❝ စစ်ပွဲတွေရဲ့ လားရား .....❞



၁။  စစ်ပွဲတပွဲလို့ ခေါင်းစဉ်တပ်မယ်ဆိုရင်တော့ လက်နက်ကိုင်ပြီး တိုက်ရတဲ့ တိုက်ပွဲတွေမှာ သရေဆိုတာ လုံးဝ မရှိဘဲ အနိုင်နဲ့ အရှုံးဆိုတာပဲ သေချာပေါက် ရှိတတ် တာမျိုးပါ။ ဆုံးရှုံးမှုဆိုတဲ့ အထဲမှာလည်း အမျိုးမျိုးရှိနေသေးတာဖြစ်လို့.... လူဦးရေ ဆုံးရှုံးသွားတာလား။ လက်နက်တွေဆုံးရှုံးရတာလား။ ကုန်ကုန်ပြောရရင် အချုပ်အခြာ ဆုံးရှုံးသွားတာလား ဆိုတဲ့ ခေါင်းစဉ်အမျိုးမျိုးလည်း ရှိနေပါသေးတယ်။ ဒါပေမဲ့ နိုင်ငံရေး လမ်းကြောင်းမှာဆိုရင်တော့ အနိုင်နဲ့ အရှုံးဆိုတာ ကွဲကွဲပြားပြား ဖြစ်မနေတော့ပါဘူး။ နောက်ဆုံးသွားရာ လမ်းကြောင်းက ဆွေးနွေးမှုကနေ အခြေခံတဲ့ “အပေးအယူ”နဲ့ပဲ ပြီးဆုံးသွားလေ့ရှိတတ်ကြပါတယ်။ ဥပမာ မင်ဒဲလားရဲ့ တောင်အာဖရိက တော်လှန်ရေးတို့၊ အမေရိကန်ရဲ့ လူဖြူ၊ လူမဲ ဆန့် ကျင်ရေးတို့ စသဖြင့်ပေါ့။   
----------
၂။  ရုရှား-ယူကရိန်းစဖြစ်တော့ ကိုယ်စိတ်ဝင်စားမိတဲ့အပိုင်းက ရုရှားဘက်က ခေါင်းစဉ်တပ်တဲ့ စစ်ပွဲရဲ့ အဓိက အာဘော်ကိုပါပဲ။ နိုင်ငံတကာအနေနဲ့ ယူကရိန်းနိုင်ငံကို ရုရှားရဲ့ ကျူးကျော်စစ်လို့ ဆွဲယူရေးသားနေကြပေမယ့်  ရုရှားဘက်က ချဉ်းကပ်တဲ့ အယူအဆကတော့ “သီးသန့်စစ်ဆင်ရေး”တစ်ခုထက် မပိုခဲ့ပါဘူး။ ဒါက ယူဆချက် သပ်သပ်ပါ။ တနိုင်ငံလုံးသိမ်းယူခဲ့ပေမယ့် အကျိုးမရှိတဲ့ လုပ်ရပ်မျိုးကို အာဖဂန်မှာ အမေရိကန်က နမူနာလုပ်ပြပြီးသွားချိန်မှာ ရုရှားဘက်က အိမ်စာကောင်းကောင်း လုပ်သွားတယ်လို့ပဲ မြင်ပါတယ်။ ယူကရိန်းက နေတိုးအဖွဲ့အစည်းထဲ ဝင်ရောက်ခွင့် ရလိုတယ်။ နေတိုးဘက်ကလည်း ရုရှားထိန်းချုပ်ရေးအတွက် လိုလိုလားလား ရှိနေတယ်။ ဒီလိုအခြေအနေမျိုးမှာ ရှေ့ဆက်တိုးရင် ရုရှားနဲ့ ထိပ်တိုက်တွေ့မှာသိသိနဲ့ ယူကရိန်းကို Proxy Base   ခံပြီး အနောက်အုပ်စုနဲ့ ရုရှား စစ်ကစား ခဲ့ကြတယ်။ နှစ်နဲ့ချီပြီး ဖြစ်နေတဲ့ စစ်ပွဲမှာ ဘယ်သူအထိနာသလဲလို့ မေးရင် ... ယူကရိန်းပြည်သူတွေက ပိုပြီး အထိနာပါတယ်။ စစ်ပွဲကြောင့် အိုးအိမ်တွေမဲ့ရတယ်။ အသက်တွေပေးရတယ်။ နောက်ဆုံး ခရိုင်းမီးယားကိုလည်း ပြန်မယူနိုင်တော့သလို နယ်မြေ(၄)ခုကိုပါ ပဏ္ဍာဆက် ပေးလိုက်ကြ ရပြီ။ ဒါက ဇလန်စကီးရဲ့ ဆုံးဖြတ်ချက်အမှားတွေပါပဲ။ အမေရိကန်သာ ကျောထောက် နောက်ခံပေးရင် စစ်ဖြစ်ရဲတယ်ဆိုတဲ့ အတွေးဟာ အမေရိကန်ရဲ့ “ရွေးကောက်ပွဲ အခန်းကဏ္ဍ”ကို မေ့လျော့ထားပုံပဲ။
--------
၃။  ခု မြန်မာမှာ ဖြစ်နေတဲ့ စစ်ပွဲတွေရဲ့ အဓိက အခြေခံ အကြောင်းတရားကလည်း ရုရှားနဲ့ နီးကပ်သွားတဲ့ အစိုးရရယ်၊ တရုတ်ကြောထောက်နောက်ခံပြုတဲ့ မြောက်ပိုင်းအဖွဲ့တွေ ရယ်....။ အမေရိကန် အထောက်အပံ့နဲ့ ရပ်တည်နေတဲ့ NUG နဲ့ PDF အဖွဲ့ဆိုပြီး (၃)ပိုင်း ကွဲပါတယ်။ တရုတ်ဘက်ကကြည့်ရင် လိုအပ်ရင် လိုအပ်သလို  မြန်မာပြည်ရဲ့ဗဟိုအစိုးရနဲ့ သူ့နိုင်ငံကြားမှာ နယ်မြေပထဝီအရ Proxy Base ခံချင်ပုံပါပဲ။ တဖက်မှာ ဘီလီယံနဲ့ချီပြီး ကုန်ကျမဲ့ ကျောက်ဖြူစီမံကိန်းလိုမျိုးကို စစ်ပွဲတွေ ဒီလောက်ဖြစ်နေတဲ့ကြားထဲက အကောင်အထည် ဖော်နေပုံထောက်ရင်.... ဒီမြောက်ပိုင်း အဖွဲ့တွေဆိုတာ “ငါဘယ်ချိန် ငြိမ်းငြိမ်း ငြိမ်းလို့ရတဲ့ မီး”လို့ ယူဆထားပုံပါပဲ။   ခုန ရုရှား-ယူကရိန်းစစ်ကို ထည့်ပြောရတဲ့ အကြောင်းအရင်းက ဒီအချက်ကို တွေးမိလို့ပါပဲ။
--------
၄။  ပြည်သူတွေကဘက်ကကြည့်ရင် Unseen Factor တွေမမြင်ရတော့ မြင်နေရတဲ့ အပိုင်းကိုပဲ ပြောမှာပါပဲ။ အိုးအိမ်ပစ်ပြီး ဘယ်သူကမှတော့ မပြေးချင်ပါဘူး။ တသက်လုံး ရှာဖွေ စုဆောင်းလာတဲ့ အရာတွေကို စစ်ပွဲကြောင့်တော့ အပျက်အစီးခံလိုမယ် မထင်ပါဘူး။ ခက်တာက... အိမ်နီးချင်း မကောင်းရင် ကိုယ်ပိုင်ဆိုင်တဲ့မြေကိုရောင်းပြီး ထွက်ပြေးလို့လည်း မရဘူး။ အမေရိကန် ရဲ့ Anti-China ပေါ်လစီကို ပြည်သူတွေကပါ လိုက်ပါစီးမျောသွားရင် တရုတ်အနေနဲ့ ကစားရပိုကြပ်ကုန်ပါလိမ့်မယ်။ ဒီအနေအထား ရောက်အောင်လည်း ကိုယ်ဘက်က ဖန်တီးသင့်သလို မြောက်ပိုင်းလက်နက်ကိုင် တပ်ဖွဲ့ တွေကို တရုတ်ကိုင်ကစားလို့ရတယ်ဆိုပေမဲ့ မြောက်ပိုင်းလက်နက်ကိုင်တွေ အားလုံးက ပြည်သူကို  ရာနှုန်းပြည့် ကိုယ်စားပြုတာမျိုးမဟုတ်ဘူးဆိုတာ သတိပေးသင့်တာမျိုးပေါ့။
--------
၅။ သေချာတာကတော့ တပ်မတော်သားတွေဆိုတာ ဘယ်အစိုးရ ပြောင်းပြောင်း သူ့မူလတာဝန်တွေကို ကျေပြွန်အောင် ထမ်းဆောင်နေကြရဦးမှာပဲ။ အခြေခံ ဥပဒေမှာ ပါတဲ့ တပ်မတော်အခန်းကဏ္ဍတွေထဲက ပုဒ်မ ၃၄၀ မျိုးကိုလည်း အကောင်အထည် ဖော်သင့် ဖော်ရမှာပါပဲ။ ကိုယ်တွေ နိုင်ငံကို တရုတ်က မျိုးစုံဖိအားပေးလိုက်၊ အမေရိကန်က စစ်ပွဲအတွက် ဘတ်ဂျက်တောင်းပြီး Proxy War ကစားလိုက် လုပ်နေတဲ့ အနေအထားမှာ ဒီပြည်သူတွေမှ မညီညွှတ်ရင်....၊ ဒီတပ်မတော်ကိုမှ ထောက်ခံအားပေးမှုမရှိရင်...မျက်စိ အောက်မှာပဲ ခဏတွင်း ပျက်စီးသွားတဲ့ မြို့ရွာတွေကို ခုထက်ပိုပြီး မြင်တွေ့လာရဖို့ပဲ ရှိနေပါလိမ့်မယ်။

(နရီမိုး)

Post a Comment

Previous Post Next Post