လွိုင်ကော်မြို့ဖျက် မာဝီ


မာဝီသည် ဖယ်ခုံ-မိုးဗြဲကြား ခေါင်မိုင်းရွာသားတစ်ဦး ဖြစ်ပြီး ယောင်ခြောက်ဆယ် ဘဝဖြင့် ကယန်းလက်နက်ကိုင်များမြှောက်ပေးမှုကြောင့် အကြမ်းဖက်သမားဖြစ်လာတယ်။ ၎င်း၏မိခင်(အင်းသူ)၊ ဖခင်(ဗမာ) တို့မှ ဆင်းသက်လာသည့် ကပြားတစ်ဦးဖြစ်တယ်။ အလုပ်အကိုင်မရှိဘဲ NGO တွင် လုပ်ကိုင်ရင်း ၂၀၂၁ ခုနှစ်အာဏာထိန်းချိန် ဆန္ဒပြပွဲ၌ ဝေဝေလေလေပါဝင်ခဲ့ပြီး KNDF အကြမ်းဖက်အဖွဲ့သို့ ဝင်ရောက်ခဲ့ကာ အကြမ်းဖက် သမားများ၏နည်းလမ်းအတိုင်း နောက်ဆုံးကျန်တဲ့ကောင် ခေါင်းဆောင်ဆိုပြီး KNDF ၏ ဒုစစ်ဦးစီးချုပ်ဖြစ်လာတယ်။

၎င်းအဖွဲ့အစည်းကို လွိုင်ကော်မြို့၏ စီးပွားရေးသမားများက ထောက်ပံ့ပေးထား သော်လည်း တော်လှန်ရေးဗန်းပြပြီး လွိုင်ကော်မြို့အား တစ်စစီဖြစ်အောင် ရည်ရွယ်ချက် ရှိရှိဖြင့် မီးရှို့ခြင်း၊ ပြည်သူများအားသတ်ဖြတ်ခြင်း၊ အစိုးရ၏အုပ်ချုပ်မှုယန္တရားလည်ပတ် မှုအား ဖျက်ဆီးခဲ့သောကြောင့် လွိုင်ကော်မြို့သည် တိုးတက်မှုမရှိဘဲ ပျက်စီးခြင်းဘက်သို့ ရောက်ခဲ့တယ်။

မာဝီဆိုသူသည် လွိုင်ကော်မြို့ခံမဟုတ်ဘဲ လွိုင်ကော်မြို့အား ပျက်စီးရာ ပျက်စီးကြောင်း ရည်ရွယ်ချက်ဖြင့် ဖျက်ဆီးနေသူဖြစ်တယ်။ ၎င်း၏အကြမ်းဖက်မှု များကြောင့် လွိုင်ကော် မြို့၏ နှစ်တစ်နှစ်ရဲ့ဒီဇင်ဘာခရစ္စမတ် ပျက်စီးခဲ့ရတယ်။

၎င်းအကြမ်းအဖက်အဖွဲ့များကြောင့် ခရစ္စယာန်အများစုနေထိုင်သော လွိုင်ကော် ဒေသ၏ ခရစ္စမတ်ပွဲတော်ကို ဝမ်းနည်းဖွယ်ကောင်းစွာ မကျင်းပနိုင်ခဲ့။ ဘာကြောင့်လဲ ဆိုတော့ KNDF အကြမ်းဖက်များက လွိုင်ကော်ဒေသမှာ မြို့သိမ်းတိုက်ပွဲခေါင်းစဉ်ဖြင့် မြို့ဖျက်စစ်ပွဲတွေဖန်တီးခဲ့တာကြောင့် ... လွိုင်ကော်မြို့လေးဟာ စစ်တလင်းဖြစ်ခဲ့ရပြီး ပြည်သူပိုင် အိုးအိမ်စည်းစိမ်တွေ ပျက်စီးဆုံးရှုံးခဲ့ရသလို ဒေသခံပြည်သူတွေကလည်း စစ်ဘေးရှောင်ဘဝကို ရောက်ခဲ့ရတယ်။

ဒီလိုမျိုးအဖျက်လုပ်ရပ်များကြောင့် ခရစ္စယာန်တွေရဲ့ လူအခွင့်အရေးရပိုင်ခွင့်တွေဟာ ဆုံးရှုံးခဲ့ရတယ်။ ၎င်းအဖွဲ့အားထောက်ပံ့ပေးသည့် စီးပွားရေးလုပ်ငန်းရှင်များမှာလည်း ဘဝပျက်ပြီး စစ်ဘေးရှောင်ဘဝသို့ ရောက်ခဲ့ရသည်။ အဖျက်သမား အစွန်းရောက်သူများ၏ လုပ်ရက်ဖြစ်သည်ကို . ပြည်သူများအနေဖြင့် . အမှားအမှန်ခွဲခြား၍ သေချာစဉ်းစားဖို့ လိုတယ်။

Post a Comment

Previous Post Next Post