ဗမာတွေ ရှုံးတဲ့ပွဲ


တော်လှန်ရေး တော်လှန်ရေး ဆိုပြီး ကြွေးကြော်ပြီ
တိုက်ခဲ့ကြတာက ဗမာတွေပါ။ဒါပေမဲ့ တကယ်တမ်း နယ်မြေရသွား
ခဲ့တာက တရုတ်စကားပြောပြီ တရုတ်ငွေသုံးကာ တရုတ်စာရေးနေတဲ့
လူအုပ်စုကြီး ဖြစ်နေလည်း ဗမာတွေ က နာရကောင်းမှန်းမသိပါဘူး။
အခုထိတော့ ဗမာPDF တွေ သိမ်းထားတဲ့ မြို့ တစ်မြို့
မှ မတွေ့သေးပါဘူး။ကောလင်း တောင် KIA က သူဦးဆောင်ပြီး
တိုက်လို့ ဆိုပြီး ကောလင်းဘဏ် က ရတဲ့ ငွေတွေ အကုန်ယူသွားသတဲ့။
ကောလင်း က KIA အောက်က အုပ်ချုပ်ရေးကိုဆောင်ရွက်ရတယ်လို့
ဆိုပါတယ်။

စစ်ဆိုတာ အရှူံး အနိုင်တော့ ရှိကြစမြဲပါ။ ဒါပေမဲ့ အရှူံးနဲ့ အနိုင်
ကတော့ ဘက်တစ်ဘက်စီမှာ အသွင်မတူဘဲ ရှိနေကြဖို့တော့ လိုတာပေါ့။
အခုမြန်မာပြည်မှာ ဖြစ်နေတာက ဒီလို မဟုတ်ဘူး။ ဗမာတွေကပဲ
ရှူံးတဲ့သူရော နိုင်တဲ့သူရော အသွင်မကွဲဘဲ လူမျိုးတစ်မျိုးတည်း
နှစ်ဖက်ခွဲပြီး ချနေကြလို့ ဒီစစ်ပွဲ မှာ ဗမာတွေ အကြီးအကျယ်ရှူံးကြပါတယ်။
ဗမာတွေ ရှူံးတော့ ဗမာတွေ အများစုနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံတော်
ရှူံးရတာပေါ့။

ဗမာတွေ ရှူံးဖို့ အတွက် ဗမာတွေ ကိုယ်တိုင်အားပေးခဲ့တယ်။
ထောက်ခံခဲ့တယ်။ကူညီခဲ့တယ်၊ အသက်ပေးခဲ့တာတွေ ကလည်း
တစ်ချိန်မှာ သမိုင်းအမည်းစက် ဖြင့် ကျန်ခဲ့ကြအုံးမှာပါ။
ရင်နာစရာလည်း ကောင်းပါတယ်။

တပ်က ရှူံးရင် ငါတို့ နိုင်တယ်ထင်နေတဲ့ ဗမာတွေကြောင့်
တရုတ်စကားပြော၊ တရုတ်စာရေး ပြီးတရုတ်ငွေသုံးနေတဲ့ ကိုးကန့်က
သူသိမ်းပိုက်ထားတဲ့ ဒေသ ကို သူ့စိတ်ကြိုက်အုပ်ချုပ်မယ်လို့
ကြေငြာလိုက်ပါပြီ။ နာရမှန်း မသိတဲ့ ဗမာတွေကြောင့် လည်း EAOs
တွေက တဆင့် ပြီး တဆင့် ဂျင်းထည့် လာလိုက်တာ အခုဆိုရင်
ဗမာ ဟာ လူမျိုးရော တိုင်းပြည်ပါ ပျောက်ရမယ့် ကိန်းဆိုက်နေပါပြီ။

ဝါဒရေးရာကြောင့် ဗမာတွေ ဟာ အစိမ်း နဲ့ အနီ ဆိုပြီးကွဲသွားကြပေမဲ့
အလွန်အကျွံဖြစ်သင့်သလား ဆိုတာ ကိုတော့ စဉ်းစားကြဖို့ လိုပါတယ်။
တစ်ဖက် နဲ့ တစ်ဖက် အမြစ်ဖြတ်ကြဖို့ စဉ်းစားပြီး တိုက်ခိုက်နေကြပေမဲ့
မဖြတ်နိုင်လို့ပဲ မြို့ ရွာ တွေ ပျက်ပြီး ပြည်သူလူထု တွေ အတိဒုက္ခ
ရောက်နေကြတာ သိဖို့ တော့ လိုပါတယ်။

အညံ့ဆုံး ဗမာတွေ ရှင်သန်နေတဲ့ ဒီခေတ်ဒီစစ်ပွဲ တွေ မှာ ဗမာတွေ ဟာ
အမြဲရှူံးစေရမယ့် ဆိုတဲ့  အမြတ်ထုတ်နေကြတဲ့ ပုံစံ ကလည်း ပြည်ပ
နိုင်ငံတွေ နဲ့ EAOs တွေ ရဲ့ နှစ်ပေါင်းများစွာကြံစည်ခဲ့ကြတဲ့
မဟာဗျူဟာ တစ်ရပ်လည်းဖြစ်နေနိုင်ပါတယ်။

အခုတော့ အားလုံးမြင်ခဲ့ကြတဲ့ အတိုင်းပါပဲ။

MNDAA ခေါင်းဆောင် ဖုန်တာရွှင် က သူသိမ်းပိုက်ထားတဲ့
နယ်မြေမှာ ခေတ်မီထူထောင်မယ်၊ ပါတီစနစ်နဲ့ အခြေခံ ဥပဒေသစ်ဖြင့်
အုပ်ချုပ်မယ်လို့ ကြေငြာတယ်။ဘယ်မှာ NUG နဲ့ ဗမာငညံ့ တွေ
မျှော်လင့်သလို ဒီမိုကရေစီ တို့ စစ်အာဏာရှင် ဖြုတ်ချရေးတို့ ဆိုတဲ့
အသံတွေ တစ်ခွန်းတောင် ဟ သေးရဲ့လား။မြန်မာ့အလံ ကို မြေချပြီး
သူတို့ အလံတင်လိုက်တယ်။ဗမာ မှန်သမျှ သူတို့ နယ်မှာ မနေရဆိုတဲ့
ခေါင်းစဉ် နဲ့ လိုက်မောင်းထုတ်လို့ ကြုံရာကားနဲ့ ပြန်လာကြတဲ့
ဗမာ တစ်ယောက်မူဗီကို လည်း ဗမာတွေ ကြည့်ပြီးလောက်ပြီထင်ပါတယ်။

ဒီခေတ် ဗမာတွေ ဘာကြောင့် ဒီလောက်ညံ့သွားရသလဲ လို့
စဉ်းစားမရ ဖြစ်မိတယ်။

တပ် က ရှူံးရင် ဗမာတွေ ရှူံးတာ ၊ နိုင်ငံတော် ရှူံးတာလောက်တော့
တွေးထား သိထားသင့် ပါတယ်။ဒီလို မတွေး ၊ မသိတဲ့ ဗမာPDF
တွေကြောင့်လည်း MNDAA နဲ့ TNLA တွေ နယ်မြေသိမ်းပိုက် နိုင်ဖို့ PDF ၃၅၀၀ လောက် သေခဲ့ရတယ်လို့ ဆရာမိုးတင့် ရေးထားတဲ့
ဆောင်းပါးတစ်ပုဒ်မှာ ဖတ်လိုက်ရတယ်။

ဒါကြောင့် PDF လည်း ဗမာတွေ ဖြစ်လို့ ဗမာက ရှူံးတာပဲ။
နယ်မြေတွေ စွန့်လွှတ် ပေးလိုက်ရပြီ ဆိုရင်လည်း ဗမာတွေ ရှူံးတာ
နိုင်ငံ ရှူံးတာ ဆိုတာလောက်တောင် ဥာဏ်မှီသင့်ပါတယ်။

အနောက်တိုင်းပညာရှင်တစ်ယောက်ကပြောဖူးတယ်။

စစ်တိုက်တယ် ဆိုတာ ရည်ရွယ်ချက် ၂ ချက် ရှိတယ်တဲ့။

ပထမ အချက်က
လူတွေဟာ လက်ရှိဘဝ ၊ လက်ရှိအခြေအနေ
ကနေ ယုတ်လျော့မသွားဖို့ အတွက် တိုက်ကြတာတဲ့။

ဒုတိယ အချက်က
လူတွေဟာ လက်ရှိဘဝ ၊ လက်ရှိအခြေအနေ
ထက် တိုးတက်မြင့်မားလာစေဖို့ တိုက်ကြတာတဲ့။

အဲဒီတော့ ကိုရွှေဗမာ များကို ပြောချင်တာကစစ်သာ တိုက်နေရ
သေနေရတာ၊ခေတ်အဆက်ဆက်က ဗမာဘုရင်တွေ ပိုင်ဆိုင်
ခဲ့တဲ့ နယ်မြေတွေ စွန့်လွှတ်လိုက်ရပြီ ဆိုရင် လက်ရှိဘဝ
လက်ရှိအခြေအနေထက်ယုတ် လျော့သွားတာ ဖြစ်လို့ ဒီစစ်ပွဲ မှာ
ဗမာတွေ ရှူံးတယ် ဆိုတာ ကို တော့ သိထားကြဖို့ လိုတယ်။

သမိုင်းမှာ ဗမာလူမျိုးတွေ အများကြီးရှိပါလျက်၊ ဗမာတွေ
ကိုယ်တိုင်စစ်တိုက်ပေးနေ ပါလျက်နဲ့ ဗမာပိုင်နက် နယ်မြေ
တွေ လက်လွှတ်လိုက်ရတယ် ဆိုတဲ့ အမည်းစက်ကြီး ကတော့
ဘယ်လိုမှ ဖျောက်ဖျက်လို့ ရမှာ မဟုတ်ပါဘူး။

ဗမာတွေ အသိဝင်စေချင်ပါပြီ။

Crd:အောင်နိုင်သူ(ဇွဲကပင်)(6.1.24)
Admin(တောင်ပေါ်သား)

1 Comments

Post a Comment

Previous Post Next Post