မုန်တိုင်းကိုမမူ အံတုလေသော်


အရှေ့မြောက်မှ ကျူးကျော်သူအရေးပင် မပြီးသေးခင်မှာပင် အနောက်ခြမ်းမှ လက်နက်ကိုင်များကား မြို့များကို အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

အရှေ့ပိုင်းတိုင်း ကယားဘက်ခြမ်းမှာလဲ ဖယ်ခုံ ဒေသကို သည်းကြီးမည်းကြီး တိုက်စစ်ဆင်လျက်ရှိသည်။

အရှေ့တောင်ဘက်ခြမ်း ကရင်ဘက်မှာလဲ ခွဲထွက်မည် လှီးထုတ်မည်ဆိုသည့် အသံတွေ ညံလာလေပြီ။

တပ်မတော် ၏ စစ်မီးဝိုင်းနေမှုကို အကြောင်းပြုလျက် ပြည်ထောင်စုကြီး ကို အစိတ်စိတ် အမြွှာမြွှာခွဲဖို့ လုပ်လာကြချေပြီ။

၁၉၄၈ ခုနှစ် တိုင်းပြည်ကနုနု မုန်တိုင်းက ထန်ထန် ကာလ ကို သမိုင်းတစ်ပတ် ပြန်လည်နေသည်လားတောင်မှတ်ရသည်။

တိုင်းပြည်အရေးကြုံတိုင်း တပ်မတော်သည် ရဲရဲဝံ့ဝံ့ ရပ်တည်ခဲ့သလို ခုလည်း ရှေ့ဆုံးမှ ကြံ့ကြံ့ခံတာဝန်ယူရဦးမည်ဖြစ်သည်။

နိုင်ငံတော်ကို စုစည်းခဲ့သော ဘိုးဘွားများအတွက် ယနေ့ မြန်မာလူငယ်တွေ စည်းလုံးကြဖို့ အချိန်တန်ပါပြီ ဟု တင်ပြအပ်ပါသည်။

မိမိတို့ ညီအစ်ကိုချင်း ရန်ဖြစ်နေမှုကို ခေတ္တ ရပ်နားပြီး အိမ်ကြီးထဲမှ ခွဲထွက်ဖို့လုပ်နေသည့် လူများရန်မှ ကာကွယ်ကြပါစို့။

စုဆောင်းရေးသို့ ရောက်ရှိ နာမည်စာရင်းပေရသူများရှိသဖြင့် အားတက်ရပါသည်။

အငြိမ်းစားယူသွားသည့် စစ်သည်ဟောင်းများမှာလဲ အသင့်ရှိကြပါသည်။

တပ်မတော်မှ အကြောင်းအမျိုးမျိုးကြောင့် ခွင့်မဲ့ ပျက်ကွက်ဖြစ်ခဲ့သည့် အရာရှိ/စစ်သည် များမှာလဲ သက်ဆိုင်ရာ နောက်ဆုံးတာဝန်ကျခဲ့သည့် တပ်ကို ပြန်လည်သတင်းပို့နေကြသည်ဟု ကြားသိရပါသည်။

တပ်မတော်အကြီးအကဲခင်ဗျာ ……..
ခွင့်မဲ့ပျက်ကွက်ဖြစ်ခဲ့သည့် အရာရှိ/စစ်သည် များအား ပြန်လည် တာဝန်ပေးနိုင်ရေးအတွက် ဆောင်ရွက်ပေးပါရန်တင်ပြအပ်ပါသည်ခင်ဗျာ

“မုန်တိုင်းကိုမမူ အံကိုတုမည့်
နိုင်ငံတော်လူမိုက် အလိုရှိသည်
တရားသောစစ်အောင်ရမည်”

မင်းထက်ကျော်ဇော

Post a Comment

Previous Post Next Post