ဆွေမျိုးပေါက်ဖေါ်အလံဖြူထောင်ထားခြင်း


တရုတ်နိုင်ငံထုတ်တဲ့China to day မဂ္ဂဇင်းမျက်နှာဖုံးပုံပါ။


မန္တလေးနန်းတော်မြို့ရိုးပြသာဒ်ကအရိပ်ဟာ
ကျုံးထဲမှာတရုတ်ပြသာဒ်အဆောက်အဦးပုံရိပ်အဖြစ်ပေါ်နေဟန်ပါ။
အဓိပ်ပါယျကဘာပါလဲ?
မြန်မာဟာတရုတ်ရဲ့ပုံရိပ်လား?
မြန်မာဟာတရုတ်အပိုင်တရုတ်လက်အောက်ခံ....
ဒီလိုလား။

ဆွေမျိုးပေါက်ဖေါ်တရုတ်ကြီးကတော့
မြန်မာအစိုးရနဲ့စစ်တပ်ကိုပုန်ကန်တိုက်ခိုက်နေတဲ့
မြန်မာတိုင်းရင်းသားအမည်ခံလူမျိုးစုသူပုန်တွေကို
တရုတ် လေယာဥ်ပစ်လက်နက်တွေ
တရုတ်ထုတ်လက်နက်တွေ
တရုတ်ထုတ်ဒရုံးတွေ
တရုတ်ထုတ်ဗုံးသီးခဲယမ်းဒုံးတွေ....
ဖေါဖေါသီသီပေါပေါပဲပဲရောင်းချပေးနေတာပါ။


သို့ပေမဲ့လဲမြန်မာအစိုးရနစကကြီးကတော့...
မန္တလေးနန်းတွင်းပြသာဒ်ကြီးလိုတရုတ်အရိပ်လွမ်းမိုးပြီးဆွေမျိုးပေါက်ဖေါ်ငယ်ကျွနိအဖြစ်စိတ်ထဲက
ပိုင်းဖြတ်ခံယူထားဟန်တူပါတယ်။ဘာမှမပြောရဲ
မကန့်ကွက်ရဲ...မသိမမြင်ချင်ယောင်ဆောင်ပြီး
တရုတ်ကိုအလံဖြူထောင်ပြထားသလိုပါဘဲ။
တရုတ်ကရှင်းရှင်းလေးပါဆွေမျိုးပေါက်ဖေါ်ဆိုပြီးကျောသတ်ပေးထားလေတော့...နစကကြီး
အလံဖြူလေးထောင်ပြထားရတော့ပေါ့။
အကန်တွေရေးနေတာမဟုတ်ပါဘူးDiplomacyအရေးမှာ
မှာနားရွက်မခတ်အမြီးမနန့်ရဲ
လောက်အောင်ကိုတရုတ်လုပ်သမျှခံနေတဲ့...
နစကကြီးရဲ့နိုင်ငံခြားရေးမူဝါဒဟာ....
တခုခုတော့မှားနေပြီချို့ယွင်းအားနည်းချက်ရှိနေပြီဆိုတာပြည်သူလူထုနလဘိန်းဒုံးတယောက်အနေနဲ့
တွေ့မြင်မိလို့ပါ။
မြန်မာပြည်သူလူထုတစ်ရပ်လုံးတရုတ်ဩဇာခံဖြစ်သွားရငိတော့မြန်မာပြည်ငြိမ်းချမ်းအေးချမ်းသွားမယ်ထင်ပါသဗျာ။

Post a Comment

Previous Post Next Post