင်းဖို့မလွယ်ပါဘူး၊
ဒီလိုပဲ  နယ်မြေခွဲ​ေ၀မှုကလည်း  ပျက်သနာအများ
ကြီးရှိပါတယ်၊ ဥပမာပေးရရင်  ကော်သူးလေပြည်နယ်
သစ်မှာ  မွန်ပြည်နယ်၊ တနင်သာရီတိုင်း ၊ ပဲခူးအရှေ့
ပိုင်းတွေပါ၀င်နေတယ်  ၊  ဒီဒေသခံ  ဗမာ/ထား၀ယ်/
မွန် တွေရဲ့သဘောထားကို   ကရင်တွေသဘောထား
ရယူမယ်ထင်သလား?  ရယူရင်ရော  သဘောတူမယ်
ထင်သလား?  သဘောမတူရင် ဘာဖြစ်လာမှာလဲ?။

ပလောင်တွေက မိုးမိတ်/မိုးကုတ်/ပြင်ဦးလွင်အထိ
တအာန်းပြည်နယ်သစ်မှာထည့်လိုက်တယ်ဆိုပါဆို့၊
ဒေသခံ  ရှမ်း/ဗမာတွေကို  သဘောထားကောက်ယူ
မယ်ထင်ပါသလား?သဘောထားရယူရင်ရော လက်
ခံမယ်ထင်ပါသလား?  မိုးကုတ်ပတ္တမြားတွင်းကို ဗမာ
တွေဘက်က   တအာန်း ပလောင်တွေကိုပေးလိုက်မ
လားစသဖြင့်  ကိစ္စအများအပြားရှိပါတယ်။  နောက်
တစ်ခုက  EAOအားလုံးရဲ့ပန်းတိုင်က  လွတ်မြောက်
ရေးဆိုတဲ့  ခေါင်းစဥ်နဲ့  ဖွဲ့စည်းလာခဲ့ကြတဲ့ အဖွဲ့တွေ
သာဖြစ်တယ်၊  ဒီတော့  ဒီလွတ်မြောက်ရေးဆိုတဲ့ခေါင်း
စဥ်နဲ့စည်းရုံးပြီးလက်ခံလို့ ၀င်လာတဲ့ တပ်ဖွဲ့၀င်တွေကို၊
မူပြောင်းပြီး  ဖက်ဒရယ်ကို  သွားမယ်ဆိုတဲ့ကိစ္စက
သူတို့တွင်းမှာ စည်းရုံးနိုင်ဖို့မလွယ်ပါ  ကွဲပြားနိုင်သ
လို၊  အဖွဲ့တွေအားလုံးက  လက်ခံမယ်ဆိုတာကလဲမ
ဖြစ်နိုင်ပါဘူး၊  အလွယ်ဖြစ်လာမယ်ထင်သလား?MTAလက်နက်ချတော့RCSSကခွဲထွက်တာပဲလေ၊ ဒီလိုပဲ  အခြားဖွဲ့တွေထဲလက်မခံလို့  ခွဲထွက်သွားတဲ့  သမိုင်းတွေအများကြီးရှိတာကရင်ပြည်နယ်မှာကြည့်နိုင်တယ်။

   လက်ရှိတိုင်းရင်းသားနယ်မြေအားလုံးကိုကြည့်လိုက်ပါ၊
ပြည်နယ်တွေအားလုံးပေါင်းတဲ့  ဧရိယာဟာ ၅ချိုးရှိရင်
တိုင်း (၇)တိုင်းရဲ့ဧရိယာနဲ့တွက်ရင် ပြည်နယ်ဧရိယာထက်
၅ ချိုး ၃ချိုးလောက်ပဲရှိပါတယ်၊  သို့သော်  ဗမာလူမျိုး
(32)သန်းကျော်ရှိပါတယ်၊  ကုဠားနဲ့တရုတ်လို အခြား
တိုင်းရင်းသားမဟုတ်သော နိုင်ငံသားဖယ်ရင် (15)သန်း
လောက်ပဲ  မူရင်းတိုင်းသားရှိပါတယ်။  ဗမာရဲ့တစ်၀က်
မရှိဘူးပေါ့  ယူထားတဲ့ပြည်နယ်တွေကကြတော့ ထက်
၀က်နီးပါး  ယူထားကြပါတယ်၊ ပြောတော့  ကရင်တစ်
ကျပ်  ဗမာတစ်ကျပ်ပြောကြပေမဲ့  ပိုင်ဆိုင်မှူက တိုင်း
ရင်းသားတစ်ဦးပိုင်တဲ့  မြေဟာ ဗမာ၄ ယောက်ပိုင်နေ
တာ တွက်မိကြသလား မေးချင်မိပါတယ်။ ဒါတင်လော
ဘက အတောမသတ်  ကရင်တွေက  တိုင်း(၂)ခုခွဲကို
ထပ်လိုချင်နေကြသလို၊  ချင်း/ရခိုင်/ကချင်/ပလောင်
/ကယားတွေကလည်း  တိုင်းဒေသထဲက  နေရာတွေ
ကို  ဖဲ့ယူနေချင်ကြပါသေးတယ်။

    EAOတွေက  စကိုင်းတိုင်းအောက်ပိုင်းနားရယ်၊
မကွေးတိုင်း၊ မန္တလေးတိုင်း အလည်ပိုင်းနဲ့ အနောက်
ပိုင်း၊ ပဲခူးတိုင်း အနောက်ပိုင်းကို  ဗမာပြည်အဖြစ်ဖွဲ့
စည်းပေးချင်တယ်တဲ့၊  ဦးအောင်ဇေယျက  အသက်
များစွာစွန့်  ရယူပေးခဲ့တဲ့  ရန်ကုန်/ဧရာ၀တီ/တနင်
သာရီတိုင်းတွေက  ဖြေးဖြေးချင်းဖဲ့ယူနိုင်တဲ့  ပြည်
ထောင်စုနယ်မြေထားမတဲ့၊  ဘုရင်နောင်ကြီး တည်
ထောင်ခဲ့တဲ့  တောင်ငူအင်ပါယာကြီးက  တောင်ငူ
ခရိုင်တွေက  ကော်သူးလေတဲ့လား၊  စကိုင်းအထက်
ရွှေ​မျောတွေကို  ဗမာနဲ့  နယ်ပိုင်ရှင်ရှမ်းနီတွေ အစဥ်အဆက် လုပ်စားပိုင်ဆိုင်လာရာကနေ  ဖြေးဖြေးချင်းဖဲ့ယူနိုင်မယ့် ကချင်တို့
ရဲ့နယ်မြေသစ်  ပြည်ထောင်စုနယ်မြေတဲ့လား၊ ယော
ဆောဆိုတဲ့  ဗမာကြီးတွေ  နေထိုင်တဲ့  အညာက
ချင်းနယ်ပယ် သစ်တဲ့လား၊  မြန်မာတွေအောင်နိုင်ခဲ့
တဲ့  မြန်အောင်မြို့  အောက်ဖက်က ရခိုင်ရွာတွေက
အာရကာန်နိုင်ငံက ပိုင်မယ်တဲ့လား။  နေပြည်တော်
အရှေ့ပိုင်းက  ကယားရွာတွေထိ  ကယားပိုင်နယ်
တဲ့လား၊  ရှေးဘုရင်အဆက်ဆက်ထဲက  လတ်၀တ်ရ
တာပဏ္ဍာဆက်ရတဲ့  မိုးကုတ်မြို့က  ပလောင်နယ်နိမိတ်
တဲ့လား၊ ဒီလိုအခြေအနေကို  ဖြစ်လာရင်  ဗမာတွေ
လက်မခံဘူးဆိုတာ  EAOတွေက  မသိဘူးထင်နေ
သလား? မေးခွန်းများစွာ  PDFတွေကိုပြန်မေးရပါ
လေ့မယ်။

   EAOတွေမှာ  မဟာဗျူဟာရှိပါတယ်   ဗမာတွေ
သွေးကွဲတိုင်း  ယ္ခုလိုပဲ  ထကြွပြီး  စစ်ရေးအမြတ်
ထုတ်နေကြပါဗျာ၊  လွတ်လပ်ရေးရတော့  ဗမာပြည်
ကွန်မြူနစ်၊ အလံဖြူ ၊ အလံနီ  စသဖြင့်  ဗမာတွေ
သွေးကွဲပြီးတော်လှန်ကြတယ်  ဒီတုန်းကလည်းKndo
တွေ  ကချင်ရိန်းဂျား  လက်ကျန်တွေက  ရန်ကုန်အစိုးရခေါ်ခံရတဲ့အထိ

တိုက်ပြီး  ဗမာတွေကို  အကြီးအကျယ်သဋ်ခဲ့ကြတယ်။
အဲ့တုန်းက  ဗကပတွေဟာ  ခု PDFလိုပဲ  သူပုန်တွေနဲ့
ပေါင်းပြီး  ဗမာလူမျိုးတွေကိုရက်စက်ခဲ့ကြတာပါပဲ။
နောက်ဆုံး  ငါတို့လူမျိုးကို  သဋ်နေကြပြီဟ  တပ်မ
တော်ကို  မကြိုက်ပေမဲ့  ငါ့လူမျိုးတွေရဲ့အသက်က
အရေးကြီးတယ်ဟ၊  အမျိုးသားရေးက  ပထမ  ၊မူ
၀ါဒက ဒုတိယဆိုပြီး  အလံဖြူခေါ်  ရဲဘော်ဖြူတွေ
ဟာ  တပ်မတော်နဲ့ပေါင်း  knu/kndoတွေကိုပြန်
တိုက်ခဲ့ကြတယ်၊  အလံနီတွေဟာလည်း  လက်နက်
ချပြီး  တပ်မတော်နဲ့ပြန်ပူးပေါင်းခဲ့ကြတယ်။

   ယနေ့  PDFလူငယ်တွေစဥ်းစားပါ  EAOတွေဟာ
နယ်မြေသစ်ရရှိရေး  နယ်ချဲ့နေကြတာပါ၊  ခုတောင်
​ဗမာတစ်ဦးရဲ့မြေပိုင်ဆိုင်မှုဟာ  ၄ချိုးတစ်ချိုးပဲရှိနေတာ
ကနေ  ၁၀  ချိုး ၁ ချိုးပဲ  ပိုင်ရတော့မယ်ဆိုတဲ့လမ်းကို
ရွေးနေကြတာလား၊  မင်းတို့pdfလေးတွေ မေးလိုက်
ရင် ဘုံရန်သူကို အရင်ရှင်းပြီးမှာ  နောက်ကိစ္စရှင်းမယ်
တဲ့၊  ဘုံရန်သူက  ရှင်းနိုင်ရင်တောင်  မင်းတို့အိမ်ပြန်
လို့ရမယ်ထင်မနေပါနဲ့   EAOတွေက  လိုချင်သလောက်
နယ်တွေယူပြီး  ခွဲထွက်ကြလို့၊  ဒါမှမဟုတ်  သူ့တို့တွေ
က ဗမာတွေကို  ရှမ်းမြောက်လိုမောင်းထုတ်လို့၊  သူ့
နယ်မှာ  ဖိနှိပ်လို့ဆိုပြီး  စစ်ကဖြစ်ကြရအုံးမှာပါ၊  အဲ့
ချိန်ကြ  တပ်မတော်ရဲ့ တာ၀န်တွေ  မင်းတို့ထမ်းဆောင်
ရမှာမို့  စစ်ပွဲမှာ EAOတွေနဲ့ ချရအုံးမှာပါ။ မပူနဲ့  EAO
တွေက  သူတို့ပန်းတိုင်ကို  မင်းတို့ကိုနင်းပြီးသွားနေကြ
တာပါ။  ဒါက  မင်းတို့စစ်ပွဲနိုင်ရင်ကြုံရမယ့်  အခြေအ
နေတွေပါ။

   အဖြစ်နိုင်ဆုံးပြောရရင်  မင်းတို့ထင်သလိုဖြစ်လာမှာ
မဟုတ်ပါဘူး၊  EAOတွေက  သူတို့လိုချင်တဲ့  နယ်ပယ်တွေ  ချဲ့ထွင်ပြီးရင် အားလုံးစစ်မှုထမ်းခိုင်းမယ်၊
အင်အားတည်ဆောက်မယ်၊ နိုင်ငံသစ်တွေကြေညာမယ်၊
ပြည်နယ်သစ်တွေကြေညာမယ်၊  ဗမာအချင်းချင်း ပြုန်း
တီးအောင်  PDFတွေကို  လက်နက်တွေထောက်ပံ့ပြီး
ဆက်တိုက်ခိုင်းမယ်၊  ပြည်နယ်ကဆုတ်ခွာလာရတဲ့တပ်
တွေနဲ့  ပြည်မထဲကတပ်တွေပေါင်း  အင်အားအများအပြားနဲ့PDFတွေဟာနှစ်ဖက်အပြင်းအ
ထန်အင်းအားတွေတည်ဆောက်ပြီးတိုက်ကြရမယ်၊  ဗမာ
မြို့ရွာတွေပျက်ဆီးရမယ်၊  အဲ့ချိန် မင်းတို့ဗမာတွေကို
လက်ခုတ်လက်၀ါးတီးပြီး  ၀မ်းသာကြမယ်၊  လက်ခုပ်
လက်၀ါးတီးပြီး  ဘေးတီးပေးကြမဲ့  လူတွေအများကြီး
ပေါ်လာကြလေ့မယ်  ဒါဟာ ဟင်္သာ ကိုးသောင်းပျက်
ကိန်းဆိုက်တာပါပဲ၊  ဒီလမ်းကိုတော့မရွေးစေချင်ဘူးငါ့
ညီတို့။

    အမျိုးသားရေးအကျိုးစည်းပွားနဲ့  သမိုင်းကိုမသိတဲ့
တစ်ကိုယ်ရေ  HERO  လုပ်ချင်တဲ့  အာဏာရူး မောင်
ဆောင်းခဆိုတဲ့  BPLA ဆိုတဲ့ တပ်ဆိုတာ အမျိုးသား
အကျိုးစည်းပွားအခြေခံတာမဟုတ်သလို  ပုလဲကနဂါး
တပ်လည်း  အကျိုးစည်းပွားကိုအခြေမခံဘူးဆိုတာသိ
ဖို့လိုတယ်၊  ဖထီးမူတူးစေးဖိုး  စကားနဲ့ပြောရရင်
သတ္တိရှိလို့  စစ်တိုက်ခဲ့ကြပြီ  သတ္တိရှိလို့ ငြိမ်းချမ်းရေး
တည်ဆောက်လိုက်ကြပါ  ၊ တပ်မတော်သားတွေဟာ
လည်း  ပြည်ထောင်စုမပြိုကွဲရေးအတွက်  တိုက်နေကြတာပါ  တစ်ကယ်တော့  ဘယ်သူကမှ PDF
တွေကို  မုန်းနေတာမဟုတ်ပါဘူး၊ မုန်းလို့စစ်တိုက်ခဲ့ကြ
တဲ့တပ်မတော်သားတွေမရှိပါဘူး၊  မုန်းလို့စစ်တိုက်တဲ့
PDFတွေပဲရှိပါတယ်၊ခုချိန်ဟာစစ်ရေးအရဖိအားပေးထားနိုင်ပြီမို့  နိုင်ငံရေးအရ  ဖြစ်နိုင်တာကို တောင်းဆိုပါ  ၊  ပြီးရင် တပ်မတော်နဲ့ပူးပေါင်းပါ   ဒါဆို  ပြည်သူတွေ
ဘယ်လောက်စိတ်ချမ်းသာလိုက်ကြမလည်းကွာ၊  ခုဆို
ပြည်သူတွေမျက်ရည်စက်လက်  စိုးရိမ်စိတ်တွေနဲ့  ရှင်
သန်နေကြရတာ  နားလည်းစေချင်ပါတယ်။

    နိုင်ငံရေးဆိုတာနားမလည်း  နိုင်ငံရေးကိုစိတ်မ၀င်
စား  မိမိအလုပ်သာတန်ဖိုးထားတဲ့  အစိုးရ၀န်ထမ်းတွေ၊
ကိုယ့်ကိုပညာသင်ပေးခဲ့ကြတဲ့  ဆရာ/ဆရာမတွေ၊ ပြည်
သူ၀န်ထမ်းတွေ၊ဘော်လံတီယာတွေ၊  ဆရာ၀န်/ဆရာမ
တွေ  PDFလို့ပြောလိုက်တာနဲ့  ရွံစရာတွေလို့  မြင်နေ
တဲ့  သာမာန်ပြည်သူတွေ၊  မိမိကျောင်းမှာ မနေရဲတော့
သတင်းမသုံးရဲတော့ပဲ  PDFကို  ကြောက်ရလို့ရှောင်
နေကြတဲ့  သံဃာတော်တွေ၊   ရာဇ၀တ်ဘေးရှောင်နေ
ရတဲ့  CDM၀န်ထမ်းတွေ  လူမျိုးစုံဟာ  ၀မ်းသာကြ
မှာဖြစ်သလို   မင်းတို့လေးတွေဟာလည်း  မိဘ/ဇနီး
သားမယားတွေနဲ့ အတူပြန်လာပြီး  နိုင်ငံရေးကိုနိုင်ငံ
ရေးနည်းနဲ့သာ  ဖြေရှင်းဖို့  အခွင့်အရေးတွေက  မ​ေ၀း
တဲ့လက်တစ်ကမ်းမှာပဲရှိတာမို့  ဟင်္သာကိုးသောင်း
ပျက်ကိန်းကို  မရွေးချယ်ပဲ   တပ်မတော်ကိုအသေအ
ကျေတိုက်ခဲ့ကြတဲ့  အလံဖြူ/အလံနီတွေလိုသာ အမျိုး
သားရေးအတွက်သာကြည့်ပါလို့  အကြံပေးချင်မိပါ
တယ်ကွာ၊  စစ်ဆိုတာ  ကြာလေနှစ်ဖက်တပ်တွေနာ
ကျည်းလေ  ပါပဲ၊  နှစ်ဖက်စလုံးက သေကြေနေကြတဲ့
စစ်ပွဲတွေအစား  ငြိမ်းချမ်းရေးလမ်းဖြစ်တဲ့ တွေ့ဆုံ
ဆွေးနွေးရေးလမ်းစဥ်ဖြစ်တဲ့  စစ်ပွဲအစား  စားပွဲတွေစီ
ရောက်နိုင်ကြပါစေကွာ။

အိုက်ဖီလုံ
မိုင်းတုံမြို့၊ဟွေအော၊ ၀တောင်ပိုင်း။
၉၊၁၊၂၀၂၄။

Post a Comment

Previous Post Next Post