" စည်းရိုး" သည် ခွေး မတိုးရန် အတွက်တည်း။



" စည်းရိုး" သည် 
ခွေး မတိုးရန် 
အတွက်တည်း။

ကမ်းရိုး"သည် 
ရေ မတိုးရန် 
အတွက်တည်း။

မျိုးရိုး"သည် 
မျိုးခြား သွေးမတိုးရန် 
အတွက်တည်း။

မြေသည် ရေနှင့် 
မျိုးချင်းမတူ
မြေကား ငြိမ်၏
ရေကား လှုပ်ကစား၏။ 

သို့ဖြစ်ရာ
အငြိမ်နေ မြေများ 
ရေတိုက်စား မခံရရန် 
ကမ်းရိုးတန်းခေါ် 
ရိုး"တားထားရသည်။

သည့်အတူ
တရားစောင့်သော လူနှင့် 
တရားမဲ့သော 
တိရိစ္ဆာန် မျိုးများ၊ 

အယူမှန် လူမျိုးနှင့် 
အယူမှားသော 
လူမျိုးချင်းများတို့၌လည်း 

ရိုးတားခြင်းကား 
ထားရ စ မွဲ သာ။ 
မထားက" 
မတရားမျိုး ခိုးစားခံမည် 
ဖြစ်ခြင်းကြောင့်။

ထိုသို့ မျိုးချင်းချိုး 
ခိုးမစားရန် ရိုးခံထားရာ၌

လူတို့သည် 
သန္ဓေပေး သွေးရှိ 
ထုံးဓာတ်ကပင် 
အရိုးကို ဖြစ်စေကြရာ 

ရိုးသည် 
မျိုး၏ သင်္ကေတပင်။ 

ထိုရိုးသည် 
မျိုးအတွက် အဓိကကျသော 
ပုံပြနိမိတ်ပင်။ 

သို့ကြောင့်
သွေး သန့်၊ မသန့် 
ရိုးကိုလျှင် ခန့်ကြည့်သိနိုင်၏။

ဗီဇဉာဉ် စင်၊ မစင် 
ရိုးကိုလျှင် ဉာဏ်ဝင်ကြည့် 
သိနိုင်၏။

အကယ်တိတိ
ကိုယ့်အမျိုး ကိုယ် 
ချစ်မြတ်နိုးခြင်း ကင်းမဲ့စွာ 

သူတကာ သန္ဓေပေးသွေး မှေး၍ငြိ 
အထည့် ခံလိုက်တော့ပါမူ 

ထနောင်းကျည်းပေါင်းရွက် 
ထနောင်းရွက်နှင့် 
မည်သို့မျှ မဆက်ပမာ

ဤမျိုးရိုးက မွေးသော်မှ 
ဤရိုးသွေးကား မဟုတ်သေးပြီ။ 

ဟိုမျိုးက ပေးသော်မှ 
ဟိုရိုးသွေးလည်း မဟုတ်သေးပြီ။

ရိုးကိုကျော် ပေါ်ရာရေ 
ဖော်စားခံရသော မြေကမ်းပါးပမာ

ရေနောက်ပါ မြေသား 
ရေခေါ်ရန်လည်း အခက်သား၊ 
မြေဆိုရန်လည်း အခက်သား။

🙏🙏🙏
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး

Post a Comment

Previous Post Next Post