မ..အ ကြပါနဲ့တော့

ရှမ်းမြောက်မှာ ညီနောင်သုံးဖော်ဆိုပြီး မြန်မာနဲ့သွေးရင်း၊ မြန်မာစာတတ်၊ မြန်မာစကားပြောတတ်ပြီး ယဉ်ကျေးမှုမကွဲပြားတဲ့ AA၊ TNLA တို့ MNDAA တို့စတဲ့ မြန်မာစကားမပြော၊ မြန်မာငွေမသုံး၊ မြန်မာတို့ထုံးနဲ့လုံးဝမနီးစပ်တဲ့သူတွေနဲ့ပူးပေါင်းပြီး ညီနောင်သုံးဖော်‌ဆိုပြီး မြန်မာ့တပ်မတော်ကို တိုက်တယ်။
-
အဲ့အထဲမှာ ... ပြည်သူ့ကာကွယ်ရေးတပ်လို့အမည်ခေါ်တဲ့ PDF (မြန်မာလူငယ်အများစု)ကပါ .. လက်တွဲပြီး
တိုက်တယ်။
-
ဘယ်သူပဲရှုံးရှုံး၊ ဘယ်သူပဲနိုင်နိုင်.. သေဆုံးသွားတဲ့လူတွေဟာ မြန်မာတိုင်းရင်းသားအများစုမို့ ကြည့်ရင်း ရင်နာရတယ်။
-
အခု..မြန်မာ့တပ်မတော်က စခန်းတွေဆုတ်ခွာလို့ ရှမ်းမြောက်တစ်ခုလုံး ညီနောင်သုံးဖော်က သိမ်းပိုက်လိုက်ပါပြီတဲ့ ... ဘယ်အစိတ်အပိုင်းမှာ၊ ဘယ်နေရာမှာ
"ချင်းအမျိုးသားအလံ ထောင်ခဲ့ရလဲ"
"ရခိုင်အမျိုးသားအလံ ထောင်ခဲ့ရလဲ"
"PDF အလံ ထောင်ခဲ့ရလဲ"
ကျွန်မ မြင်တာတော့.. MNDAA နဲ့ TNLA အလံတွေကြီးပဲ။
-
မြန်မာပြည်က ပြည်သူတွေအတွက် တော်လှန်ရေးလုပ်တာပါဆို... အခု..အဲ့နယ်မှာ.. ဗမာမလာရ၊ မြန်မာစကား ပြောသူမဝင်ရ၊ မြန်မာပိုက်ဆံမသုံးရ။ မြန်မာတို့ကိုးကွယ်တဲ့ ဘာသာတရားတွေကို ဖျက်စီးကြ။
မြန်မာတစ်မျိုးသားလုံးကို ကိုယ်စားပြုခဲ့တဲ့..ကိုယ်စားပြုထားတဲ့..
"မြန်မာနိုင်ငံတော်အလံ" ကို နင်းချေပစ်လိုက်ကြပြီလေ။
-
အခုထိ..ဝမ်းသာအားရ ရှိနေကြတုန်းလား။
ဝမ်းနည်းစရာ သိပ်ကောင်းပါတယ်။
အသင်းအဖွဲ့ချင်း။
အဖွဲ့အစည်းချင်း။
လူပုဂ္ဂိုလ်ချင်း။
အမုန်းတရားတွေနဲ့...အချင်းချင်း tတ်နေကြရုံနဲ့..
ကျွန်မ တို့အားလုံး လိုချင်ကြတဲ့
"ခေတ်မီပြီး ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံ‌တော်ကြီး"
ရမှာတဲ့လား။
-
မြန်မာအချင်းချင်း တစ်ယောက်နဲ့တစ်ယောက် အပြစ်တင်လို့ မပြီးနိုင်။ tတ်လို့ မပြီးနိုင်သေးခင်မှာပဲ ရှင်တို့/ ကျွန်မတို့ လုံးဝနားမလည်တဲ့ ဘာသာစကားတွေနဲ့... ရှင်တို့/ကျွန်မတို့ကို လုံးဝမှ ကိုယ်စားမပြုတဲ့အလံတွေ
ထောင်သွားကြပြီလေ။
-
ဖြစ်ဖြစ်သမျှ...ရောဂါဘေး ၊ ရေဘေး ၊ သဘာဝဘေးတွေ..
-
အရေးကြီးရင် သွေးနီးခဲ့ကြတာတွေမှာ... မြန်မာပြည်ထဲက..မြန်မာတိုင်းရင်းသားစစ်စစ်တွေကလွဲပြီး.. ဘယ်သူက ရှေ့ဆုံးကနေ ကူညီမှာတဲ့လဲ။
-
သတ္တိတွေတအားရှိကြတဲ့..မြန်မာ(တိုင်းရင်းသားအားလုံး)
တိုက်မဲ့တိုက်..သူစိမ်းတွေကို တိုက်ကြစမ်းပါ။
မ..အ ကြပါနဲ့တော့။

ယဉ်မင်း(ပန်းတောင်း)

Post a Comment

Previous Post Next Post