တအာင်းလက်နက်ကိုင်အဖွဲ့ပြောရေးဆိုခွင့်ရှိသူ၏ ပြောစကားနှင့်ပတ်သက်ပြီး တရုတ်အစိုးရ ပြန်လည်တုံ့ပြန်


မြန်မာနိုင်ငံမြောက်ပိုင်းတွင်ဖြစ်ပွားနေသည့် ပဋိက္ခများနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံ၏ရပ်တည်ချက်သဘော ထားသည် အလွန်ရှင်းလင်းကြောင်း၊ မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အခိုင်မာအားပေးထောက်ခံပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများ နှင့်ပတ်သက်ပြီး မည့်သည့် အဖွဲ့အစည်းကိုမှ ကူညီထောက်ပံ့ပေးခြင်းမျိုး မရှိကြောင်း တရုတ်အစိုးရကထုတ်ဖော်ပြောဆိုလိုက်သည်။

တအာင်းလက်နက်ကိုင်အဖွဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ၎င်းတို့သည် မြန်မာတပ်မတော်စခန်းများကို မတိုက် ခိုက်မီ တရုတ်နိုင်ငံ နှင့် ဆက်သွယ်ဆောင်ရွက်ခဲ့ပြီး တရုတ်နိုင်ငံ၏ အစီစဉ်ဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ တရုတ်အစိုးရက တိုက်ခိုက်မည့် အစီအစဉ်ကို လျှို့ဝှက်ထားရန် သဘောတူညီခဲ့သည်ဟု ပြောဆိုခဲ့ကြောင်း NHK သတင်းဌာနကဖော်ပြခဲ့ဖူးသည်။

ထို့ကြောင့် ဒီဇင်ဘာလ ၂၉ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် NHK သတင်းဌာနသည် တအာင်းလက် နက်ကိုင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပြောဆိုချက်များနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာအိုနင်ကို မေးမြန်းခဲ့ကြောင်းသိရသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာအိုနင်က " မြန်မာနိုင်ငံမြောက်ပိုင်းပဋိပက္ခတွေနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့ရပ်တည်ချက်သဘောထားကရှင်းလင်းပါတယ်။ မြောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကိုအားပေးထောက်ခံပြီး လက်နက်ကိုင်ပဋိပက္ခတွေမှာ ပါဝင်နေတဲ့ဘယ်အဖွဲ့အစည်းကိုမှ အားပေးထောက်ခံတာမျိုးမရှိဘူး။ အပစ် ခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေဟာ မြန်မာနိုင်ငံရှိ သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့အကျိုးစီးပွားတွေကို ဖော်ဆောင်ပေးမှာပါ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ အပစ်ခတ်ရပ်စဲရေးဆွေးနွေးမှုတွေက တရုတ်-မြန်မာနယ် စပ်ဒေသတည်ငြိမ်ရေး၊ ငြိမ်ချမ်းရေးအတွက် အထောက် အကူဖြစ်စေမှာပါ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေကြားမြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီးသက်ဆိုင်ရာ အဖွဲ့အစည်းတွေဟာ အမြင့်ဆုံးသည်းခံချုပ်တည်းဖို့၊ မြေပြင်တိုက်ခိုက်မှုအခြေအနေများကို လျော့ချဖို့ နဲ့ မြန်မာနိုင်ငံမြောက်ပိုင်း အခြေအနေတည်ငြိမ်အေးချမ်းစေဖို့ အတူတကွလုပ်ဆောင်ရမှာဖြစ်တယ်"ဟု ပြောသည်။

မြန်မာနိုင်ငံမြောက်ပိုင်းတွင် တအာင်းလက်နက်ကိုင်အဖွဲ့၊ ရခိုင်လက်နက်ကိုင်အဖွဲ့ နှင့် ကိုးကန့်လက်နက် ကိုင်အဖွဲ့တို့ ပူးပေါင်းပြီး တိုက်ခိုက်မှုများကြောင့် မြန်မာနိုင်ငံတဝှမ်းတွင်နေရပ်စွန့်ခွာရသူအရေအတွက် မြင့်တက်လာခဲ့ပြီး အဆိုပါတိုက်ပွဲများကြောင့် နိုင်ငံတဝှမ်းတွင်နေရပ်စွန့်ခွာရသူအနည်းဆုံး (၆)သိန်း ကျော်တိုးလာခဲ့ကြောင်း ကုလသမဂ္ဂအဖွဲ့က ဖော်ပြထားသည်။

Post a Comment

Previous Post Next Post