တရုတ်နဂါးကြီးလွတ်လာပြီနှင့်အနောက်ဖက်သို့ခရီးသွားခြင်း


နပိုလီယံပြောတဲ့အိပ်နေတဲ့တရုတ်နဂါးကြီးကတော့နိုးထလူးလွန့်လှုပ်ရှားပြနေပြီးအနောက်ဖက်ကိုခရီးသွားခြင်းစတင်လာဟန်တူပါတယ်။
တယုတ်ကြီးကတော့ဘာဘူကြီးထဲထိ
ဝင်မွှေဝင်မွှေ့နေပြီ။
တရုတ်နဲ့အိန္ဒိယနယ်စပ်ပြဿနာတက်နေတဲ့
အူတာပရာဒတ်ချ်ပြည်နယ်ဆိုတာ...တရုတ်သိမ်းထားတဲ့တိဗက်ပြည်နယ်ရဲ့တောင်ဘက်နဲ့ဆက်နေတယ်။


ဗြိသျှလက်ထက်ကရေးဆွဲထားတဲ့မက်မဟွန်းမျဥ်း(
ဗြိတိသျှပညာရှင်)ကိုတရုတ်ကလက်မခံအသိအမှတ်မပြုပါ။၁၉၆၂မှာတရုတ်အိန္ဒိယနယ်စပ်စစ်ဖြစ်ကြသေးတယ်။အိန္ဒိယပြည်နယ်အူတာပရာဒတ်ချ်ထဲကတိဗက်နဲ့ထိစပ်နေတဲ့နယ်မြေအချို့ကိုတရုတ်ကသူပိုင်တယ်ဆိုပြီးယနေ့ထိအငြင်းပွားနှစ်ဖက်တပ်တွေရင်ဆိုင်ထားတယ်။နှစ်ဖက်တပ်တွေပြသနာလည်းမကြာခနဖြစ်တယ်။နောက်ဆုံးတရုတ်မှာကျင်းပခဲ့တဲ့အာရှအားကစားပွဲတော်မှာအိန္ဒိယပြည်အူတာပရာဒတ်ချ်ပြည်နယ်ကအားကစားသမားတွေကိုတရုတ်ပြည်ဝင်ခွင့်ငြင်းပယ်ခဲ့လို့အိန္ဒိယနဲ့အခြေအတင်ဖြစ်ကြတဲ့အထိတရုတ်ကယုတ်တယ်။



အိန္ဒိယရဲ့အရှေ့မြောက်ဘက်မြန်မာနဲ့ထိစပ်နေတဲ့
အိန္ဒိယပြည်နယ်တွေဖြစ်တဲ့အာသံမဏိပူရအူတာပရာဒတ်ချ်မီဇိုရမ်နာဂလန်းစတဲ့ပြည်နယ်တွေဟာအိန္ဒိယပြည်မကြီးနဲ့ဝေးလံခေါင်သီပြီးတသီးတခြားတည်ရှိသလိုဖြစ်နေတယ်။
နူကလီးယားပိုင်ဆိုင်ပြီးကမ္ဘာ့လူဦးရေအများဆုံးတရုတ်နဲ့အိန္ဒိယအကြားအားပြိုင်မှုမှာအိန္ဒိယအရေှ့မြောက်ပြည်နယ်တွေဟာကိုးကွယ်တဲ့ဘာသာမတူဘာသာစကားမတူယဥ်ကျေးမှုမတူတဲ့ဖွ့ံဖြိုးမှုနောက်ကျတဲ့လူမျိုးစုတွေစုပေါင်းဖြစ်တည်နေပြီးမကြာခဏလူမျိုးရေးဘာသာရေးပဋိပက္ခတွေနယ်မြေခွဲထွက်ရေးစစ်ရေးလှုပ်ရှားမှုတွေဖြစ်လေ့ရှိတဲ့မတည်ငြိမ်တဲ့ဒေသ။
တရုတ်နဲ့အိန္ဒိယနယ်စပ်ပြသနာတက်နေတဲ့တိဗက်တောင်ပိုင်းဒေသကိုတရုတ်ရဲ့စစ်အင်အားတွေအတွက်လိုအပ်တဲ့ခဲယမ်းရိက္ခာလူအင်အားအုပ်ချုပ်ထောက်ပ့ံမှုဆောင်ရွက်ရာမှာပေသောင်းကျော်မြင့်တဲ့တောင်တန်းဒေသကြီးတွေဖြစ်တဲ့အတွက်တရုတ်
ထောက်ပ့ံရေးလမ်းကြောင်းစစ်ချီလမ်းကြောင်းအလွန်ခက်ခဲနှောင့်နှေးတယ်။
ဒီအတွက်တရုတ်ဟာအိန္ဒိယနဲ့စစ်ဖြစ်လာရင်...မြန်မာပြည်မြောက်ပိုင်းကိုဖြတ်ကလေးတမူးမိုရေးလမ်းကြောင်းနဲ့ယခင်လီဒိုလမ်းဟောင်းတွေဟာ
အနီးဆုံးနဲ့အလွယ်ကူဆုံးစစ်ရေးလမ်းကြောင်းတွေ
အဖြစ်ပုံဖေါ်ထားတယ်။သို့သော်ယခုကာလတော့ကုန်သွယ်ရေးလမ်းကြောင်းပေါ့။လီဒိုလမ်းကိုအဆင့်၁အဝေးပြေးလမ်းမကြီးအဖြစ်တရုတ်လုပ်ပိုင်ခွင့်ရပြီး၂၀၁၇လောက်ကတည်းကစတင်နေတာဖြစ်ပါတယ်။လီဒိုလမ်းဆိုတာမြန်မာစစ်သူကြီးဦးစတို့စစ်သူကြီးမဟာနေမျိုးသူရကျော်ထင်အနော်ရထာတို့စစ်ချီခဲ့တဲ့လမ်းအူကြောင်းကိုဗြိသျှစစ်တပ်ကအိန္ဒိယအထိစစ်ချီလမ်းကြောင်းအဖြစ်ဒုတိယကမ္ဘာ
စစ်အတွင်းကဗိုလ်ချုပ်စတီးဝဲလ်ဦးစီးဖေါက်ခဲ့တဲ့လမ်း။
ထို့အတူဘဲတရုတ်ဟာမြန်မာအနောက်မြောက်အိန္ဒိယအရှေ့မြောက်ပြည်နယ်(ညီအမခုနှစ်ဖေါ်လို့လဲခေါ်တယ်)တွေကိုတရုတ်ဩဇာလွမ်းမိုးနိုင်ရေး
စတင်ကြိုးပမ်းနေတဲ့သဘောထိုပြည်နယ်တွေမှာ
လူမျိုးရေးပဋိပက္ခတွေခွဲထွက်ရေးစစ်ရေးကြိုးပမ်းမှုတွေပြင်းပြင်းထန်ထန်ခတ်စိတ်စိတ်ဖြစ်ပေါ်လာနေပါတယ်။ခွဲထွက်ရေးလှုပ်ရှားတဲ့လူမျိုးစုလက်နက်ကိုင်တွေမှာအ့ံအားသင့်စရာကောင်းလောက်အောင်တရုတ်ထုတ်ခေတ်မှီလက်နက်ကြီးလက်နက်ငယ်တွေကိုင်စွဲနေကြတာပါ။
္အိန္ဒိယအရှေ့​​ေ ​ြမ​ာက်ပြည်နယ်တွေမှာခွဲထွက်ရေးလူမျိုးစုလက်နက်ကိုင်သောင်းကျန်းမှုအရှိန်အဟုန်ပြင်းထန်လာပြီးမတည်မငြိမ်ဖြစ်လာမဲ့အနေအထားအထိတရုတ်ဩဇာတည်ဆောက်ထားနိုင်ရင် အကယ်၍တရုတ်အိန္ဒိယစစ်ဖြစ်ခဲ့ရင်မြန်မာပြည်မြောက်ပိုင်းကဖြတ်ပြီးအိန္ဒိယအရှေ့မြောက်နယ်တွေထဲအထိတရုတ်တပိတွေအလွယ်တကူဝင်ရောက်ခြေကုပ်ယူလို့ရမယ်ဆိုတဲ့စစ်ရေးမဟာဗျူဟာအမြင်ရှိနေပြီဆိုတဲ့သဘောလို့ယူဆရနိုင်ပါတယ်။
အဲ်ဒါကြောင့်မြန်မာအိန္ဒိယကုလားတန်မြစ်ဘက်စုံစီမံကိန်းဆိုတဲ့လမ်း ကြောင်းကတဆင့်အိိန္ဒိယတပ်တွေအိန္ဒိယအရှေ့မြောက်ဒေသကိုတပ်အင်အားမပို့နိုင်ရေးအတွက်မြန်မာပြည်ရခိုင်နယ်AAရခိုင်လူမျိုးစုသူပုန်တွေကိုငွေကြေးလက်နက်ခဲယမ်းနည်းပညာအစစအရာရာအကူအညီပေးမြန်မာအစိုးရကိုတိုက်ခိုက်စစ်ပွဲဖန်တီးစေကာရခိုင်မြောက်ပိုင်းကုလားတန်မြစ်ရိုးတလျောက်ထိန်းချုပ်စေပြီးအိန္ဒိယရဲ့ကုလားတန်မြစ်လမ်းကြောင်းကိုလုံးဝဖျက်ဆီးနေတာပါ။ဒါကိုဘုရင်ရူးရူးနေတဲ့တရုတ်လီးစုတ်တရုတ်လက်သတ်မွေးထားတဲ့ရခိုင်ထွန်းမြတ်နိုင်တို့လူတစုကရခိုင်လူမျိုးရေးအစွန်းရောက်
စိတ်မြောက်ပင့်ပေးပြီးရက္ခိတနိုင်ငံထူထောင်ရေးဆိုတဲ့လုံးဝမဖြစ်နိုင်တဲ့နဲ့စိတ်ကူးယဥ်အိမ်မက်ကိုချပေးပြီး၎င်းတို့လူတစုချမ်းသာရေးရခိုင်တမျိုးသားလုံးကိုတရုတ်အကျိုးစီးပွားတရုတ်လိုအင်ဆန္ဒအတွက်
ရူးရူးမိုက်မိုက်အသက်အသေခံရခိုင်မိသားစုတွေဘဝပျက်ခံ အသုံးချနေစေခြင်းသာဖြစ်ပါတယ်။ယခုရခိုင်ပြည်နယ်မြောက်ပိုင်းဟာလုံးဝပျက်စီးသလောက်ရှိနေပါပြီ။ဒီစစ်ပွဲကိုရခိုင်တွေဘယ်ကာလအထိဆက်တိုက်နိုင်မှာလဲရခိုင်လူထုမှာစားစရာရိက္ခာကုစရာဆေးဝါးမရှိတော့ရင်ရခိုင်လူထုသာနစ်နာပါလိမ့်မယ်ပျက်သုဥ်းပါလိမ့်မယ်။

Post a Comment

Previous Post Next Post